၂၀၁၅ ရွေးကောက်ပွဲလွန် NLD အစိုးရတက်လာပြီးနောက် ရခိုင်ရှိ မြို့ပေါင်း ၂၀ ကျော်နှင့် ကျေးရွာပေါင်း ၂၀၀၀ ကျော်ကို ၂၄ နာရီ လျှပ်စစ် မီးပေးနိုင်ခဲ့ဟုဆို

၂၀၁၅ ရွေးကောက်ပွဲလွန် NLD အစိုးရတက်လာပြီးနောက် ရခိုင်ရှိ မြို့ပေါင်း ၂၀ ကျော်နှင့် ကျေးရွာပေါင်း ၂၀၀၀ ကျော်ကို ၂၄ နာရီ လျှပ်စစ် မီးပေးနိုင်ခဲ့ဟုဆို
by -
ထွန်းခိုင် (နိရဥ္စရာ)

၂၀၁၅ ရွေးကောက်ပွဲလွန် NLD အစိုးရတက်လာပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့ ၂၃ မြို့နှင့် ကျေးရွာပေါင်း ၂၁၂၇ ရွာကို ၂၄ နာရီ ဓာတ်အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်လွှတ်တော်တွင် ဇန်နဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ခရိုင် ငါးခု၊ မြို့နယ် ၁၇ မြို့နယ်၊ မြို့ ၂၈ မြို့၊ ရပ်ကွက် ၁၇၀ ခု၊ ကျေးရွာအုပ်စု ၁၀၃၅ စု ရွာပေါင်း ၃၇၃၈ ရှိပြီး ယင်းသို့ မြို့ပေါင်း ၂၀ ကျော်နှင့် ကျေးရွာပေါင်း ၂၀၀၀ ကျော်ကို ၂၄ နာရီမီး ပေးနိုင်ရန် ပြည်နယ်အသုံးစရိတ် ကျပ်သန်း ၉၆၁ဝ၃.၈၇ နှင့် ပြည်ထောင်စုအသုံးစရိတ် ကျပ်သန်း ၈၄၆.၅၃ သုံးစွဲခဲ့ကြောင်း ဝန်ကြီးချုပ်ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်နှင့် အခြားသောနည်းလမ်းများဖြင့် မီးသုံးစွဲသူအိမ်ထောင်စုမှာ ၂ဝ၁၉ နိုဝင်ဘာလမှာ ၅ဝ% ပြည့်မြောက်ခဲ့ပြီး ၂ဝ၂ဝ ဒီဇင်ဘာလအထိ ကျေးရွာပေါင်း ၂၁၂၇ ရွာ လျှပ်စစ်တိုးတက် သုံးစွဲနိုင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အတွင်းတွင် လျှပ်စစ်ဓာတ်အား လွှမ်းခြုံမှုအနေဖြင့် ကျေးရွာများ၏ ၅၆.၈၄% နှင့် အိမ်ထောင်စုများအနေနဲ့ ၆၃.၈၇% သုံးစွဲနိုင်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“ဒေသတစ်ခုခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝအဆင့်အတန်းမြင့်မားလာစေဖို့ ဆောင်ရွက်ကြရာမှာ လျှပ်စစ်ကဏ္ဍဟာ အဓိကကျတယ်။ လျှပ်စစ်ကဏ္ဍ တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့မှာလည်း ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်လာမယ်” ဟု ဝန်ကြီးချုပ်ကပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်တွင် သံတွဲမြို့နယ်၊ ငပလီမြို့၊ တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်စသည့် မြို့နယ်ကိုးခုနှင့် မြို့တစ်ခုမှသာ နိုင်ငံတော် ဓာတ်အားပေးစနစ်မှ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ခဲ့သည်ဟု ဆိုသည်။

လက်ရှိ NLD အစိုးရသစ်လက်ထက်တွင် ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မင်းပြားမြို့နယ်၊ ဂွမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ် မြို့နယ်ခုနစ်မြို့နယ်နှင့် တပ်တောင်မြို့၊ မအီမြို့၊ ကမ်းထောင်းကြီးမြို့၊ တန်းလွဲရွာမမြို့၊ ကျိန္တလီမြို့၊ စနဲဟူသည့် မြို့ခြောက်မြို့ကို ဓာတ်အားရရှိရေးအတွက် ထပ်မံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဦးညီပုက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာ/အခွန်/စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး  ဦးကျော်အေးသိန်းက “လျှပ်စစ်ကဏ္ဍကို တင်ပြရရင် ပြည်ထောင်စုနဲ့ ပြည်နယ် ရန်ပုံငွေ နှစ်ခုစလုံးကနေပြီးတော့ လျှပ်စစ်ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့နိုင်ပါတယ်။ ရခိုင်ပြည်နယ်တွင် ငါးနှစ်တာကာလအတွင်း လျှပ်စစ်ကဏ္ဍ၌ ပြည်နယ်အသုံးစရိတ် ကျပ်သန်း ၉၆၁ဝ၃.၈၇ နှင့် ပြည်ထောင်စုအသုံးစရိတ် ကျပ်သန်း ၈၄၆.၅၃ သုံးစွဲခဲ့ပါတယ်” ဟု ပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...