“ကျွန်မအနေနဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကလုပ်ဆောင်သွားမှာဖြစ်ပါတယ်”

“ကျွန်မအနေနဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကလုပ်ဆောင်သွားမှာဖြစ်ပါတယ်”
by -
နော်ဒွေးအယ်ခူ (KT)

ရှားတောမြို့နယ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မာဝင်းနှင့် အင်တာဗျူး

လာမည့် ငါးနှစ်တာလွှတ်တော်သက်တမ်းအတွင်း မိမိဒေသအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စများ၊ ဒေသခံအမျိုးသမီးများအတွက် ဆောင်ရွက်ပေးမည့် အစီအမံများ၊ နိုင်ငံရေးတွင် အမျိုးသမီးအသံများ ပိုမိုပါဝင်ရေးအတွက် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကယားပြည်နယ် ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်ခင်မာဝင်းအား ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီဝင်အနေနဲ့ ဘာကြောင့် ဝင်ရောက်အရွေးခံဖြစ်တာလဲ။

ဒေါ်ခင်မာဝင်း - ကျွန်မအနေနဲ့ဘာကြောင့်အရွေးခံဖြစ်လဲဆိုရင် ရှားတောမြို့နယ်အတွက် ပြည်နယ်အတွက် အမျိုးသမီးတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးတွေဆုံးဖြတ်ချက်ချတဲ့နေရာမှာဦးဆောင်နိုင်ဖို့ အမျိုးသမီးများကို ဆွဲခေါ်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။

မေး - မကြာခင်မှာ လွှတ်တော်တက်ရတော့မှာဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ရောက်အနေနဲ့  မိမိဒေသအတွက် ဘာတွေဆောင်ရွက်ပေးဖို့ ရှိမလဲ။

ဒေါ်ခင်မာဝင်း - ကျွန်မအနေနဲ့ နဂိုကတည်းက ၁၉၉၁ ကနေ ၁၉၉၃ ခုနှစ်အထိကို အမျိုးသမီးရေးရာ အတွင်းရေးမှူးလုပ်ပါတယ်။ ၉၃ ကနေ ခုချိန်ထိ မိခင်နှင့်ကလေး အတွင်းရေးမှူးပေါ့နော်။ အမျိုးသမီးအတွင်းရေးမှူးလုပ်တော့ ကျွန်မအမျိုးသမီးတွေကို နိုင်ငံရေးမှာတအားပါဝင်စေချင်တယ်။ နောက်ပြီးတော့ အရှေ့ကိုလည်း ရောက်စေချင်တယ်။ အသိအမြင်လည်းဖွင့်စေချင်တဲ့အတွက်ကြောင့်မလို့ ကျွန်မအနေနဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မေး - ရှားတောမြို့ခံ အမျိုးသမီးတွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။

ဒေါ်ခင်မာဝင်း - အားနည်းနေသေးတယ်။ သူတို့တွေက ရှေ့ထွက်ရမှာကို ကြောက်နေသေးတယ်။ ပါဝင်တဲ့သူရှိပေမယ့်လည်း ပါဝင်မှုအားနည်းနေသေးတယ်။ ပဋိပက္ခနယ်မြေဆိုတော့ အကြောက်တရားတွေအ မြဲတမ်း လွှမ်းမိုးနေတဲ့အတွက်ကြောင့်လည်း အမျိုးသမီးတွေရှေ့ထွက်ရမှာ ကိုကြောက်တာက တစ်မျိုး၊ ကျား မ တန်းတူအခွင့်အရေးပေါ့။ အိမ်ထောင်ရှိတဲ့သူဆိုလည်း ယောကျာ်းရဲ့ခွင့်ပြုချက်မရတာက တစ်မျိုး၊ မိသားစုတွေရဲ့ အားပေးမှုကိုမရတာကလည်း တစ်မျိုး။ ပတ်ဝန်းကျင်မှာအမျိုးသမီးတွေခေါင်းဆောင်မှုက နည်းနေသေး တယ်လို့ ထင်တယ်။ ကျွန်မတို့ဆီမှာ ၂၀ရာခိုင်နှုန်းလောက်ပဲရှေ့ကိုထွက်ရဲသေးတယ်။ ကျွန်မတို့ကိုယ် တိုင်ကြိုး စားရမယ်။ လွှတ်တော်ထဲရောက်လာခဲ့ရင် အမျိုးသမီးတွေရှေ့ထွက်ရဲအောင် ကြိုဆိုရမယ်။ ဆွေးနွေးပွဲတွေလုပ် ပေးရမယ်။ လေ့ကျင့်ပေးရမယ်ပေါ့နော်။

မေး - ပြည်နယ်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးအသံတွေပါဝင်လာဖို့ လုပ်ဆောင်သွားဖို့ရှိလား။

