မိုးညှင်းမြို့တွင် စစ်အာဏာရှင်ကန့်ကွက်ကြောင်း ဆန္ဒပြမှု၌ ပါဝင်သူလျော့ကျနေ

မိုးညှင်းမြို့တွင် စစ်အာဏာရှင်ကန့်ကွက်ကြောင်း ဆန္ဒပြမှု၌ ပါဝင်သူလျော့ကျနေ

ဖော်ဖော်ဝါရီ ၂၂ ရက်ကပြုလုပ်ခဲ့သော နှစ်ငါးလုံးပြည်လုံးကျွတ်သပိတ်တွင် မိုးညှင်းမြို့၌ ဒေသခံ သိန်းချီပါ၀င်ခဲ့ပြီးနောက် ဆန္ဒပြသူဦးရေ သိသိသာသာလျော့နည်းသွားကြောင်း သိရသည်။

“ကျွန်တော်ထင်တယ်။ ရက်ကလဲကြာပြီလေ။ ပြီးတော့ လူတွေလဲ ပင်ပန်းနေကြပြီဗျ။ CDM လုပ်ထားတဲ့၀န်ထမ်းတွေတော့ ပါပါသေးတယ်။ နားလည်ပေးရမှာပေါ့ဗျ။ ပင်ပန်းနေကြပြီလေ” ဟု စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုတွင် ပါ၀င်သူတစ်ဦးကပြောသည်။

မိုးညှင်းမြို့တွင် ယခုရက်ပိုင်းအတွင်း ဆန္ဒပြရာတွင် ပါဝင်သူလျော့နည်းသွားဟုဆိုသော်လည်း ဖေဖော်ဝါရီ ၈ ရက်မှစ၍ ယနေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ကြောင်းဆန္ဒဖော်ထုတ်မှုကို မပျက်မကွက်ပြုလုပ် နေပြီး ဖမ်းဆီခံနိုင်ငံခေါင်းဆောင်များပြန်လွှတ်ပေးရေးနှင့် ပြည်သူများ၏ မဲရလဒ်ကို လေးစားပေးရေးကြွေးကြော် တောင်းဆိုလျက်ရှိသည်။

အဆိုပါမြို့နယ်တွင် ကျမ်းမာရေး၀န်ထမ်းများ၊ ပညာရေး၀န်ထမ်းများ၊ လျှပ်စစ်၀န်ထမ်းများနှင့် မီးရထား၀န်ထမ်းများအပါအ၀င် ပုဂ္ဂလိက ဘဏ်များမှ ၀န်ထမ်းများကလည်း မိမိတို့ရွေး ကောက်တင်မြှောက် ထားသည့် အစိုးရမဟုတ်သည့်အတွက် တာ၀န်ဆက်လက်ထမ်း ဆောင်လိုချင် မရှိသဖြင့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါ၀င်လျက်ရှိကာ မိုးညှင်းမြို့ရှိ မိုးညှင်းတက္ကသိုလ်နှင့် အစိုးရနည်းပညာတက္ကသိုလ်တို့ကလည်း CDM တက္ကသိုလ်များဖြစ်ကြောင်း ကြေညာထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...