ချင်းပြည်နယ်အတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ၁၀ ဦးထက်မနည်း ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရ

ချင်းပြည်နယ်အတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ၁၀ ဦးထက်မနည်း ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရ

ချင်းပြည်နယ်ရှိ မြို့နယ်များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖော်ထုတ်ရာတွင် ပါဝင်သည့် သပိတ်ခေါင်းဆောင် ၁၀ ဦးထက်မနည်းကို ရာဇသတ်ကြီးပုုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။



 

မတူပီမြို့တွင် လွတ်တော်အမတ်အပါအဝင် ဆန္ဒပြရာတွင်ပါဝင်သူခြောက်ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ပြီး ၎င်းတို့၏ ဓာတ်ပုံများကို လူအသွားအလာများသော နေရာများတွင် ရဲနှင့်စစ်တပ်များက မတ် ၁၄ တွင် လိုက်လံကပ်ထားကြောင်း မြို့ခံတစ်ဦးကပြောသည်။

 

“လွှတ်တော်အမတ်ပါတယ်။ NLD ပါတီ ဥက္ကဌအပါအဝင် နောက်ထပ် လေးယောက်ကတော့ သပိတ်မှာ လှုပ်ရှားတဲ့သူတွေကို သူတို့က ဝရမ်းထုတ်တာ။ ဝရမ်းပြေးထုတ်ပြီးတော့ စာကပ်တာက မနေ့ကပဲကပ်တာ။ ဒါပေမယ့် ဖမ်းဖို့လုပ်တာကတော့ အရင်ကတည်းကလုပ်တာ။ စာမကပ်ခင်ကတည်းက ဖမ်းဖို့လိုက်ရှာနေကြတာ” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

 

မတူပီမြို့ ဖမ်းဝရမ်းထုတ်ခံရသူများတွင် ဦးပါထန်း၊ ဦးအောင်ထန်း၊ ဆရာမ ဒေါ်လှမေ၊ ဦးရန်ပိုင်ဖြိုး၊ ဒေါ်ချိုချိုဇင်မာညွှန့်နှင့် ဦးမြတ်မင်းတို့ဖြစ်ကြောင်းသိရသည်။

 

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း ဆန္ဒပြဦးဆောင်သူ ငါးဦးကိုလည်း ပုဒ်မ ၅၀၅ (က) ဖြင့် မတ် ၁၃ ရက်တွင် ဖမ်းဝရမ်းထုတ်ထားပြီး လူအသွားအလာများသော နေရာများတွင် ရဲနှင့်စစ်သားများက ၎င်းတို့၏ ဓာတ်ပုံများကို လိုက်ကပ်ထားသည်ဟု သိရသည်။

 

ဟားခါးမြို့ ဖမ်းဝရမ်းအထုတ်ခံရသူများမှာ Salai Ngun San Aung၊ Dr Biak Cung Lian၊ Salai Van Tin Lian၊ Salai Elishama နှင့် Ni Ceu တို့ဖြစ်ကြသည်။

 

အလားတူ ချင်းပြည်နယ် မင်းတပ်မြို့တွင်လည်း လူနှစ်ဦးကို ပုဒ်မ ၅၀၅ (ခ) သဘာဝဘေးစီမံဥပဒေဖြင့် အမှုဖွင့်ခံထားရပြီး ဖလမ်းမြို့တွင်လည်း ဆန္ဒပြလူငယ်ခေါင်းဆောင်နှစ်ဦးကို ပုဒ်မ ၅၀၅(က)၊ (ခ) ဖြင့် ဖမ်းဝရမ်းထုတ်ပြီး ယနေ့မနက်ပိုင်းတွင် ဓာတ်ပုံများကို လိုက်ကပ်ကြောင်း သိရသည်။

 

ဖလမ်းမြို့မှ ဖမ်းဝရမ်းထုတ်ခံရသူများမှာ လူငယ်အဖွဲ့ဥက္ကဌ ဗျက်လျန်ဆန်းနှင့် CNLD ပါတီ ဖလမ်းမြို့လူငယ်အတွင်းရေးမှုး ဒေးဗစ်နယူးတို့ဖြစ်ကြသည်။

 

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) သည် အာမခံပေးခွင့်မရှိသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် သုံးနှစ်အထိ ကျခံနိုင်ပြီး ငွေဒဏ်လည်း ကျခံနိုင်ကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...