“ပြည်သူသည် အမိ၊ ပြည်သူသည် အဖလို့ ပြောပြောနေတဲ့ တပ်မတော်အပေါ် ပြည်သူ့ယုံကြည်မှု လျော့ကျသွားတယ်” ချင်းအမျိူးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက် မြန်မာ့တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်က အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာ

“ပြည်သူသည် အမိ၊ ပြည်သူသည် အဖလို့ ပြောပြောနေတဲ့ တပ်မတော်အပေါ် ပြည်သူ့ယုံကြည်မှု လျော့ကျသွားတယ်” ချင်းအမျိူးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက် မြန်မာ့တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်က အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာ

“ပြည်သူသည် အမိ၊ ပြည်သူသည် အဖလို့ ပြောပြောနေတဲ့ တပ်မတော်အပေါ် ပြည်သူ့ယုံကြည်မှု လျော့ကျသွားတယ်”

ချင်းအမျိူးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်

မြန်မာ့တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်က အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ကာ ဖေဖော်ဝါရီ ၂ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ဒီလိုစစ်အာဏာသိမ်းမှုကြောင့် မြန်မာ့နိုင်ငံရေးအခြေအနေ၊ အနာဂတ်ငြိမ်းချမ်းရေလုပ်ငန်းစဉ်ပေါ် ရိုက်ခတ်နိုင်သည့်အခြေအနေများနှင့် ပတ်သက်၍ ချင်းအမျိူးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီအား ယခုလို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး - တပ်မတော်ကနေပြီးတော့ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူလိုက်တဲ့အပေါ် CNF ရဲ့ သဘောထားကို သိချင်ပါတယ်။

ဆလိုင်းထက်နီ - လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်သားအစိုးရ၊ တပ်မတော်အကြား  NCA လမ်းကြောင်းအားဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖော်ဆောင်နေတဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းယူလိုက်တာကို ကန့်ကွက်ပါတယ်။

မေး - တပ်မတော်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်သွားပြီးတော့ ရွေးကောက်ပွဲကိုလည်း ပြန်ကျင်းပပေးမယ်လို့ ပြောတဲ့အပေါ်မှာရော ယုံကြည်မှုရှိလား သူတို့တကယ်လုပ်ပေးပါ့မလား။

ဆလိုင်းထက်နီ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်ကြေညာချက် (၁/၂၀၂၁) အပိုဒ် (၆) ကို ကြည့်လိုက်ရင် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေဆောင်ရွက်ပြီးစီးဖို့ အချိန်ကာလ (Time frame) သတ်သတ်မှတ်မှတ် ဖော်ပြမထားတာကို တွေ့ရတယ်။ ဒီတော့ ဒီကိစ္စက ယုံကြည်ဖို့ ခက်ခက်ပါပဲ။

မေး - တပ်မတော်အနေနဲ့ အခုလို အာဏာသိမ်းလိုက်တဲ့အပေါ် CNF အနေနဲ့ ရှေ့ဆက်ပြီး ဘာတွေဘယ်လိုဆောင်ရွက်သွားဖို့ရှိလဲ။

ဆလိုင်းထက်နီ - ချင်းအမျိုးသားတပ်ဦးအနေနဲ့ မိမိတို့ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေးအတွက် NCA လမ်းကြောင်းမှတဆင့် ပြည်သူလူထုအပါအဝင် မည်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်သွားမှာပါ။

မေး - CNF ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်သူပြည်သားများနှင့် အတူတကွ ရပ်တည်ပူးပေါင်းသွားမယ်လို့ ဖော်ပြထားတယ်။ ဘယ်လိုမျိူးပူးပေါင်းဆောင်ရွက်မှာလဲ။

ဆလိုင်းထက်နီ - နှစ်ပေါင်း ၇၀ ကျော် မြန်မာ့နိုင်ငံရေးအကြပ်အတည်းက ဒီမိုကရေစီဆိတ်သုဉ်းပြီး အမျိုးသားရေးအရ တန်းတူမှုမရှိတဲ့ ပြသာနာဖြစ်တယ်။ ပြသာနာချုပ်ငြိမ်းဖို့က ပြည်ထောင်စုမြန်မာနိုင်ငံကို အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်ထောင်စုအဖြစ် ပြန်လည်တည်ဆောက်ဖို့လိုပါတယ်၊ အဲဒီ နိုင်ငံရေးအကြောင်းရင်းခံကို ပြည်သူလူထုကနားလည်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ကိုယ်ကျရာ၊ ကိုယ်တတ်စွမ်းရာအလိုက် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဖို့ပါပဲ။

မေး - တပ်မတော်က အာဏာသိမ်းလိုက်တဲ့အတွက် ဘယ်လိုမျိုးဆိုးကျိုးတွေ ကြုံရနိုင်လဲ ဘယ်လိုအခြေအနေမျိုးတွေ ဖြစ်သွားနိုင်လဲ။ အထူးသဖြင့် ငြိမ်းချမ်းလုပ်ငန်းစဉ်အပေါ် ဘယ်လိုထိခိုက်မှုတွေရှိလာနိုင်လဲ။

ဆလိုင်းထက်နီ - ပြည်သူသည် အမိ၊ ပြည်သူသည် အဖလို့ ပြောပြောနေတဲ့ တပ်မတော်အပေါ် ပြည်သူ့ယုံကြည်မှု လျှော့ကျသွားတယ်။ နောက်ပြီး နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှု လျှော့ကျသွားမယ်။ ဝမ်းနည်းစရာကောင်းတာက ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ရင်ဆိုင်နေရတဲ့အချိန်မှာ အဓိကတာဝန်ရှိတဲ့ ပြည်တွင်းကျန်းမာရေးဝန်ထမ်းတွေရဲ့ စစ်တပ်အာဏာသိမ်းမှုအပေါ် သဘောထားဆန္ဒက အင်မတန်မှ စိုးရိမ်စရာကောင်းပါတယ်။ နောက်ပြီး မိမိတို့ဖော်ဆောင်နေတဲ့ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ယုံကြည်မှု ပိုမိုလျော့ကျသွားတယ်လို့ပဲ ပြောချင်တယ်။

မေး - နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွပ်ပြောချင်တာရှိလဲ။

ဆလိုင်းထက်နီ - ကျွန်တော်တို့ နိုင်ငံတည်ငြိမ်းအေးချမ်းရေးနှင့် ပြည်သူပြည်သားများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရေးကို ရှေ့ရှုလျက် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်  ထိန်းသိမ်းခံပုဂ္ဂိုလ်အားလုံး ပြန်လွတ်ပေးပြီး လက်ရှိကြုံတွေ့နေရတဲ့ အကြပ်အတည်းကို ငြိမ်းချမ်းပွင့်လင်းစွာ စေ့စပ်ညှိနှိုင်း အဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...