ရှမ်းနီအမျိုးသားနေ့ကို ကြိုဆိုသောအားဖြင့် အင်းတော်ကြီးဒေသမှ လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ရှမ်းနီအမျိုးသားနေ့ကို ကြိုဆိုသောအားဖြင့် အင်းတော်ကြီးဒေသမှ လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ရှမ်းနီအမျိုးသားနေ့အား ကြိုဆိုသောအားဖြင့် အင်းတော်ကြီးဒေသမှ လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

မတ် ၁၃ ရက်သည် ရှမ်းနီတိုင်းရင်းသားတို့၏ ၄၉၄ ကြိမ်မြောက် ရှမ်းနီအမျိုးသားနေ့ဖြစ်ပြီး ရှမ်းနီလူမျိုးများနေထိုင်ရာဒေသများတွင် အခန်းအနားကျင်းပခဲ့ကြခြင်းဖြစ်သည်။

ရှမ်းနီအမျိုးသားနေ့ဆိုတော့ အထိန်းအမှတ်အနေနဲ့လုပ်ဖြစ်တာပါ အခုနိုင်င၍ံရေးအခြေအနေက တော်လှန်ရေးကာလလဲဖြစ်နေတာဆိုတော့ ရှမ်းနီအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ ရှမ်းနီလူငယ်အထွေထွေသပိတ်စစ်ကြောင်းအဖြစ်ပါ၀င် ဖြစ်တာဖြစ်ပါတယ်” ဟု ဦးဆောင်ဆန္ဒပြခဲ့သည့် လူငယ်တစ်ဦးကပြောသည်။

အဆိုပါ စစ်အာဏာရှင်တော်လှန်ရေး ရှမ်နီလူငယ်သပိတ်စစ်ကြောင်းကို အင်းတော်ကြီးဒေသ နမ့်မွန်းမြို့မှ ပူးပေါင်းပါ၀င်ခဲ့ခြင်းဖြစ်ပြီး နမ့်မွန်းမြို့အပါအ၀င် အနီးပတ်၀န်းကျင်မှ ၅ ရွာမှ ရှမ်းနီလူငယ်များမှ ပါ၀င်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရှမ်းနီလူငယ် ၅၀ ကျော်လောက်တော့ပါပါတယ်ဗျ နမ့်မွန်းမြို့အပါအ၀င် မိုင်နောင်၊ နမ့်ပတဲ့၊ ကုန်မန၊ ညောင်ပင် စတဲ့ ရွာတွေကလူငယ်တွေလဲပါ၀◌င်ပါတယ်ဗျ” ဟု ၄င်းကဆက်လက် ပြောကြားသည်။

အင်းတော်ကြီးဒေသတွင် တပ်မတော်က ရွေးကောက်ပွဲရလဒ်များကို လစ်လျူရှုကာ စစ်အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတ၀န်းတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိပြီး အုပ်ချုပ်ရေး၀န်ထမ်းများ ပညာရေး၀န်ထမ်းများ၊ သစ်တော၀န်ထမ်းများအပါအ၀င် ပုဂ္ဂလိက ၀န်ထမ်းများကလဲ စစ်အာဏာရှင်လက်အောက်တွင် တာ၀န်မထမ်းဆောင်နိုင်သောကြောင့် CDM ပြုလုပ်ကာ ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...