ကယားပြည်နယ်တွင် ရွေးကောက်ခံရသည့်အမတ်များ၏ ကတိကဝတ်များ

ကယားပြည်နယ်တွင် ရွေးကောက်ခံရသည့်အမတ်များ၏ ကတိကဝတ်များ
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ် မဲဆန္ဒနနယ်အသီးသီးတွင်း အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ကတိပေးခဲ့သည်၊ မည်သည့်ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်မည်၊ ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို မည်သို့ မြှင့်တင်ပေးမည် စသဖြင့်သိရှိစေရန် ယင်းပြည်နယ်မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။

ခူးမိုက်ကယ်ဘိုးရယ် (ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် - KySDP)

“ကျွန်တော့်အနေနဲ့ လက်ရှိလူထုတွေရဲ့အခြေအနေကို ဒေသခံလူငယ်တစ်ယောက်အနေနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပိုမိုတိုးတက်ဖို့ အမြဲပြောခဲ့တယ်။ လူထုတွေရဲ့စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့တွေ ရုပ်ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲဖို့တွေ ကျွန်တော်က ဦးတည်ပြီးတော့မှ ဆောင်ရွက်မယ်။ လက်ရှိ ရှားတောအနေအထားဆိုရင်လည်း လူထုတွေရဲ့ဆန္ဒနဲ့ ကျွန်တော်တို့လွှတ်တော်ထဲမှာလုပ်ပေးရမယ့်အရာတွေနဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာဖြစ်တယ်”

ဦးခင်မောင်ဖြူ (ခ) ဗျားဒူ (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် - NLD)

“ပြီးခဲ့တဲ့ ငါးနှစ်တုန်းက ဝန်ကြီးအနေနဲ့လုပ်ခဲ့တယ်။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးတို့ လျှပ်စစ်ကဏ္ဍ တို့ တော်တော်လေး ကြိုးစားပြီးလုပ်ခဲ့ပါတယ်။အခုဆက်ပြီး ကိုယ်စားလှယ်အရွေးခံရတဲ့နောက်ပိုင်းမှာလည်း ကျ တဲ့တာဝန်အပေါ် မူတည်ပြီးတော့မှ ဆက်ပြီးအကောင်းဆုံး တာဝန်ထမ်းဆောင် သွားပါမယ်။ ပြည်သူတွေကို ပေးချင်တဲ့မက်ဆေ့ကေတာ့ ပြည်သူတွေက ကျတော်တို့ကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးလိုက် တယ်ဆိုတော့ ပြည်သူတွေကတာဝန်ကျေပါပြီ။ ကျွန်တာ်တို့တာဝန်ပြန်ကျေရတော့မယ်။ ကျွန်တော့်မဲဆန္ဒနယ်မှာရှိတဲ့ ပြည်သူ တွေနဲ့ အမြဲတမ်းလိုလို ထိတွေ့ချိတ်ဆက်ပြီးတော့မှ သက်ဆိုင်ရာ ကျေးရွာတွေ ရပ်ကွက်တွေရဲ့လိုအပ်ချက်တွေ ဘာတွေရှိမလဲ။ အချိန်ရရင်ရသလိုပေါ့ အမြဲတမ်းထိတွေ့သွားမယ်။ ပြည်သူတွေကနေ မဲပေးလိုက်ပြီးတော့မှ လုံးဝမတွေ့ရတော့ဘူး။ တစ်ချို့နေရာမှာဆိုရင် ဘယ်လိုပြောလဲဆိုတော့ မှိုတောင်မှ တစ်နှစ်တစ်ခါပေါ်လာသေး တယ်တဲ့ ကိုယ်စားလှယ်တွေကတော့လုံးဝမတွေ့ရဘူးပေါ့။ ဒါမျိုးတော့ ကျွန်တော်အဖြစ်မခံပါဘူး။ ဒါကျတော့ ရဲရဲ ဝံ့ဝံ့ကတိပေးရဲပါတယ်”

ဦးစိုင်းလှသိန်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် - NLD)