ဒေါ်ခင်မာဝင်း - ကျွန်မတို့မြို့နယ်မှာက တိုက်ပွဲတွေအမြဲတမ်းဖြစ်နေတဲ့အတွက်ကြောင့်မို့၊ အကျပ် အတည်းနဲ့ရင်ဆိုင်ရသလို၊ စီးပွားရေးအခက်အခဲလည်းရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလည်း အရမ်း ကို နိမ့်ကျပါတယ်။ အဲဒီအတွက်ကြောင့်မလို့ ဒီအမျိုးသမီးတွေရဲ့အသံကအရေးကြီးပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်အောင် ကျွန်မကြိုးစားချင်တယ် ဒီကဏ္ဍမှာလည်း အမျိုးသမီးအသံပါလာစေချင်တာပေါ့။

မေး - ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးအသံပိုပြီးပါဝင်လာအောင် ဘယ်လိုဆောင်ရွက်သွားဖို့ရှိလဲ။

ဒေါ်ခင်မာဝင်း - အမျိုးသမီးတွေအသံထိရောက်မှုရှိလာအောင် မညီမျှမှုတွေအတွက် ကျား/မတန်းတူအခွင့်အရေး တွေကို သင်တန်းပေးရမယ်။ ဆွေးနွေးရမယ်။ အမျိုးသမီးတွေ ပါဝင်နိုင်အောင် ဥပဒေအမြင်ဖွင့်သင်တန်း တွေပေးရမယ်။ အမျိုးသမီးတွေကိုကာကွယ်ပေးတဲ့ဥပဒေတွေ သူတို့သိလာလို့ရှိရင် များများပါဝင်နိုင်မယ်လို့ ထင် တယ်။

မေး - ရှားတောမြို့ဟာ တစ်ချိန်တစ်ခါက ဖြတ်လေးဖြတ်ထဲမှာပါဝင်ဖူးသလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးသွားရတဲ့သူတွေရှိတယ်။ အခုသူတို့ကို နေရပ်ပြန်ဖို့ရှိနေတယ်ပေါ့။ ဒါကြောင့် နေရပ်ပြန်လာသူတွေ အတွက် လွှတ်တော်ကနေ ဘယ်လိုဆောင်ရွက်သွားမလဲ သိချင်ပါတယ်။

ဒေါ်ခင်မာဝင်း - အကြိမ်ကြိမ်ဆွေးနွေးဖူးပါတယ်။ ဆွေးနွေးပွဲတွေတက်ရောက်တဲ့အခါမှာ နေရပ်ပြန်သူတွေ အတွက် အခုဆိုရင် ရှားတောမြို့မှာ ရွေ့ပြောင်းတောင်ယာဖြစ်ဖြစ် တောင်ယာပဲဖြစြ်ဖစ် သူတို့အတွက်ကို ရည်ရွယ်ပြီးတော့ ပုံစံ(၇)မပေးသေးတာတွေရှိတယ်။ ဒါကြောင့်ကျွန်မတို့အစိုးရကိုတောင်းဆို မယ်။ အနည်းဆုံး သုံးနှစ်လောက်ကို ထောက်ပံ့ပေး သူတို့လုပ်ကိုင်စားသောက်ဖို့ကို နေရာပေး အဲလိုစဉ်းစားထားတယ်။ နောက်ပြီးတော့ တန်ဖိုးနည်းအိမ်ယာလေးတွေဆောက်ပေးဖို့အတွက် ကျွန်မတို့ ဆွေးနွေးဖူးတယ်။

မေး - လက်ရှိ ပြည်နယ်အစိုးရအနေနဲ့ နေရပ်ပြန်သူတွေကို ထောက်ပံ့ပေးမှုတွေရှိလား။

ဒေါ်ခင်မာဝင်း - ကျွန်မတို့ရှားတောမြို့မှာတော့မရှိဘူး။ ပါလောင်းမှာတစ်အိမ်ရှိတယ်။ မယ်စဲ့ဖက်မှာလည်းရှိတယ် လို့ကြားတယ်။ အဲဒီအတွက်က အမျိုးသမီးတွေကို စောင့်ရှောက်ပေးတာမျိုးတို့ ဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်ပေးထားတာမျိုးတို့ စောင့်ကြည့်ပေးနေတာတော့ ကြားရတယ်။

မေး - ထပ်ပြီးဖြည့်စွက်ပြောချင်တာတွေရှိရင်ပြောနိုင်ပါတယ်။

ဒေါ်ခင်မာဝင်း - ကျွန်မအနေနဲ့ အခုလွှတ်တော်ထဲပါလာတာ အမျိုးသမီးအရေးအတွက် ကိုယ့့်မြို့နယ်အတွက် ပြည်နယ်အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်မတကယ်ပဲ တာဝန်ထမ်းဆောင်တဲ့အခါကျရင်တော့ အကုန်လုံး အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပေးပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...