တောင်ကြီးတွင်ပြုလုပ်သော အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်

တောင်ကြီးတွင်ပြုလုပ်သော အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲ ပြည်သူတစ်သိန်းကျော်ပါဝင်လာကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပြည်သူများအနေဖြင့် မင်းကျောင်းမှစ၍ ရှမ်းပြည်နယ်လွှတ်တော်ရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ် ပြီး ကျောင်းသားလူငယ်များ အများစုပါဝင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံနိုင်ငံခေါင်းဆောင်များ ပြန်လွှတ်ပေးရေး၊ ရွေးကောက်ပွဲမဲရလဒ်အား လက်ခံရေး စသဖြင့် ကြွေးကြော်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် အဖွဲ့အစည်းတစ်ချို့က တပ်မတော်ထောက်ခံပွဲ ကျင်းပမည့်ဆိုသည့်သတင်းများလည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ထွက်ပေါ်ခဲ့သေးသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...