ချင်းပြည်နယ်ဝန်ကြီးငါးဦး ပြန်လည်လွှတ်ပေးခဲ့သော်လည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂၀ ကျော်ကို ဆက်လက်ဖမ်းဆီးထား

ချင်းပြည်နယ်ဝန်ကြီးငါးဦး ပြန်လည်လွှတ်ပေးခဲ့သော်လည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂၀ ကျော်ကို ဆက်လက်ဖမ်းဆီးထား

တပ်မတော်က အရပ်သားအစိုးရထံမှ ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းစဉ် ဖမ်းဆီးခံခဲ့ရသည့် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌအပါအဝင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးငါးဦးသည် ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) မနက်ပိုင်း ၈ နာရီ အချိန်တွင် ပြန်လည်လွတ်မြောက်လာပြီး လက်ရှိ ဝန်ကြီးအိမ်ယာတွင် နေအိမ်အကျယ်ချုပ်သဘောဖြင့်ထားရှိကြောင်း သိရသည်။

 

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ဒီနေ့မနက် ၈ နာရီပြန်ရောက်လာကြတာ အားလုံးငါးယောက်၊ ဝန်ကြီးအိမ်ယာမှာ နေကြရတယ်။ လောလောဆယ်က အားလုံးပါပဲ။ကျွန်တော်တို့ အပါအဝင် အိမ်ယာမှာပဲ အေးဆေးနေလို့ရတယ်။ အပြင်ထွက်ခွင့်တော့မပြုဘူး၊ ကိုယ့် အိမ်ထဲမှာပဲ လွတ်လွတ်လပ်လပ် နေလို့ရတယ်။ ပုံမှန်လေးပါပဲ။ ဖုန်းကိုင်ခွင့်မရှိတာပဲရှိတယ်။ သူတို့က ဘာမှလုပ်လို့ မရလောက်ဘူးထင်တယ်။ သတ်မှတ်ချက်တစ်ခုနဲ့နေရတယ်ဆိုတော့” ဟု ပြောသည်။

 

ယနေ့ပြန်လည်လွတ် မြောက်လာကြသူများမှာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ချင်းပြည်နယ်လွတ်တော်ဥက္ကဌ ဦးဇိုဘွဲ၊ ဒုတိယလွတ်တော်ဥက္ကဌ ဦးတိတ်ထန်း၊ ပြည်နယ်လူမှုဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား တို့ဖြစ်ကြသည်။

 

ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က စစ်အာဏာသိမ်းယူပြီးနောက် ချင်းပြည်နယ်တွင် ဖမ်းဆီးခံရသူ ၃၈ ဦးအထိရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်လည်း ချင်းလူမျိုးခြောက်ဦး ဖမ်းဆီးခံခဲ့ကြရသည်ဟု သိရသည်။  

 

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ချင်းပြည်နယ်အစိုးရအဖွဲ့၀န်ကြီးများ၊ လွှတ်တော်ဥက္ကဌများအားလုံး ပြန်လည်လွတ်မြောက်ပြီဆိုသော်လည်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာ၀န်ရှိသူ ၂၅ ဦးကိုမူ စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...