မြေမြှုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုပြုဆောက်ရွက်ပေးရန်အဆို ရွေးကောက်ပွဲအပြီး နောက်ဆုံးပြုလုပ်သည့် ဒုတိယအကြိမ်ရခိုင်လွှတ်တော် အတည်ပြု

မြေမြှုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုပြုဆောက်ရွက်ပေးရန်အဆို ရွေးကောက်ပွဲအပြီး နောက်ဆုံးပြုလုပ်သည့် ဒုတိယအကြိမ်ရခိုင်လွှတ်တော် အတည်ပြု
by -
ကောင်းကျော်နိုင်

နေရပ်ပြန်များလုံခြုံစွာနေထိုင်နိုင်ရေး မြေမြှုပ်မိုင်းရှင်းလင်းခြင်းကို အထူးဂရုပြုဆောင်ရွက်ပေးရန်အဆို ရွေးကောက်ပွဲအပြီး နောက်ဆုံးပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါအဆိုကို ရသေ့တောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က (ယနေ့) ဇန်နဝါရီ ၁၅ ရက်တွင်ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်လွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များ အားလုံး မိမိနေရပ်သို့ပြန်ပြီး လုံခြုံအေးချမ်းစွာ ပြန်လည်သွားရောက်နေထိုင်နိုင်ရေးနှင့် ဘဝရပ်တည်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မြေမြှုပ်မိုင်းရှင်းလင်းခြင်းမပြင် တိုက်ပွဲအတွင်း မီးရှို့ခံခဲ့ရသည့် ဒေသခံကျေးရွာမှ နေအိမ်များကို အသစ်ပြန်လည်တည်ဆောက်နိုင်ရေး အစိုးရက တာဝန်သိစွာကူညီဆောက်လုပ်ပေးမှသာ စစ်ဘေးဒုက္ခသည်များ၏ ဘဝရပ်တည်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးကထောက်ခံပြီး သက်ဆိုင်ရာပြည် နယ်အဆင့်အဖွဲ့ အစည်းဝင်တစ်ဦးဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကလည်း အဆိုကို ကန့်ကွက်ရန်မရှိကြောင်း ဆွေးနွေးသွားသည့်အတွက် ရခိုင်ပြည်နယ်အတွင်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအားလုံး မိမိနေရပ်သို့ပြန်ပြီး လုံခြုံအေးချမ်းစွာ ပြန်လည်သွားရောက် နေထိုင်နိုင်ရေးနှင့် ဘဝရပ်တည်နိုင်ရေးအတွက် မြေမြှုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုပြုဆောင်ရွက်ပေးရန်အဆိုအား ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မြန်မာတပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီးစစ်ဘေးရှောင်နေသူ နှစ်သိန်းခြောက်သောင်းကျော်ရှိကာ လက်ရှိတွင် ရှစ်သောင်းကျော်မှာ မိမိနေရပ်သို့ပြန်သွားသော်လည်း မြေမြုပ်မိုင်းအန္တရာယ်နှင့် တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်မှုကြောင့် စစ်ဘေးရှောင်စခန်းများသို့ ပြန်လည်ခိုလှုံသူများလည်းရှိလာကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...