ကယားပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်မှုတွင် ပထမဆုံးကျဆုံးသွားခဲ့သည့် ဦးကြံ့အောင် (ခ) ဦးရှမ်းပု၏ နောက်ဆုံခရီးကို မတ် ၂၁ ရက်ပြုလုပ်ခဲ့ရာ ဒေသခံထောင်ချီ လိုက်လံပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေထိုင်သူ ဦးကြံအောင် (ခ) ဦးရှမ်းပု၏ ရုပ်အလောင်းကို လွိုင်ကော်မြို့ လေးမိုင်သုဿာန်မှာ သဂြိုလ်ခဲ့ခြင်းဖြစ်သည်။
ကွယ်လွန်သူ ဦးကြံအောင် (ခ) ဦးရှမ်းပုသည် အသက် ၄၇ ခုနှစ်ရှိပြီဖြစ်ပြီး ဇနီးနှင့် သားသမီးသုံးဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။
မတ် ၁၉ ရက်က လွိုင်ကော်တွင်ပြုလုပ်ခဲ့သည့် စစ်အာဏာဆန့်ကျင်သည့်သပိတ်ကို ရဲနှင့်စစ်တပ်က အကြမ်းဖက်ဖြိုခွဲမှုကြောင့် သားဖွားဆရာမတစ်ဦးနှင့် ဦးကြံ့အောင် (ခ) ဦးရှမ်းပုတို့ကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်ပြီး သာဖွားဆရာမသည် ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့ခြင်းဖြစ်သော်လည်း ဦးကြံ့အောင် (ခ) ဦးရှမ်းပုသည် ဆီးခုံကို ကျည်ထိမှန်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်မှာဆိုရင် စစ်အာဏာဆန့်ကျင်ကြောင်း နေ့စဉ်ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
Published
Tuesday, March 23, 2021
ကယားတွင် ပထဆုံးကျဆုံးသွားသူနာရေးကို ဒေသခံထောင်ချီ လိုက်လံပို့ဆောင်