Published
Thursday, March 25, 2021
ရန်ကုန်မြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ရှမ်းနီတိုင်းရင်းသူတစ်ဦး လွှတ်မြောက်
စမ်းချောင်းမြို့နယ် လားရှိုးရှမ်းခေါက်ဆွဲဆိုင်အတွင်း မတ်လ ၃ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးမှုကြောင့် ရှမ်းနီတိုင်းရင်းသူ တစ်ဦး အပါအဝင် ကျောင်းသူ/သားအဖျားစု ဖမ်းဆီးခံခဲ့ရပြီး ယနေ့ ပြန်လည်လွှတ်မြောက်လာခဲ့သည်။
ဖမ်းဆီးခံရသည့် ရှမ်းနီတိုင်းရင်းသူ နန်းထွေးနုငယ်သည် ရန်ကုန် တိုင်းရင်းဆေးအပတ်စဉ်(၁၃) တွင် ပညာဆည်းပူးပြီးစ ကျောင်းသူတစ်ဦးလည်းဖြစ်သည်။
ယနေ့ အင်းစိန်ထောင်မှ ဖမ်းဆီးထားသူ ၆၂၈ ဦး ကို ပြန်လည်လွှတ်ပေးရာတွင် ၎င်းကပါဝင်ခဲ့ခြင်းဖြစ်သည်။