ချင်းပြည်နယ်တွင် မဲသမာမှုပြုနိုင်သော မဲစာရင်းစုစုပေါင်း လေးသောင်းကျော်ရှိဟု တပ်မတော်ထုတ်ပြန်

ချင်းပြည်နယ်တွင် မဲသမာမှုပြုနိုင်သော မဲစာရင်းစုစုပေါင်း လေးသောင်းကျော်ရှိဟု တပ်မတော်ထုတ်ပြန်

ချင်းပြည်နယ်ရှိ မြို့နယ်ကိုးခုလုံးတွင် မဲမသမာမှုပြုနို်င်သော မဲစာရင်းစုစုပေါင်း ၄၄၇၆၇ ခုရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည့် ၂၁ ကြိမ်မြောက် ထုတ်ပြန်ချက်အရသည်ဟု သိရသည်။

 

၎င်းထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် မဲမသမာမှုဖြစ်နိုင်ချေရှိသော မဲစာရင်းပေါင်း ဟားခါးမြို့နယ်တွင် ၆၉၄၅ ဦး၊ တီးတိန်မြို့နယ်တွင် ၈၄၃၁ ဦး၊ ဖလမ်းမြို့နယ်တွင် ၃၈၄၃ ဦး၊ တွန်းဇံမြို့နယ်တွင် ၃၃၈၁ ဦး၊ ထန်တလန်မြို့နယ်တွင် ၅၇၆၈ ဦး၊ မတူပီမြို့နယ်တွင် ၄၆၈၄ ဦး၊ ပလက်ဝမြို့နယ်တွင် ၃၅၅၈ ဦး၊ ကန်ပလက်မြို့နယ်တွင် ၂၆၅၂ ဦးနှင့် မင်းတပ်မြို့နယ်တွင် ၅၅၀၅ ရှိပြီး စုစုပေါင်း (၄၄၇၆၇) ဦးရှိပြီး ယင်းပမာဏသည် မဲပေးခွင့်ရှိသူ၏ ၁၅ ရာခိုင်နှုန်းရှိသည်ဟု ထုတ်ပြန်ထားသည်။

 

ယင်းအနက် မဲစာရင်းထပ်နေသူ ၁၇၂၃၊ မှန်ပုံတင်ထပ်နေသူ ၂၅၆၉၆၊ မှတ်ပုံတင်မရှိသူ ၁၆၉၆၆၊ ၁၈ နှစ်မပြည့်သူ ၁၉၄ ဦးနှင့် မသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၇၇ ရှိသည်ဟုဖော်ပြထားသည်။

 

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ချင်းပြည်နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်က “ ကျွန်တော်တို့တော့ ရွေးကောက်ပွဲမတိုင်မီသာ ကျွန်တော်တို့ မဲစာရင်းတွေပြန်စစ်တာ။ စစ်တော့ ထပ်နေတဲ့ဟာတွေ မှတ်ပုံတင်အပေါက်ဖြစ်နေတဲ့ဟာတွေရှိတာပေါ့။ ရှိတဲ့ဟာဆိုရင် လ.၀.က ကိုပေးတယ် ရပ်ကျေးတွေကိုပြန်ပေးတယ်။ ပြန်စစ်ဆေးတယ်။ လူကိုယ်တိုင်တွေ့တယ်ဆိုရင် ကျွန်တော်တို့ပြင် ပေးတယ်။ လူကိုယ်တိုင်မတွေ့ဟာကျရင် ပြင်လို့မရဘူး။ အပေါက်တွေလည်းထည့်လို့မရဘူး။ အဲဒါတော့ ရွေးကောက် ပွဲမတိုင်ခင်လုပ်တာပေါ့။ နောက်ပိုင်းကျတော့ တပ်မတော် သတင်းမှန်ကြားရေးက တွက်တာတော့ သူ့သဘောနဲ့ သူတွက်တာပဲလေ။ ကျနော်တို့လိုက်လုပ်ပေးရမယ့် တာဝန်မရှိပါဘူး။ မဲမသမာမှု ရှိခြင်း/မရှိခြင်းကတော့ ရွေးကောက်ပွဲမဲပေးတဲ့နေ့တွေမှာ မသမာမှုဖြစ်ခဲ့လားမဖြစ်လား အဲဒါအဓိကကြတာ အဲချိန်မှာ မသမမှုမှမဖြစ်ခဲ့တာ” ဟု ပြောသည်။

 

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၂၈၆၃၀၈ ဦးရှိခဲ့သည်။

 

ယခုလက်ရှိတွင်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြသော ချင်းပြည်နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ပလက်ဝမြို့နယ်မှ ဦးစိန်အောင်နှင့် ဖလမ်းမြို့နယ်မှ ဆလိုင်းရီ ယန်ဗဲလ်တို့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သားတစ်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်ထားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တရားမျှတမှုမရှိဟုဆိုကာ ကန့်ကွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တပ်မတော်ပေါင်း၍ ရွေးကောက်ပွဲပြန်ကျင်းပရန်တောင်းဆိုမှုလည်း ရှိခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...