ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်)ပြုလုပ်သည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်လုံးကျွတ်ဆန္ဒထုတ်ဖော်ပွဲတွင် ပြည်သူ၄၀ကျော်ဖမ်းဆီးခံရကြောင်း သိရသည်။
အဆိုပါ သပိတ်စစ်ကြောင်းများကို နံနက် ၁၀ နာရီဝန်းကျင်၌ ရဲတပ်ဖွဲ့နှင့် စစ်သားများက စတင်ဖြိုခွဲခံ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ ဆန္ဒပြပွဲကို ဖားအံမြို့ ကမ်းနားညဈေး၊ ရေပေါ်ဈေး၊ အောင်သံလွင်ကွင်းအနောက် အောင်နန်း(၁) လမ်း ထိပ်၌ စုရုံးကြပြီးနောက် နံနက် ၉ နာရီတွင် စတင်ထွက်ခွာခဲ့ရာ ၁၀ နာရီဝန်းကျင်တွင် ကမ်းနားညဈေး၊ မြို့မရဲ စခန်းနှင့် နာရီစင်စသည့်နေရာတွင် မျက်ရည်ယိုဗုံးများနှင့် ရေကားများဖြင့် အင်အားသုံးဖြိုခွင်းမှုများခံရသည့်အ ပြင် သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုများလည်း ပြုလုပ်ခဲ့သည်။
အဆိုပါ ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိသလို ဖမ်းဆီးခံရသူ ၄၀ ဦးကျော် အများစုမှာ မိန်းကလေးများဖြစ်ကြပြီး ၎င်းတို့ကို တောင်ကလေးထောင်သို့ ပို့ဆောင်လိုက်သည်ဟု နီးစပ်သူများက ပြော ဆိုကြသည်။
ယနေ့ ဖားအံမြို့ ဆန္ဒထုတ်ဖော်သူများကို မျက်ရည်ယိုဗုံးနှင့် သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းမှုမှာ ပထမဆုံးအ ကြိမ်ဖြစ်ပြီး ယနေ့ ဖမ်းဆီးမှုတွင် အရပ်ဝတ်ဖြင့်ဖမ်းဆီးမှုများလည်းရှိသလို ယမန်နေ့ကလည်း ဖမ်းဆီးမှုများရှိ ခဲ့ကြောင်း သိရသည်။
Published
Sunday, February 28, 2021
ဖားအံမြို့ ဆန္ဒပြပွဲ အင်အားသုံးဖြိုခွင်းခံရပြီး လူ ၄၀ ဦးကျော် ဖမ်းဆီးခံရ