တပ်မတော်အစိုးရအဖွဲ့တွင် ပါဝင်ရန်ကမ်းလှမ်းပါက လက်ခံမည်မဟုတ်ကြောင်း CNLD ပါတီပြော

တပ်မတော်အစိုးရအဖွဲ့တွင် ပါဝင်ရန်ကမ်းလှမ်းပါက လက်ခံမည်မဟုတ်ကြောင်း CNLD ပါတီပြော

“ပါတီအနေနဲ့ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ စဉ်းစားကိုမစဉ်းစားဘူး”

CNLD ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်

တပ်မတော်က အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းလာပါက လက်ခံမည်မဟုတ်ကြောင်း ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

 

အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီးနောက် တပ်မတော်က အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပူးပေါင်းပါဝင်ရန် တပ်မတော်က တိုင်းရင်းသားပါတီများနှင့် ပြည်မနိုင်ငံရေးပါတီများအား ကမ်းလှမ်းမှုရှိနေပြီး ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီကို တရားဝင်ကမ်းလှမ်းလာခြင်း မရှိသေးသော်လည်း အကယ်၍ ကမ်းလှမ်းလာမည်ဆိုပါက လက်ခံနိုင်စရာမရှိကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

 

“အခုထိတော့ တရားဝင် ပါတီကို ကမ်းလှမ်းထားတဲ့စာတော့မရှိသေးဘူး တစ်ဦးတစ်ယောက် ဆက်သွယ်တာမျိုးရှိလားတော့မသိဘူး။ ရုံးချုပ်မှာတော့ လက်ခံရရှိတဲ့ တရားဝင်ဆက်သွယ်ဆောင်ရွက်မှုတော့ အခုထိတော့မရှိပါဘူး။ ပါတီအနေနဲ့ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ စဉ်းစားကိုမစဉ်းစားဘူး” ဟု CNLD ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် ကပြောသည်။

 

ချင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် အရှိုချင်းအမျိူးသားပါတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် တပ်မတော်က ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...