ကချင်ပါတီများပေါင်းစည်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ခွဲထွက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပေါင်းစည်းပါတီဖြစ်သည့် ကချင်ပြည်နယ်ပြည်သူပါတီ KSPP သည် အာဏာသိမ်းစစ်ကောင်စီမှ ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC အသစ်မှဖိတ်ခေါ်သည့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည်။
UEC အသစ်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် KSPP ပါတီကို ကချင်ပြည်သူလူထုများက ဝေဖန်မှုအမျိုးမျိုး ရှိလာပြီးနောက်ပိုင်း ကချင်ဒီမို ကရက်တစ်ပါတီ KDP ပါတီအနေဖြင့် KSPP မှ နုတ်ထွက်ကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ၎င်း၏လက်မှတ်ဖြင့် တရားဝင် စာထုတ်ပြန်ခဲ့သည်။
KDP ပါတီ အနေဖြင့် KSPP ကနေ နုတ်ထွက်မှု၊ နုတ်ထွက်သွားပြီးနောက် KDP ပါတီအနေဖြင့် ဆက်လက်ရပ်တည်မှု၊ ရှေ့ဆက်နိုင်ငံရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင် မည့်အခြေအနေ များစသည်တို့နှင့် ပတ်သက်၍ KDP ပါတီ ခေါင်းဆောင် ဦးကွမ်ဂေါင်အောင်ခမ်းကို ယခုလို ဆက်သွယ်မေးမြန်း ဖြစ်ခဲ့ပါသည်။
မေး - KDP က KSPP ကနေ နှုတ်ထွက်သွားတယ်ဆိုတော့ ဘယ်လိုကြောင့် နှုတ်ထွက်သွားရတာလဲ။
ဦးကွမ်ဂေါင်အောင်ခမ်း - ကျွန်တော်တို့ KDP အနေနဲ့ KSPP မှာ လုပ်ဆောင်ချင်တဲ့ ဆန္ဒမရှိလို့ပါ။ တစ်ခြား ဘာကြောင့် ဟိုဟာကြောင့်မို့ ကျွန်တော်တို့ဆီမှာ ဘာမှမရှိပါဘူး။
မေး - ဆရာတို့အကုန်လုံးလား၊ တစ်ဦးတစ်ယောက်အနေနဲ့လား၊ ပါတီဝင်တွေအကုန်လုံး နုတ်ထွက်တာလား။
ဦးကွမ်ဂေါင်အောင်ခမ်း - ပါတီ တစ်ခုလုံး ကျွန်တော်တို့ KDP လို့ ညွှန်းထားပါတယ်။ ပါတီတစ်ခုလုံးပါ။
မေး - KSPP ပါတီထဲမှာ ပူးပေါင်းလုပ်ဆောင်ချင်စိတ်မရှိတော့ဘူးဆိုတာက ဘယ်လိုအကြောင်းအရာတွေကြောင့်လဲ။
ဦးကွမ်ဂေါင်အောင်ခမ်း - တစ်ခြားဘာမှ မရှိပါဘူး။ ပြည်သူလူထုနဲ့ ကျွန်တော်တို့ လက်တွဲပြီးမှ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ KSPP ထဲမှာ မပါရင်လည်း ကျွန်တော်တို့ လုပ်လို့ရတဲ့ အပိုင်းတွေ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း ပြည်သူလူထုနဲ့အတူတကွ လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီးမှ ကျွန်တော်တို့ ဒီကနေ နှုတ်ထွက်လာခြင်းဖြစ်ပါတယ်။
မေး - KSPP ပါတီဗဟိုကနေ အန်ကယ်တို့ကို တစ်ဖွဲ့လုံးကို နှုတ်ထွက်ခွင့်ပြုပြီလား။
