မော်လမြိုင်မြို့ပေါ်သို့ တပ်မတော်နှင့် အာဏာသိမ်းကောက်စီကို ထောက်ခံသူများ ရောက်ရှိလာသဖြင့် ဒေသခံ များက သံပုံးတီး နှင့်လွှတ်ခဲ့ရကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်မှောက် ဆန္ဒပြမှု ဖေဖော်ဝါရီ ၁၂ ရက်က အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပြီးနောက်တစ်နေ့တွင် တပ်ထောက်ခံသူများ ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါ တပ်မတော်ထောက်ခံသူများသည် ဖေဖော်ဝါရီ ၁၃ ရက် ၁၂ နာရီခန့်တွင် မော်လမြိုင်မြို့ ကမ်းနား လမ်းရေပေါ်ဈေးတွင် စုဝေးရောက်ရှိလာပြီး "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံကြိုဆိုပါသည်" စသည့် ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ မြို့အတွင်း လှည့်လည်ခဲ့ကြရာ သံပုံးတီးသံများ မြို့အနှံဖြစ်ပွားခဲ့သည်။
မော်လမြိုင်မြို့ပေါ်သို့ရောက်ရှိလာသည့် အာဏာသိမ်းကောင်စီကိုထောက်ခံ သူများသည် မွန်ပြည်နယ် အခြားမြို့ နယ်များမှ ဖြစ်ပြီး လူအင်အား ရာချီပါဝင်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်တွင် ဖေဖော်ဝါရီ လ ၁၂ ရက်က ဆန္ဒပြကျောင်းသားများကို သေနတ်နှင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး အကြမ်းဖက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းကြောင့် မြို့နေလူထုက ရဲစခန်းသွားရောက်စုဝေး အကာအကွယ်ပေးခဲ့ ရ ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးပြီး ၎င်းတို့က စီမံအုပ်ချုပ်ရေးကောက်စီများဖွဲ့ကာ အမိန့်စာများထုတ်ပြန်နေသော်လည်း ပြည်သူများက ဆန့်ကျင်နေသဖြင့် လက်ရှိအချိန်အထိ အာဏာသက် ရောက်ခြင်းမရှိသေးပေ။