ယခင်ဝန်ကြီးများထက် ဘတ်ဂျက်ပိုမိုရရှိရေး ဆောင်ရွက်သွားမည်ဟု ဒေါ်လားရင့်မွန်ပြော

ယခင်ဝန်ကြီးများထက် ဘတ်ဂျက်ပိုမိုရရှိရေး ဆောင်ရွက်သွားမည်ဟု ဒေါ်လားရင့်မွန်ပြော

ယခင်ဝန်ကြီးများထက် ဘတ်ဂျက်ပိုမိုရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုနှစ်ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာတွင် အနိုင်ရရှိခဲ့သည့် ဒေါ်လားရင့်မွန်ကပြောသည်။

 

အရင်က သက်တမ်းတွေကထက် ဘတ်ဂျက်များများရနိုင်အောင် ကြိုးစားမယ်။ အရင် တိုင်းရင်းသားရေးရာဝန်ကြီးတွေအပေါ် အားမရတဲ့ပိုင်းတွေကိုလည်း သင်ခန်းစာယူပြီးတော့ ဖြည့်ဆည်းနိုင်အောင် ကြိုးစားမယ်” ဟု ၎င်းကပြောသည်။

 

၎င်းလက်ထက်တွင် ယခင်က မရှိခဲ့ဘူးသည့် တိုင်းရင်းသားရေးရာ အထောက်အကူပြုကော်မတီတစ်ခု ဖွဲ့စည်းသွားရန် စီစဉ်ထားပြီးသားသတ်လိုင်စင်နှင့်ပတ်သက်၍လည်း နေ့ထူးနေ့မြတ်များတွင် အခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်သွားမည်ဟုဆိုသည်။

 

“ကျွန်မအနေနဲ့ ပထမဆုံးတာဝန်ထမ်းဆောင်ရင် ပထမနဲ့ ဒုတိယသက်တမ်းမှာမရှိဘူးတဲ့ ရေးရာအထောက်ကူပြုကော်မတီဖွဲ့မယ်။ ဖြစ်နိုင်ရင် ချင်းတိုင်းရင်းသားအားလုံးရဲ့ ကောင်းရာကောင်းကျိုးလုပ်ချင်တယ်။ ကြိုးစားမယ်။ ရွာတိုင်းသွားတဲ့နေရာမှာ အသားသတ်လိုင်စင်နဲ့ပက်သက်ပြီး လွတ်ငြိမ်းခွင့်ရခဲ့တယ်။ ဥပဒေပြုခွင့်မရှိခဲ့တော့ ဒုတိယသက်တမ်းမှာ အခွင်ဆောင်ရတယ်။ ဆိုတာပြောကြတယ်။ အဲဒါနဲ့ပက်သက်ပြီး ကြိုးစားချင်တယ်။ ကျွန်မတို့ နေ့ထူးနေ့မြတ်တွေမှာ လုံးလုံးကင်းလွှတ်ခွင့်ရသင့်တယ်လို့ ယူဆပါတယ်” ဟု ဒေါ်လားရင့်မွန်ကပြောသည်။

 

ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်သည့်အခါ တွေ့ကြုံနိုင်သည့် အခက်အခဲများနှင့်ပတ်သက်၍ ချင်းလူမျိုးစုအနွယ်များအကြားတွင်ရှိသည့် မတူညီသော အယူအဆဓလေ့ထုံးများက ၎င်းအတွက် အခက်အခဲများဖြစ်ပေါ်နိုင်သည်ဟု ဒေါ်လားရင့်မွန်ကဆိုသည်။

 

“ချင်းတိုင်းရင်းသားတွေက လူမျိုးနွယ်စုများတော့ အယူဆ ဓလေ့ထုံးတွေလည်း မတူဘူးဆိုတော့ အဲဒီနေရာမှာ အခက်ရှိမယ်လို့ ထင်ပါတယ်” ဟု ၎င်းကပြောသည်။

 

သို့သော်လည်း ၎င်းအနေဖြင့် ပြည်သူလူထုနှင့် အဆက်အသွယ်မပြတ်ရန်နှင့် လူထုအတွက် အမြဲအသင့်ရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအနေနဲ့ ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်ဖို့၊ အမြဲအဆင်သင့်ရှိနိုင်ဖို့လည်း ကြိုးစားမယ်” ဟု ဒေါ်လားရင့်မွန်ကပြောသည်။

ဒေါ်လားရင့်မွန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှဖြစ်ပြီး ယခုနှစ်ရွေးကောက်ပွဲအား  စစ်ကိုင်းတိုင်းဒေ သကြီး ချင်းတိုင်းရင်းသားရေးရာနေရာ၌ ၎င်း၏ပြိုင်ဘက်များဖြစ်သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများဖြစ်သော ဦးတွန့်လမ်းထန်၊ ဦးဘွန်းဇနန်း၊ ဦးဘွာလ်နှောက်နှင့် ဦးလာထန်ကြွမ်းတို့ အပါအဝင် ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတတို့မှ ကိုယ်စားလှယ်လောင်းများနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...