မိုးညှင်းတွင် ဖမ်းဆီးခံရသူသုံးဦး ပြန်လည်လွတ်မြောက်လာ

မိုးညှင်းတွင် ဖမ်းဆီးခံရသူသုံးဦး ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ သုဿန်တွင် တိမ်းရှောင်နေကြသော စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများဖမ်းဆီးခြင်းကို စစ်တပ်နှင့်ရဲက ဖေဖော်ဝါရီ ၂၁ ရက် ညသန်းခေါင်၌ ပြုလုပ်ခဲ့ရာ သုံးဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

စစ်တပ်အပါအ၀င် လုံခြုံရေအဖွဲ့များက မိုးညှင်းမြို့ သုဿန်တွင် တိမ်းရှောင်နေသူများကို စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဦးဆောင်နေသူများဟုဆိုကာ ဖေဖော်ဝါရီ ၂၁ရက် ည ၁၂ နာရီအချိန်ခန့်၌ သုဿန်ကို ပိတ်ဆို့ဖမ်းစီးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

“ည ၁၂ နာရီလောက်မှ လူတွေ ဆိုင်ကယ်နဲ့ သံပုံးတွေတီးပြီး ခွေးတွေ၀င်ဆွဲနေပြီဆိုပြီး အော်သွား ကြတယ်။ ဒါပေမယ့် မိုးညှင်းသုဿန်က အတော်‌ဝေးတယ်။ ဘယ်လိုမှသွားလို့ လူစုလို့အဆင်မပြေဘူး” ဟု မိုးညှင်းမြို့မှ ဒေသခံတစ်ဦးကပြောသည်။

မိုးညှင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူများထဲမှ ဦးဆောင်သူဟုယူဆသူများကို စစ်တပ်က ညအချိန်မတော်လိုက်လံဖမ်းစီးနေကြောင်း သတင်းများထွက်နေသဖြင့် ဆန္ဒပြပွဲပါဝင်သူတစ်ချို့သည် မိုးညှင်းသုဿန်တွင် တိန်းရှောင်နေကြခြင်းဖြစ်သည်။

အဆိုပါမိုးညှင်းသုဿန်တွင် တိမ်းရှောင်နေသူများကို ပိတ်ဆို့ဖမ်းစီးရာတွင် ထွက်ပြေးလွတ် မြောက်လာသူများလည်းရှိပြီး ဖမ်းဆီးခံရသူသုံးဦးသည် မိုးညှင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ပထမဆုံးဖမ်းစီးထိန်းသိမ်းခံရသူများ ဖြစ်ကြောင်းသိရသည်။

တပ်မတော်က နိုင်ငံတော်အာဏာကို လုယူခဲ့ပြီးနောက် မိုးညှင်းမြို့နယ်ရှိ ပြည်သူ့ဝန်ထမ်းအများစုသည် CDM ပြုလုပ်ကာ ဆန္ဒဖော်ထုတ်မှုများပြုလုပ်လျက်ရှိကာ အိမ်တွင်ဆက်လက်နေထိုင်ရန်အဆင်မပြေသဖြင့် တိန်းရှောင် နေရသော ဝန်းထမ်းများလည်းရှိကြောင်း သိရသည်။

နောက်ဆက်တွဲသတင်းများအရ အဆိုပါ ဖမ်းဆီးခံရသူသုံးဦးလုံး ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...