သထုံခရိုင်တွင် ရွေးကောက်ပွဲဥဒေဖြင့် ဖွင့်ထားသည့်အမှု ၁၀ မှုနီးပါးရှိ

သထုံခရိုင်တွင် ရွေးကောက်ပွဲဥဒေဖြင့် ဖွင့်ထားသည့်အမှု ၁၀ မှုနီးပါးရှိ

မွန်ပြည်နယ် သထုံခရိုင်တွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ဖွင့်ထားသည့်အမှု ကိုးမှုရှိကြောင်း သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူး ဇော်ထွန်းက ဒီဇင်ဘာ ၇ တွင်ပြောသည်။

 

ရွေးကောက်ပွဲနှင့်ပတ်သက်၍ သထုံခရိုင်ရှိ ကျိုက်ထိုမြို့နယ် မြို့မရဲစခန်းတွင် နှစ်မှု၊ သိမ်ဇရပ်မြို့တွင် နှစ်မှု၊ ဘီးလင်းမြို့နယ်တွင် တစ်မှု၊ ပေါင်မြို့နယ်တွင် တစ်မှုနှင့် မုတ္တမမြို့တွင် တစ်မှုဖြစ်ကြောင်း သိရသည်။

 

အဆိုပအမှုများထဲတွင် ကျိုက်ထိုမြို့နယ်မှ နှစ်မှုသည် မဲနှစ်ကြိမ်ပေးရန် ကြိုတင်မဲလက်မှတ် နှစ်စောင်ထုတ်ပေးသည့် ဖြစ်စဉ်များအပေါ် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး သိမ်ဇရပ်မြို့မှ နှစ်မှုသည် မဲဆွယ်ကာလ အင်အားပြလှည့်လည်စဉ် အပြန်အလှန်ခိုက်ရန်ဖြစ်ပွားမှုများဖြစ်ကာ ဘီးလင်းမြို့နယ် တစ်မှုသည် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြိုတင်ဆန္ဒမဲကောက်ယူချိန် လာရောက်ဆဲရေးဆူပူခြင်းကြောင့် ဖွင့်ထားသည့်အမှုဖြစ်ကြောင်းနှင့် ပေါင်မြို့နယ်နှင့် မုတ္တမမြို့နယ်များမှအမှုသည် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ၊ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ရဲစခန်းတွင်ဖွင့်ထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

 

မွန်ပြည်နယ်တွင် သထုံနှင့် မော်လမြိုင်ဟူ၍ ခရိုင်နှစ်ခုရှိပြီး ပြည်နယ်တစ်ခုလုံးအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အမှုပေါင်း ၂၉ မှုရှိခဲ့ကာ ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ်ရှိ သက်ဆိုင်ရာ နယ်မြေရဲစခန်းအသီးသီးတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် စစ်ဆေးဆောင်ရွက်ဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

အဆိုပါ ၂၉ မှုတွင် အနိုင်ရကိုယ်စားလှယ်များ အမှုဖွင့်ခံရမှု လက်ရှိလဝကဝန်ကြီး ဦးထွန်းမင်းအောင်အပါအဝင် သုံးဦးရှိပြီး ဦးထွန်းမင်းအောင်ကို မြို့နယ်နှစ်ခုတွင်လည်းကောင်း၊ NLD ပါတီမှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်ကို မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် နိုဝင်ဘာ ၂၃ ရက်တွင် ချောင်းနှစ်ခွနယ်မြေ ရဲစခန်း၌လည်းကောင်း၊ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဦးကို ပြည်ခိုင်ဖြိုးပါတီ၏ မဲရုံကိုယ်စားလှယ်တစ်ဦးက မုပွန်နယ်မြေရဲစခန်းတွင်လည်းကောင်း အမှုဖွင့်တိုင်ကြားခံရခြင်းဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်များ၌ တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်းများအပါအဝင် ကိုယ်စားလှယ်လောင်းဦးရေ ၁၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ၁၇ ဦး၊ မွန်ညီညွတ်ရေးပါတီ (MUP) မှ ၆ ဦး စုစုပေါင်း ၂၃ ဦး ရွေးကောက်တင်မြှောက်ခရကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...