စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသော မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မိုးညှင်းခရိုင်ဒီချုပ် ဒု-ဥက္ကဌတို့ ပြန်လည်လွတ်မြောက်

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသော မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မိုးညှင်းခရိုင်ဒီချုပ် ဒု-ဥက္ကဌတို့ ပြန်လည်လွတ်မြောက်
by -
မွန်းမွန်းပန် (MNJ)

အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်နှင့် မိုးညှင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးလှဆောင်တို့ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။



 

၎င်းတို့နှစ်ဦးသည် စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၂၅ ရက်အကြာ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီ အချိန်ခန့်တွင် ၎င်းတို့ကို ထိန်းသိမ်းထားသည့် ၆၀၃ အမြောက်တပ်မှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းတို့ကို ပြန်လွှတ်ပေးခဲ့သဖြင့် စိတ်အေးချမ်းရာရပြီဖြစ်‌ကြောင်း ဦးမျိုးမျိုးကျော်၏ ဇနီးဖြစ်သူက ပြောသည်။ 

 

တပ်မတော် အာဏာသိမ်းသည့်နေ့မှစတင်ပြီး မိုးညှင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ဝန်းရံသူစုစုပေါင်း ၁၉ ယောက်ကိုထိန်းသိမ်းခဲ့ပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဦးမျိုးမျိုးကျော်နှင့် ဦးလှဆောင်တို့ကို ရက်ရှည်ထိန်းသိမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...