မြစ်ကြီးနားမြို့၊ မန္တလေးကျောင်းတိုက်က ဆရာတော်ပညာကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ (၂၅) ဖြင့် တရားစွဲတင်ခဲ့ပြီး အပြီးသတ် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးကို မတ် ၁၆ ရက် နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆရာတော်ကို ရဲအုပ်ကျော်ဇေယျက တရားလိုအဖြစ် မြစ်ကြီးနားမြို့နယ်တရားရုံးတွင် မတ် ၅ ရက်က တရားစွဲတင်ခဲ့ပြီးမတ် ၉ ရက်က ပထမကြိမ် မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
လာမည့် မတ်၂၃ ရက်နေ့တွင် တရားလိုရဲအုပ်ကျော်ဇေယျကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း စွပ်စွဲခံရသူ၏ရှေ့နေ ဦးသက်ထွန်းဦးကပြောသည်။
ဆရာတော်ကို ဆန္ဒပြသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၈ ရက်ညပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့အကျဉ်းထောင်တွင် အကျဉ်းချထားကြောင်း သိရသည်။
Published
Wednesday, March 17, 2021
မန္တလေးကျောင်းတိုက် ဆရာတော်အား သဘာ၀ဘေး/စီ ပုဒ်မ (၂၅) ဖြင့် တရားစွဲ