ဦးကွမ်ဂေါင်အောင်ခမ်း - ဒါကတော့ သူတို့အပေါ်မှာပဲ မူတည်တာပဲ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဒီဟာတော့ ကျွန်တော်တို့ရဲ့ သဘောထားကိုတော့ တင်ပြပြီးပြီပဲ။ အဓိကကတော့ ကျွန်တော်တို့ KSPP ပါတီထဲရယ်လည်း မဟုတ်ပါဘူး။ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ကိုလည်း ကျွန်တော်တို့ မိတ္တုပို့ပြီးပါပြီ ဒါပြီးမှ ပေါင်းစည်းတဲ့ ၁၇ ကော်မတီဆီကိုလည်း ကျွန်တော်တို့ မိတ္တူ ပို့ပြီးပါပြီ သူတို့အနေနဲ့လည်း ဒီဟာကို ဆုံးဖြတ်ပါလိမ့်မယ်။
မေး - အကယ်၍ အန်ကယ်တို့ကို ထွက်ခွင့်မပြုဘူးဆိုရင်ရော ဆရာတို့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားမှာလဲ။
ဦးကွမ်ဂေါင်အောင်ခမ်း - ထွက်ခွင့်မပြုသလဲ ဆိုတာ ဘာဖြစ်လို့ မပြုသလဲဆိုတာ အကြောင်းအချက်တွေ ရှိလာမှာပါ။ ဒါက သူတို့ ကချင်အတိုင်ပင်ခံ အဖွဲ့ထဲမှာလည်း တာဝန်ရှိသလို KSPP ထဲမှာလည်း တာဝန်ရှိတယ်။ နောက်ပြီးမှ ပေါင်းစည်းရေး ကော်မတီ ၁၇ ဦးရဲ့ အပေါ်မှာလည်း တာဝန်ရှိပါတယ်။ ဒါကြောင့် အကုန်လုံး သူတို့ အနေနဲ့လည်း ပြန်ဆွေးနွေးပါလိမ့်မယ်။ ဒါမှမဟုတ်ရင် ထွက်ခွင့်ပြုတယ် မပြုဘူးဆိုတာ အပေါ်မှာလည်း ဒါက တော့ အားလုံးအပေါ်မှာ မူတည်တဲ့ အပိုင်းဖြစ်ပါတယ်။ ကျနော်အနေနဲ့တော့ ဒီဟာကိုတော့ ကျွန်တော်တို့ စိတ်ဆန္ဒရှိတဲ့ဟာကို ကျနော်တို့ သဘောထားတွေကိုတင်ပြခြင်းဖြစ်ပါတယ်။
မေး - အခုက KSPP ကနေ နှုတ်ထွက်သွားပြီဆိုတော့ အန်ကယ်တို့အနေနဲ့ ရှေ့ဆက်နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လက်လုပ်ဆောင်သွားဖို့ရှိသလဲ။
ဦးကွမ်ဂေါင်အောင်ခမ်း - ကျွန်တော်တို့ကတော့ အခု လက်ရှိ အခြေအနေမှာ သီးသန့်ပါတီဖွဲ့ဖို့ အစီအစဉ် ဒီဟာ မျိုးတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခုအချိန်မှာ ပြည်သူလူထုနဲ့အတူ လက်တွဲပြီးမှ ဆောင် ရွက်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ အဓိကကတော့ ပြည်သူလူထုနဲ့တစ်သားတည်း ဖြစ်ဖို့လိုတယ်။ စစ်အာဏာ ရှင်စနစ်ဟာ ကျွန်တော်တို့ ဘယ်တော့မှ လက်ခံဖို့ ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ ဒါကြောင့်လည်း စစ်အာဏာရှင်ဖြစ် တဲ့ အာဏာရှင်စနစ်ပေါ့နော ဒါမျိုးတွေက ရှိမယ်ဆိုရင် အနာဂတ်အတွက် မကောင်းပါဘူး။ ဒါကြောင့်မို့လည်း ဒီအာဏာရှင်စနစ်ဟာ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ နောက်တစ်ချက်ကတော့ ကျနော်တို့ဆီမှာ ဖက်ဒရယ် ဒီမိုကရေစီဆိတ်သုန်းနေပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး အတွက်ကို ကျွန်တော်တို့ လုပ် ဆောင်သွားမယ်။ တတိယအချက်ကတော့ တိုင်းရင်းသား ပြည်သူတွေ ကိုယ်ပိုင်ပြ ဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု ကြီးတည်ဆောက်ဖို့ အဓိက အဲဒီဟာကို ကျွန်တော်တို့ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ လုပ်ဆောင်မယ့်နေရာမှာ ကျွန်တော်တို့ ဒီဟာကို လုပ်ဆောင် ခွင့်ရှိဖို့ဆိုတာက ကျွန်တော်တို့ ဒီဟာတွေကို လုပ်သွားဖို့ လိုအပ်ပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ လုပ်သွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အနေနဲ့တော ပြည်သူလူထုနဲ့ တစ်သားတည်း ဖြစ်ဖို့လိုတယ် ဆိုတဲ့အပေါ်မှာပဲ မူတည်ပြီးမှ ကျွန်တော်တို့ ရှိနေပါတယ်။
မေး - အန်ကယ်တို့ ပါတီ အနေနဲ့က KDP အနေနဲ့ ဆက်လက်ရပ်တည်သွားမှာလား။ KDP အနေနဲ့ ဆက်လက်ရှိနေအုံးမှာလား။ ဘယ်လိုရှိသလဲ။
ဦးကွမ်ဂေါင်အောင်ခမ်း - KDP အနေနဲ့ ရှိမယ်၊ မရှိဘူးဆိုတာကို ကျွန်တော်တို့ မပြောလိုပါဘူး။ ဘာဖြစ်လို့လဲဆို တော့ အခုအချိန်မှာ KDP အနေနဲ့ ရှိနေလို့လည်း ဘာမှ ထူးခြားမှာ မဟုတ်ဘူး မရှိနေလို့လည်း ဘာမှ ထူး ခြားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အခုအချိန်မှာ စစ်တပ်ကနေ အာဏာသိမ်းနေတဲ့ အချိန်ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကိုတောင်မှ ဖျက်သိမ်းလိုက်ပြီပဲ ရှေ့အနာဂတ်ပါတီတွေရဲ့ အခြေအနေက ဘယ်လိုမျိုး ရေရေ ရာရာ ရှိတာမဟုတ်ဘူး။ အဲဒီဟာမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့တော့ ပါတီ ရှိတယ် မရှိဘူး ဆိုတာထက် ကျနော်တို့ ပါတီထဲက လူတွေကတော့ ဒီ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး၊ အာဏာရှင် စနစ် ဖျက်သိမ်းရေး၊ ဒါပြီးမှ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ၂၀၀၈ အခြေခံဥပဒေအရကတော့ ဘယ် လိုမှ သွားလို့ မရပါဘူး။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေကို ဒီဟာကတော့ မရှိသင့်တဲ့ တစ်ခုဖြစ်ပါတယ်။ အသစ်ရေးဆွဲပြီးတော့ အနာဂတ်ကို ငြိမ်းချမ်းတဲ့ နိုင်ငံတစ်ခုတည်ဆောက်ဖို့ လိုပါတယ်။ ဒါက ငြိမ်းချမ်းဖို့ တည်ဆောက်ဖို့ဆိုတာက အဓိကကတော့ ကျနော်တို့ ဟိုဟာဖြစ်ဖို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ လိုပါတယ်။ဒါကြောင့် တန်းတူရည်တူ ရှိတဲ့ နိုင်ငံတစ်ခု တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီဟာက တော့ ပြည်သူလူထုနဲ့ တစ်သားတည်း ဖြစ်ဖို့လိုတယ် ဆိုတဲ့ဟာမျိုးကို ကျွန်တော်ပြောလိုပါတယ်။