အာဏာသိမ်းစစ်ကောင်စီ၏ UEC က ရွေးကောက်ပွဲ ပြန်လည်ကျင်းပလျှင် မပြိုင်ဘူးပြောနေသောပါတီများ ဝင်ပြိုင်ကြလိမ့်မည်ဟု AFP ၏ ပြောရေးဆိုခွင့်ရှိသူဆို

အာဏာသိမ်းစစ်ကောင်စီ၏ UEC က ရွေးကောက်ပွဲ ပြန်လည်ကျင်းပလျှင် မပြိုင်ဘူးပြောနေသောပါတီများ ဝင်ပြိုင်ကြလိမ့်မည်ဟု AFP ၏ ပြောရေးဆိုခွင့်ရှိသူဆို
by -
ထွန်းခိုင် (နိရဥ္စရာ)

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကောမရှင် (UEC) က ရွေးကောက်ပွဲပြန်လည်ကျင်းပလျှင် ရခိုင့်ဦးဆောင်ပါတီ (AFP) အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

“ကျွန်တော်တို့ကတော့ ဝင်ပြိုင်သွားဖို့ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ UEC က ကျင်းပရင် ဝင်ပြိုင်သွားရဖို့ဖြစ်တယ်။ အခုကျတော့ မပြိုင်လို့ပြောနေတဲ့ ပါတီတွေကလည်း နောက်ဆုံးရွေးကောက်ပွဲကျလာရင် ဝင်ပြိုင်ကြမှာပဲ ” ဟုပြောသည်။

အဆိုပါ ကော်မရှင်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပါတီပေါင်း ၅၃ ပါတီက တက်ရောက်ခဲ့ရာတွင် ရခိုင်ပြည်နယ်တွင်ရှိသော အင်အင်းကြီးပါတီ သုံးခုအနက် ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့ တက်ရောက်ခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေဖြင့် တွေ့ဆုံပွဲသို့ တက်ရောက်ခြင်းမရှိသလို ယခု UEC မှ ရွေးကောက်ပွဲ ပြန်လည်ကျင်းပလျှင်လည်း ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြီးခဲ့သည့် ရက်ပိုင်းက ပြောဆိုထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...