အင်တာနက်လိုင်းဖြတ်တောက်ခြင်းက မြန်မာနိုင်ငံပြင်ပအထိမကဘဲ ကမ္ဘာ့အပြင်ဖက်အထိ တွန်းပို့လိုက်သလိုခံ စားနေရကြောင်း ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကပြောသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည့် အင်တာနက် 4G ဖွင့်ပေးရန်အဆိုအား တက်လာမည့်အစိုး သစ်အနေဖြင့် အကောင်းဆုံးဆောင်ရွက်ပေးစေလိုကြောင်း ၎င်းအဆိုကို တင်သွင်းခဲ့ သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကပြောသည်။
“ဒီလိုနိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့အချိန်၊ ကိုဗစ်တွေဖြစ်ပွားနေတဲ့ကာလတွေမှာ အခုလိုအင်တာနက်လိုင်းကိုဖြတ် တောက်လိုက်တာဟာ ကျွန်တော်တို့ကို မြန်မာနိုင်ငံပြင်ပကိုတောင်မက ကမ္ဘာ့အပြင်ဖက်အထိကို တွန်းပို့လိုက် သလို ကျွန်တော်တို့ခံစားရပါတယ်။ ပြည်သူတွေကို ဘယ်လောက်ထိအလေးထားတယ်။ ဘယ်လောက်ထိ တန်ဖိုးထားတယ်ဆိုတာကို သက်သေပြဖို့အတွက် ပြည်ထောင်စုအစိုးရတစ်ရပ်အပေါ်မှာ အများကြီးမူတည်ပါ တယ်” ဦးမောင်သန်းစိန်က ပြောသည်။
ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေး လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့်ကိစ္စရပ်များအတွက် များစွာထိခိုက်မှုရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒီအဆိုဟာ ခေတ်စနစ်နဲ့လည်းညီပါတယ်။ ဒီအင်တာနက်မရရှိတဲ့အတွက် ကုန်ရောင်းကုန်ဝယ်လုပ်နေသူတွေ၊ အင်တာနက်ကို အသုံးပြုပြီး ပညာသင်ယူနေသူတွေအတွက်၊ ပြည်တွင်း၊ ပြည်ပကိုရောက်နေကြတဲ့ ရခိုင်မိသားစုတွေနဲ့ ဆက်သွယ်ရေးမှာ လိုအပ်တတွေ ဒီလိုမျိုးလိုအပ်ချက်တွေအများကြီးရှိပါတယ်။ အဲဒီကြောင့် ပြည်သူတွေ ဒီလိုဆုံးရှုံးနစ်မှုမဖြစ်ဖို့အတွက် အင်တာနက်ကို ဖွင့်ပေးဖို့လိုပါတယ်” အဆိုတင်သွင်းခဲ့သည့် ကျောက်တော်မြို့နယ်၊ မဲဆန္ဒအမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောသည်။
သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ တိကျမှန်ဆန် မြန်ဆန်မှုရှိစေရန်၊ ပြည်သူများအကြား လွတ်လပ်မှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ရည်ရွယ်၍ 4G အင်တာနက်ရရှိရန်အတွက် ဇန်နဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြည်နယ်အစိုးရမှတဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
အင်တာနက် 4G အပိတ်ခံထားရသည့် မြို့နယ်များမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့အပါအဝင် ချင်းပြည်နယ်ပလက်ဝမြို့ နယ်တို့ဖြစ် သည်။