မိုးညှင်းတွင် နှစ်ငါးလုံးအထွေထွေသပိတ် ပြည်သူသိန်းချီပါဝင်

မိုးညှင်းတွင် နှစ်ငါးလုံးအထွေထွေသပိတ် ပြည်သူသိန်းချီပါဝင်

၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြုလုပ်သည့် နှစ်ငါးလုံး မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်၌ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ပြည်သူသိန်းချီ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ်တွင် ယနေ့ နှစ်ငါးလုံးတွင် ဈေးဆိုင်များနှင့် မြို့မဈေးကြီးကိုပိတ်၍ မြို့လုံးကျွတ် ပြည်သူများပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်သောသပိတ်ကို နံနက် ၈ နာရီမှစ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအထွေထွေသပိတ်တွင် ဒေသခံပြည်သူများနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မီးရထား၊ အင်ဂျင်နီယာများ စသော ပြည်သူ့ဝန်ထမ်းများ၊ ပုဂ္ဂလိကလုပ်ငန်းများမှ ဝန်ထမ်းများ ပါဝင်ခဲ့ကြသည်။

တပ်မတော်မှ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လှစ်လျူရှုကာ စစ်အာဏာသိမ်းပြီးနောက် ယခုလို အထွေထွေသပိတ်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ် ကျင်းပနေကြခြင်းဖြစ်သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့သည် မိုးညှင်းခရိုင်အတွင်း လူဦးရေအများဆုံးနေထိုင်သည့် မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ ငါးသိန်းခန့်နေထိုင်လျက်ရှိကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...