သံတွဲမြို့တွင် ဆန္ဒပြသူများကိုဖမ်းဆီးရာ အနည်းဆုံး ငါးဦးခန့် ဖမ်းဆီးခံရ

သံတွဲမြို့တွင် ဆန္ဒပြသူများကိုဖမ်းဆီးရာ အနည်းဆုံး ငါးဦးခန့် ဖမ်းဆီးခံရ
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြဖော်ထုတ်သူများကို ရဲများကဖမ်းဆီးခဲ့ရာ အနည်းဆုံး ငါးဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

ဆန္ဒပြရာတွင် ပါဝင်သူ ကိုဇေယျာမင်းက ၎င်းရှေ့၌ပင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ဖမ်းဆီး ခံခဲ့ရကြောင်း ပြောသည်။

 

“ကျွန်တော့်ရှေ့မှာ ဖမ်းသွားတာပါ။ ယောကျာ်လေးတစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်ပါသွားတယ် ” ဟုပြော သည်။

 

ဆန္ဒပြရာတွင် ပါဝင်သူ တခြား အမည်မဖော်လိုသူအမျိုးသားတစ်ဦးကလည်း ယနေ့ နံနက်က ဖမ်းဆီးမှုတွင် အရပ်သားတစ်ဦး၊ ကျောင်းသားတစ်ဦးနဲ့ ကျောင်းဆရာမနှစ်ဦးတို့ ပါဝင်ကြောင်း ပြောသည်။

 

တစ်ခြား ဒေသခံ တစ်ဦးကလည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူမှာ ငါးဦးခန့်ရှိပြီး ထိုအထဲတွင် ရဲပိုင်ထွေး၊ အောင်ခိုင်မြင့် (ခ) ဖိုးချို၊ မောင်မောင်နှင့် မိန်းကလေးနှစ်ယောက်လည်း ပါဝင်ကြောင်း ပြောကြားသည်။

 

“အခုချိန်မှာ အကြောက်တရားတွေစိုးမိုးနေတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်။ အာဏာရှင်ဆိုတာကို ကျွန်တော်တို့ မလိုချင်ဘူး။ အားလုံးတန်းတူ တသားတည်းပဲလိုချင်တာ” ဟု ၎င်းကပြောသည်။

 

ယင်းသို့ ဖမ်းဆီးမှုများကြောင့် ပြည်သူ ၅၀ ခန့်သည် သံတွဲမြို့မရဲစခန်းရှေ့တွင် ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့ဖြစ်စဉ်နှင့် ပတ်သက်၍ မသိသေးကြောင်းပြန်ဖြေကြားခဲ့ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...