Published
Wednesday, March 10, 2021
ကရင်ပြည်သူ့ပါတီ-KPP ကနေ ဗဟိုကော်မတီဝင်တစ်ယောက်အပါအဝင် မြို့နယ်အလုပ်အမှုဆောင် ၈ ယောက် ပါတီကနေနုတ်ထွက်
KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်နယ်မြေ တပ်မဟာ ၅ မှာ စစ်အာဏာရှင်ကျရှုံးရေးနဲ့ တပ်စခန်းပြန်ရုပ်သိမ်းရေးအတွက် ဖာပွန်၊ ကမမောင်းလမ်းမပေါ်မှာ လူထု ၁ သောင်းကျော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ကရင်ပြည်သူ့ပါတီ (KPP)ကနေ ဗဟိုကော်မတီဝင်တစ်ယောက်အပါအဝင် မြို့နယ်အလုပ်အမှုဆောင် (၈)ယောက် ပါတီကနေ နုတ်ထွက်သွားပါတယ်။
ပြည်မထဲက မြို့နယ်အသီးသီးမှာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဆန္ဒပြနေသလို ကရင်ပြည်နယ်တောင်ပေါ်ဒေသက ဌာနေပြည်သူလူထုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်နေကြပါတယ်။