ဟားခါးမြို့တွင် သတင်းထောက်တစ်ဦးအပါအဝင် လူငယ်ငါးဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်မှုဖြစ်ပွား

ဟားခါးမြို့တွင် သတင်းထောက်တစ်ဦးအပါအဝင် လူငယ်ငါးဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်မှုဖြစ်ပွား

ချင်းပြည်နယ် ဟားခါးမြို့တွင် မတ် ၂၁ ရက်ညက သပိတ်ဆင်နွှဲပြီး အပြန်လမ်းတွင် သတင်းထောက်တစ်ဦးအပါအဝင် လူငယ်ငါးဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

 

ဟားခါးမြို့တွင် ယမန်နေ့ညက ဖယောင်းတိုင်းများထွန်းညှိကာ ညသပိတ်ဆန္ဒပြပြုလုပ်ခဲ့ကြပြီးနောက် အပြန်လမ်း စစ်ကောင်စီရုံးရှေ့ဗိုလ်ချုပ်လမ်းမကြီးအား ဖြတ်သန်းသွားလာသူများကို စစ်တပ်ကတားဆီးကာ ဖမ်းဆီးရိုက်နှက်ရာတွင် The Chinland Post သတင်းထောက်တစ်ဦးအပါအဝင် လူငယ်ငါးဦး ရိုက်နှက်ခံခဲ့ရသည်ဟု ဟားခါးဒေသခံတစ်ဦးကေပြာသည်။ 

 

“ကျွန်တော်တို့ သိထားတာက မနေ့ည က ၈ နာရီ လောက်ပြန်ကြတာ။ စစ်တပ်တွေဖက်က ပြည်နယ်အစိုးရရုံးရှေ့မှာ လမ်းကနေပြီး တားထားပြီးတော့ သူတို့ရဲ့လမ်းကာတဲ့ဟာနဲ့ကာပြီးတော့ လာသမျှကို အရိုက်ခံရတာ။ ဆိုင်ကယ်ပေါ်ကနေ ဆင်းတောင်မဆင်းခိုင်းဘဲ တခါတည်းလာရိုက်တာလို့ပြောတယ်။ ခေါင်းမှာဆိုတော့ သတိလစ်ပြီးတော့ ခေါင်းမှုးပြီး ပြန်ထလာတော့ သူအပါအဝင် ကျန်တဲ့လေးယောက်ရော နောက်ကနေလိုက်လာတဲ့သူကိုလည်း ဖမ်းတယ်။ အားလုံး ငါးယောက်ဖမ်းတာပေါ့၊ သတင်းထောက်ကိုတော့ နာမည်တွေတောင်းထားတယ်။ ဓာတ်ပုံတွေရိုက်တယ်” ဟု ဟားခါးဒေသခံကပြောသည်။ 

 

အဆိုပါဖမ်းဆီးရိုက်နှက်မှုကြောင့် ဟားခါးမြို့မှ လူငယ်အမြောက်အများ စစ်ကောင်စီရုံးရှေ့သို့ ရောက်ရှိလာကြပြီး ဖမ်းဆီးခံသတင်းထောက်နှင့် လူငယ်များအား ပြန်လွှတ်ပေးရန်တောင်းဆိုကာ စစ်ကောင်စီက ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းကဆက်ပြောသည်။ 

 

စစ်သားများ၏ ရိုက်နှက်မှုကြောင့် သတင်းထောက်နှင့် လူငယ်လေးဦးတို့သည် ဦးခေါင်း၊ ကျော၊ လက်ချောင်းကျိုး စသည့်ဒဏ်များရရှိခဲ့ကြကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...