မော်လမြိုင်မြို့တွင် ဒေသခံပြည်သူသောင်းချီ ဆန္ဒထုတ်ဖော်

မော်လမြိုင်မြို့တွင် ဒေသခံပြည်သူသောင်းချီ ဆန္ဒထုတ်ဖော်
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ဒေသခံပြည်သူ သောင်းချီက ဆန္ဒပြလှုပ်ရှားမှုများ ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) နံနက် ၈ နာရီမှစတင်၍ ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲတွင် မော်လမြိုင်မြို့ ဒေသခံပြည်သူများ၊ NLD ပါတီ ထောက်ခံဝန်းရံသူများ၊ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့အချို့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ မြို့အား တစ်ပတ်လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူများက "စစ်အာဏာရှင် ကျဆုံးရေး....... ဒို့အရေး၊ ဒီမိုကရေစီ ရရှိရေး....... ဒို့အရေး၊ နိုင်ငံတော်သမ္မနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ပြန်လွှတ်ပေးရေး....... ဒို့အရေး" စသည်ဖြင့် ကြွေးကြော်ခဲ့ကြသည်။

ထို့ပြင် မော်လမြိုင်မြို့တွင်လည်း အခြေားမြို့များနည်းတူ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် နေစဉ် ည ၈ နာရီတွင် သံဗုံးတီးခြင်းများကို ပြုလုပ်လျက်ရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...