ရခိုင်တွင် လွတ်ငြိမ်းဖြင့် လွတ်လာသူ အကျဉ်းသားခြောက်ရာကျော်တွင် ရိုးရိုးပြစ်မှုပြစ်ဒဏ်သမားများနှင့် မွတ်ဆ လင် များပြားဟု ဗိုလ်မှူးကြီးမင်းသန်းက ပြော

ရခိုင်တွင် လွတ်ငြိမ်းဖြင့် လွတ်လာသူ အကျဉ်းသားခြောက်ရာကျော်တွင် ရိုးရိုးပြစ်မှုပြစ်ဒဏ်သမားများနှင့် မွတ်ဆ လင် များပြားဟု ဗိုလ်မှူးကြီးမင်းသန်းက ပြော
by -
Min Tun/ DMG

ရခိုင်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၆၄၀ ကျော်တွင် ရိုးရိုးပြစ်မှုပြစ်ဒဏ်သမားများနှင့် မွတ်ဆလင် များပြားကြောင်း ရခိုင်ပြည်နယ်မှ ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

 

ယနေ့(ဖေဖေါ်ဝါရီလ ၁၂ ရက်)တွင်ကျရောက်သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့တွင် အကျဉ်းသား များကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်ပေးရာ ရခိုင်ပြည်နယ်မှ အကျဉ်းသား ၆၄၆ ဦး ပါဝင်ကြောင်း သိရသည်။

 

ထိုသို့လွတ်မြောက်လာသူများထဲတွင် စစ်တွေအကျဉ်းထောင်မှ ၂၃၁ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ ၁၆၃ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၁၅၃ ဦးနှင် သံတွဲအကျဉ်းထောင်မှ အကျဉ်းသား ၉၉ ဦးတို့လွှတ်ပေးခဲ့သော်လည်း ယခု လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်မြောက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ မပါဝင်ကြောင်း သိရသည်။

 

ဘူးသီးတောင်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးသည့် အကျဉ်းသား ၁၆၃ ဦးထဲတွင် တိုင်းရင်းသား ၅၆ ဦးနှင့် မွတ်ဆလင် ၁၀၇ ဦး ပါဝင်ကြောင်းသိရသည်။

 

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “ဘူးသီးတောင်ထောင်က အားလုံး ၁၆၃ ယောက် လွတ်တယ်။ ဘူးသီးတောင်မြို့နယ်က ၁၅ ယောက်၊ မောင်တောမြို့နယ်က ၁၀၃ ယောက်၊ ရခိုင် တစ်ပြည်နယ်လုံးကတော ၃၇ ယောက်ပါတယ်။ ကျန်တာက တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေကဖြစ်တယ်” ဟု ပြောသည်။

 

ယနေ့ကျရောက်သည့် ၇၄ နှစ်မြောက် ပြည်ထောင်စုနေ့တွင် အာဏာသိမ်းခေါင်းဆောင်၏အမိန့်ဖြင့် မြန်မာ ပြည်အကျဉ်းထောင်/စခန်းအသီးသီးမှ အကျဉ်းသား/သူစုစုပေါင်း ၂၃၃၁၄ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်း သာခွင့်ပေးလိုက်ကြောင်း နှင့် နိုင်ငံခြားသား ၅၅ ဦးလည်း လွတ်ငြိမ်းချမ်းသာခွင့်တွင်ပါဝင်ကြောင်း သိရသည်။

 

ထို့ပြင် သေဒဏ်ပြစ်ဒဏ်ချမှတ်ခံထားရသူများကို ထောင်ဒဏ်တစ်သက်(လွတ်ရက်မရှိ)ပြစ်ဒဏ်သို့ ပြောင်းလဲ ကျခံစေရန်၊ နှစ်အကန့်အသတ်မရှိနှင့်ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန်လည်း ပါဝင်သည်။

 

ထောင်ဒဏ်နှစ် ၄၀ အထက် ကျခံနေရသူများကိုမူ ထောင်ဒဏ် နှစ် ၄၀ သို့လျှော့ပေါ့ကျခံစေရန်နှင့် ထောင်ဒဏ် နှစ် ၄၀ နှင့်အောက်ကျခံနေရသူများကို ယင်းတို့ကျခံနေရသောထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ပေါ့ကျခံ စေရန် ထုတ်ပြန်ထားသည်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...