ချင်းပြည်နယ်တွင် NLD အောင်နိုင်ရေးအတွက် အလှူငွေထည့်ဝင်ကြသည့်ကုမ္ပဏီများကို ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းအတွက် ထန်တလန်မြို့နယ် NLD ပါတီ ဥက္ကဌ၏လက်မှတ်ဖြင့် ထောက်ခံပေးသည့်သဘော သက်ရောက်သော အစီရင်ခံစာ ပြီးခဲ့သည့်လက လူမှုကွန်ယက်တွင်ပျံနှံ့ခဲ့သည်။
ယင်းသို့ ပျံ့နှံ့ခဲ့သည့် အစီရင်ခံစာတွင် ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းများအတွက် လျှောက်ထားသည့် ကုမ္ပဏီခြောက်ခုနှင့် ကုမ္ပဏီပိုင်ရှင်များ၏ နာမည်စာရင်းဖော်ပြထားပြီး အောက်တွင်မှတ်ချက်အနေဖြင့် အထက်ဖော်ပြပါ ကုမ္ပဏီပိုင်ရှင်များသည် NLD ပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံကူညီကြသူများဖြစ်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်ဟု ဖော်ပြထားသဖြင့် လူမှုကွန်ယက်တွင် ဝေဖန်မှုများမြင့်တက်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်နယ်NLD က စုံစမ်းစစ်ဆေးပြီး ဗဟိုသို့တင်ပြထားသော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါကိစ္စရပ်အပေါ် အလွှာအသီးသီးမှလူပုဂ္ဂိုလ်တချို့၏ သဘောထားအမြင် များအား ဖော်ပြလိုက်ရပါသည်။
ပေါင်လွန်းမင်ထန်း (ချင်းပြည်နယ်အစိုးရအဖွဲ့၊လူမှုရေးဝန်ကြီး၊ ZCD ပါတီ)
“အဲဒါတင်ဒါနဲ့တော့မဆိုင်ဘူး။ သူတို့ request လုပ်တာဖြစ်တယ်။ သူတို့ request လုပ်ရင်လည်းရမယ် ဆိုတာ မျိုးလည်းမပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့ အဲလောက်ကြီးလည်း ရေးစရာမလိုဘူး။ အမှန်မှာကတော့ သူတို့မှားတာ။ သူတို့အဲလိုစာရင်းနဲ့တင်တာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ ကျွန်တော်တို့လည်း ဦးစားပေးတာမျိုး ရှိ တာပဲ။ စာတစ်စုံထွက်တယ်ဆိုရင် ထုတ်တဲ့လူကပိုအရေးကြီးတယ်လေ။ ဖြန့်တဲ့လူက အွန်လိုင်းမှာရောက် တာပြသနာမဟုတ်ဘူး။ အောင်နိုင်ရေးကော်မတီကတော့ တင်ဒါတောင်းပေးတာတော့ မဖြစ်သင့်ဘူးလေ။ ဝန်ကြီး နဲ့ရင်းနှီးရင်ပြောပေါ့။
ကိုထားတွောင် (Chin Mata)
“အဓိက ဒါကိစ္စကြီးက ရုပ်အဆိုးဆုံး လာဘ်ပေးမှုပဲ။ NLD အစိုးရအနေနဲ့ အဓိက တာဝန်ယူသင့်တယ်။ အောင်နိုင် ရေးဖက်က နောက်ထပ် Statement တစ်ခု ထွက်လာတာနဲ့မလုံလောက်ဘူး။ ဒီကိစ္စအပေါ် Action ယူရမယ်လို့ပဲ ပြော ချင်တယ်”
ဦးစောမြ (Khumi Affairs Coordination Council)
