ရဲဝန်ထမ်းအပါအဝင် ဝန်ကြီးဌာနများမှဝန်ထမ်းများ CDM တွင် ပိုမိုပါတင်ပေးရေး ကယားပြည်သူများ တောင်းဆိုမှု ဆက်လက်လုပ်ဆောင်

ရဲဝန်ထမ်းအပါအဝင် ဝန်ကြီးဌာနများမှဝန်ထမ်းများ CDM တွင် ပိုမိုပါတင်ပေးရေး ကယားပြည်သူများ တောင်းဆိုမှု ဆက်လက်လုပ်ဆောင်
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်တွင် ရဲဝန်ထမ်းအပါအဝင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများ CDM ပါဝင်ပေးရန် ပြည်သူများက တောင်းဆိုမှုများ ဆက်လက်လုပ် ဆောင်နေကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ၁၀ရက်တွင် ရဲတပ်ဖွဲ့ဝင် ၄၀ ကျော်က CDM တွင် ပထမဦးဆုံး ပါဝင်ခဲ့ကြပြီး ၎င်းတို့၏ လုံခြုံရေးကို ကယားပြည်နယ်သပိတ်ကော်မတီက အပြည့်အဝ တာဝန်ယူထားပေးကြောင်း သိရသည်။

 

ကယားပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိသည့်အနက် လက်ရှိအချိန်ထိ CDM ပြုလုပ်သူ ၇၅ ဦးအထိ ရှိနေပြီဖြစ်သည်။

ထို့ပြင် CDM လုပ်ဆောင်နေသည့် ပြည်သူ့ဝန်ထမ်းများ အကူအညီလိုအပ်ပါက မည်သည့်အချိန်တွင်အဆို ဆက်သွယ်နိုင်ကြောင်း သပိတ်ကော်မတီမှ ကိုသိုက်က ပြောသည်။

“ကျွန်တော်တို့ဖက်က ဘာလုပ်ပေးနိုင်တယ်ဆိုရင် ရုံးတော့လုံးဝပြန်မတက်ဖို့ရန်အတွက် ပြောချင်တယ်။ တစ်ကယ်လို့ ခြိမ်းခြောက်လာတယ် ဖမ်းဆီးတာတွေလုပ်မယ် အလုပ်ထုတ်တာတို့လုပ်တယ် ဥပမာ-လိုင်းထဲ မှာ မနေရဘူး။ မင်းတို့ထွက် အဲ့လိုတို့ဆိုရင်တော့ ကျနော်တို့ဖက်က အဲ့ဒီ CDM ကိုကူညီပေးနေတဲ့သူတစ်ချို့နဲ့ ကျွန်တော်တို့ချိတ်ဆက်ပေးပြီးတော့ သူတို့နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ အဲ့လိုမျိုးတွေတော့ ကျနော်တို့လုပ် ပေးလို့ရတယ်။ သူတို့ခြိမ်းခြောက်တာကို နည်းနည်းနားမယောင်ဖို့နဲ့ မလန့်ဖို့ ရုံးပြန်မတက်မိဖို့ပဲလိုတယ်” ဟု ၎င်းကပြောသည်။

CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် မတရားခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးမှုမျိုးခံရပါက တရား ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ဖို့အတွက်လည်း ကူညီပေးဖို့အဆင်သင့်ရှိကြောင်း ရှေ့နေ ဦးစောခူးတလေ (ခ) ပိုးရယ် ကပြောသည်။

“ဥပဒေအပိုင်းကတော့ သူတို့တရားစွဲတာတွေ ဘာတွေရှိတယ်ဆိုရင်တော့ရတယ်။ ကျွန်တော်တို့လိုက်ပေးမယ်။ အဲ့အတွက်ကတော့ ကျွန်တော်ကလိုက်ပေးမယ်။ အခုလောလောဆယ် အနေအထားမှာက ဥပဒေအရက သူတို့တရားမဆွဲခင်အချိန်ထိတော့ ကျနော်တို့ကကူပေးဖို့သိပ်အဆင်မပြေဘူး အဲ့လိုမျိုးဖြစ်နေတယ်။ တစ်ကယ်လို့သူတို့တရားစွဲလာမယ်ဆိုရင်တော့ ကျနော်တို့လိုက်ပေးဖို့အဆင်သင့်ပဲ” ဟု ၎င်းက ပြောသည်။

ပြည်သူ့ဝန်ထမ်းများအနေဖြင့် အထက်မှဖိအားပေးလာတဲ့အရာများကို ကြောက်ရွံခြင်းမရှိပဲ မိမိတို့တိုက်ပွဲကိုသာ ပြည်သူများနှင့်အတူ ဆက်လက်ဆင်နွှဲမှသာလျှင် အရေးတော်ပုံအောင်မည်ဟု ဆိုသည်။

ကယားပြည်နယ်တွင် CDM လှုပ်ရှားမှုကြောင့် အခက်အခဲတစ်စုံတစ်ရာ ပေါ်လာသည်ဆိုပါက သပိတ်ကော်မတီ ၀၉ ၄၀၂၇၄၈၅၂၄ ကို ဆက်သွယ်နိုင်ပါကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...