NLD က ပထမဦးဆုံး ကချင်ပြည်နယ်မှ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည်

NLD က ပထမဦးဆုံး ကချင်ပြည်နယ်မှ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည်
by -
ခေါင်ညွယ် (KNG)

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်တွင် ပထမဦးဆုံး ကချင်ပြည်နယ်မှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်ကပြုလုပ်ခဲ့သည့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ သိရသည်။

NLD အနေဖြင့် လာမည့်သက်တမ်းငါးနှစ်အတွက် အစိုးရအဖွဲ့ကို ပြန်လည်မဖွဲ့စည်းမီ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“အခုကစပြီးတော့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ဖြစ်တယ်။ အသေးစိတ်က ကျွန်တော်မသိသေးဘူး။ ဒေါက်တာအောင်မိုးညိုဦးဆောင်တဲ့အဖွဲ့က ကချင်ကို ၃၀ ရက်ညရောက်မယ်” ဟု တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် သုံးဦးအဖွဲ့မှ ဦးအင်ထုံးခါးနော်ဆမ်က ပြောသည်။

အဆိုပါ ပါတီသည် ကချင်ပြည်နယ်မှ တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးပြီးပါက မွန်ပြည်နယ်သို့ ဆက်လက်သွားရောက်မည်ဖြစ်ပြီး ထိုပြည်နယ်များမှ တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုရလဒ်များအား NLD ဗဟိုသို့ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

NLD ပါတီအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီးနောက် နိုဝင်ဘာ ၁၂ ရက်တွင် “နောင်အနာဂတ် မြန်မာနိုင်ငံအတွက်ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုသည့်ခေါင်းစဉ်ဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့ရာ ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က ၁၉၄၇ ပင်လုံကတိကဝတ်ကိုအခြခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်လိုကြောင်း NLD ပါတီအား အကြောင်းပြန်ထားကြောင်း သိရသည်။

NLD ပါတီသည် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံတွေးနွေးရန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်တို့အား တာဝန်ပေးထားခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...