“အဲဒါမျိုးက ပါတီဗဟိုရဲ့မူဝါဒမျိုးတော့မဖြစ်နိုင်ဘူး။ သူတို့က အဲဒီမြို့နယ်ထဲမှာ ဖြစ်နေကြတာ။ Informal သ ဘောဖြစ်နေကြတယ်။ နောက်တစ်ချက်က ဟိုးအရင်ကတည်းက ဖြစ်ပုံပေါ်တယ်။ အခုကျမှပဲ စာတွေပေတွေနဲ့ ပေါ်လာတော့မှပဲ ကျွန်တော်တို့သိရတယ်။ အဲဒါမျိုးကျတော့ မဖြစ်အောင်ထိန်းသိမ်းသင့်တာပေါ့။ ဒီကိစ္စကတော့ ပြည်နယ်အောင်နိုင်ရေးနဲ့မပတ်သက်ဘူးထင်တာပဲ။ ဘယ်သူတွေနဲ့ဖွဲ့စည်းထားမှန်းမသိဘူး။ ထန်တလန် မြို့နယ်မှာ နီးစပ်ရာနဲ့ဖွဲ့စည်းတယ်လို့ပဲသိရတယ်။ တစ်ခြားနေရာမှာလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒီ informal ရထားတဲ့သတင်းကတော့ ဒီမှာပြောလို့လည်းမကောင်းဘူး။ အခုလိုတိတိကျကျ သတင်းရလာတော့ပဲ လူတွေရဲ့ အာရုံစိုက်မှုရလာတယ်”
ဆလိုင်းမာန်အွမ် (Third Eye)
“ကျွန်တော်ကတော့ ထူးဆန်းတယ်လို့မထင်ဘူး။ ပုတ်လို့ပေါ်တာ ဟုတ်လို့ကျော်တာလို့ပဲထင်တယ်။ အရင်က တည်းကသိနေပြီးသား။ အခုကတော့ အထောက်အထားနဲ့ reference လုပ်လို့ရတဲ့ဟာနဲ့ထွက်လာတာ။ ဒီလိုအ ထောက်အထားနဲ့ထွက်လာတာပဲ။ ဥပမာ လွှတ်တော်ဥက္ကဌကိုယ်တိုင်က တင်ဒါအနိုင်ရတဲ့ကုမ္ပဏီကို ပါတီရန်ပုံငွေ ဆိုပြီး သိန်းနှစ်ဆယ် စသည်အားဖြင့်တောင်းတယ်။ ဒီစာတွေကို ဟိုးအရင်ကတည်းက သိနေတာ။ အခုအဲဒီလို ထွက်လာတာကျတော့ အထောက်အထားအနေနဲ့ပြလို့ရတယ်။ ကျွန်တော်ကတော့ အဂတိလိုက်စားမှုလို့ထင်တာ ပဲလေ။ ကျွန်တော့အနေနဲ့လက်မခံနိုင်ဘူး။ ဒီအဂတိလိုက်စားမှုတကယ်မကြိုက်ဘူးဆိုရင် အဲဒီလိုထောက်ခံပေးတဲ့ ထန်တလန်NLD ဥက္ကဌတစ်ယောက်ထဲမှာပဲတာဝန်ရှိတာမဟုတ်ဘူးလို့ထင်တယ်။
ဦးယာကုတ်ထန် (ချင်းပြည်နယ် NLD အောင်နိုင်ရေးအဖွဲ့ဝင်)
“အခုကတော့ တာဝန်ရှိသူတွေကိုခေါ်ပြီး စစ်ဆေးမှုလုပ်နေတယ်။ အဲဒီမှာတော့ ကျတော်ပါဝင်ခွင့်မရဘူး။ အရေး ကြီးတာကတော့ စာရေးထားတာတွေမှာတွေ့မှာပါ။ ပါတီဘက်ကတော့ အဲလိုမလုပ်သင့်ဘူး။ ဒီဟာတော့ မမှန် ဘူး။ ဘယ်လိုဖြစ်လာမလဲတော့မသိသေးဘူး။ ကျွန်တော်တို့ကလည်း မကြိုက်ဘူး”
ဖွန်လျန်ဟရဲ (ထန်တလန် NLD-အတွင်းရေးမှူး)
“အမှန်တော့လူမှုရေးဝန်ကြီးကို သဘောရိုးနဲ့ ကျွန်တော်တို့က အဲဒီကုမ္ပဏီတွေကို တင်ဒါစည်းမျဉ်းစည်းကမ်းအ တိုင်းတင်ဒါအောင်ခဲ့ရင် အဲဒီကုမ္ပဏီတွေကို စဉ်းစားပေးဖို့၊ သူတို့က ပါတီဝန်းရံသူတွေ ဖြစ်တယ်ဆိုပြီး စာကိုပေး ထားတာဖြစ်တယ်။ ကုမ္ပဏီကပေးခိုင်းတာတော့မဟုတ်ဘူး။ ကျွန်တော်တို့ကသဘောရိုးနဲ့ပေးတာဖြစ်တယ်။ ကျွန် တော်တို့က အဲဒီစာမှာ ကုမ္ပဏီကို လုပ်ငန်းပေးပါဆိုပြီး ရေးတာမဟုတ်ဘူး။ လုပ်ငန်းပေးဖို့မရေးပါဘူး။ အဲဒီစာကို တစ်ခြားဝန်ကြီးကိုလည်းမပေးဘူး။ လူမှုရေးဝန်ကြီးကိုပဲပေးတယ်။ လူမှုရေးဝန်ကြီးက ကျွန်တော်တို့ပါတီက မ ဟုတ်တာလည်းသိတယ်။ ထန်တလန်မြို့နယ်မှာကျောင်းကအများကြီးဆိုတော့ စဉ်းစားပေးမလားဆိုပြီးတော့ တင်ပြထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့က တင်ဒါဆိုတာက တင်ဒါအောင်တဲ့သူ ရသင့်ရထိုက်တာဖြစ်တယ်။ တင်ဒါစည်းမျဉ်းစည်းကမ်းနဲ့ ရသင့်တာဖြစ်တယ်။ ရပိုင်ခွင့်တော့ ရှိတယ်။ ကျွန်တော်တို့ရေးတာလည်း ဒီကုမ္ပဏီ ကို ပေးပါဆိုလိုတာလည်းမရှိပါဘူး။ ရွေးကောက်ပွဲကာလအတွင်းမှာ သူတို့လှူထားတာလည်းမရှိဘူး။ ပါတီစည်း ရုံးရေး စကားအသုံးအနှုန်းလေးမှားတာဖြစ်မယ်။ ဟိုးအရင်ကတော့ ထိုင်ခုံကိစ္စ၊ ဆိုင်ကယ်ကိစ္စစျေးတွေနဲ့တွက် ပေးတာရှိတယ်။ လှူထားတဲ့နှုန်းလည်း နည်းနည်းကွာသွားပြီ”
ဆလိုင်းကျဲအိုဘိခ်ထောင်း (အထွေထွေအတွင်းရေးမှုး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
“NLD ပါတီက လုပ်ဆောင်တာဖြစ်တဲ့အတွက်ကြောင့် အရေးယူဆောင်ရွက်မှုတွေမှာ တာဝန်ယူမှုဘယ်လိုကိုင် တွယ်မလဲဆိုတာကတစ်ပိုင်း၊ အဲဒါနဲ့ပတ်သက်ပြီးတော့ အဲန်အယ််ဒီပြည်နယ်အဆင့်ကော်မတီကနေ ကြေညာချက် ထုတ်တာရယ်၊ နောက်အခုသိရတာက ထန်တလန်မြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကနေပြီးတော့ စစ်ဆေး တဲ့ဟာကို ကျွန်တော်တို့ကတော့ အားမလိုအားမရဖြစ်တယ်။ ဒီကိစ္စက ထန်တလန်မြို့မှာပဲရှိတဲ့ ကိစ္စမဟုတ်ဘူးလို့ ကျွန်တော်တို့ယူဆတယ်။
ဆလိုင်းဇအုပ်လိန်း (ချင်းလူ့အခွင့်အရေးအဖွဲ့)
“ကျင့်ဝတ်ပိုင်းဆိုင်ရာပေါ့။ စုံစမ်းစစ်ရေးတော့လုပ်သင့်တယ်။ လူထုတွေသိနိုင်ဖို့အတွက်ပေါ့။ တစ်ခြားတိုင်းပြည် မှာဆိုရင် ပါလီမန်ကျင့်ဝတ်ပိုင်းဆိုင်ရာကော်မတီရှိတယ်။ လူထုသိရှိနိုင်မယ့်နေရာမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေ ချိုးဖောက်မှုရှိမရှိကတော့ စုံစမ်းစစ်ဆေးတာမျိုးတော့ လုပ်သင့်တယ်”
ဆလိုင်းငယ်ပီး (လွှတ်တော်ကိုယ်စားလှယ်လောင်း)
“အလိုမျိုးကမြို့နယ်တိုင်းမှာဖြစ်ပါတယ်။ အဲသလိုမျိုးမပေါက်ကြားတာပဲဖြစ်ပါတယ်။ ဖလမ်းမှာလည်းအဲသလိုရှိ ပါတယ်။ ဒါပေမယ့် ထန်တလန်လိုမဖြစ်တာပဲရှိပါတယ်။ ကျွန်တော်တို့အားလုံးသိနေပါတယ်။ သူတို့အရှိတိုင်းဖော် ပြတာလို့ပဲ မြင်ပါတယ်။ သန့်သန့်ရှင်းရှင်းဖြစ်စေချင်တယ်။ ဒါကြောင့် လည်း ကျတော်တို့ သန့်သန့်ရှင်းရှင်း မဲ ဆွယ်ခဲ့ပါတယ်။ ဘယ်အစိုးရတက်လာမလဲဆိုတာကိုလည်း ကျတော်တို့မြင်ထားတယ်။ ကျွန်တော်တို့က ပြောင်း လဲချင်ပေမယ့် ရှုံးသွားတယ်”