“တချို့ဒေသမှာ ကန့်သတ်နယ်မြေတွေဖြစ်တယ်။ အဲဒီနေရာမှာ လမ်းတွေ အဆောက်အဦးတွေ ဆောက်ချင်တယ်။ မရသေးဘူး။ ရရှိသွားအောင် သက်ဆိုင်ရာ ပြည်ထောင်စုကိုယ်စားလှယ်နဲ့ညှိပြီးမှ ဆက်လုပ်သွားမယ်။ ဒီကပြည်သူတွေတော်တော်များများက လက်လုပ်လက်စားတွေဖြစ်တယ်။ ပိုင်ဆိုင်မှုတွေရရှိလာအောင် သူတို့အကျိုးခံစားခွင့်တွေရရှိလာအောင် ကျတော် လွှတ်တော်မှာ စွမ်းစွမ်းတမံဆောင်ရွက်သွားမယ်လို့ ကတိပေးပါတယ်”

ဒေါ်နန်းထွေးသူ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် - NLD)

“မော်ချီးဒေသဆိုရင် လူဦးရေများတယ်။ ပြီးတော့ ရွေ့ပြောင်းတွေလည်းများတယ်။ သတ္တုထုတ်တဲ့နေရာဆိုတော့လေ။ စနစ်တကျအမှိုက်စွန့်ပစ်မှုက အရမ်းအားနည်းနေတယ်။ စနစ်တကျစွန့်ပစ်နိုင် အောင် သေသေချာချာလေး ရွာမှာဆိုရင်လည်း အမှိုက်ကင်းစင်ရေးတွေလုပ်နေတာ ထိရောက်မှုတော့အားနည်း တယ်။ ဘာလို့အားနည်းလဲဆို ရင် ဧည့်သည်တွေများတယ် ရွေ့ပြောင်းတွေပဲများပြီးတော့ ဧည့်သည်အနေနဲ့လာပြီးမှ စီးပွားရေးတွေလာရှာ ကြ တဲ့အခါမှာ အမှိုက်ကိုစနစ်တကျဆောင်ရွက်မှု အားနည်းတဲ့အခါကျတော့ အမစိတ်ထဲမှာ ဒီအမှိုက်တွေနဲ့ပတ် သက် ပြီးတော့မှ သေချာဆောင်ရွက်သွားဖို့က ပထမဆုံးတစ်ချက်အနေနဲ့ ခေါင်းထဲမှာရှိတာပါ။ ကျွန်မလုပ်ပေးချင်တာ ပါ”

ဦးအေးရွှေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် - USDP)

“သူတို့လိုတဲ့ဟာတော့ အဓိက လမ်း၊ ကျောက်ချောလမ်းဆိုရင် ကတ္တရာလမ်းတင်ဖို့ ကျတော်ရည်ရွယ်ထားပါ တယ်။ လူငယ်အလုပ်အကိုင်အခွင့်လမ်းနဲ့ပတ်သက်လို့ ဒီမှာဆို ဆယ်တန်းအောင်တဲ့ကလေးတွေ အများကြီးရှိ တယ်ပေါ့နော်။ သို့သော် အလုပ်ရရှိတဲ့အတိုင်းအတာတော့နည်းတယ်။ ဆယ်တန်းအောင်တဲ့ကလေးတွေကို သင့် တော်တဲ့ အလုပ်တွေရှာဖွေပေးဖို့ မျှော်မှန်းထားပါတယ်။ ကျွန်တော်က အမှတ် ၄ နယ်မြေဆိုတော့ အထူးသဖြင့် ရွာသစ်ဖက်ခြမ်းပိုပြီးလုပ်ပေးရမှာပေါနော။ သို့သော် အားလုံးကိုခြုံပြီးတော့လုပ်ပေးရမှာပဲ။ပြီးတော့ ရွာသစ်လမ်း ကို ဦးတည်ထားပြီးတော့မှ အခုလမ်းက ကျဉ်းသေးတယ်။ ချဲ့သင့်တဲ့နေရာချဲ့မယ်။ လမ်းအဆင့်မြှင့်တင်ဖို့ မေးခွန်း မေးပြီး ဆောင်ရွက်သွားမယ်လို့ မျှော်မှန်းထားပါတယ်။

ဦးကျော်သန်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် - USDP)

“ကျွန်တော်တို့ပါတီကလည်း အာမခံချက်တွေပေးထားတာရှိပါတယ်။ အဲ့ထဲမှာဒေသနဲ့ အံ့ဝင်ခွင်ကျဖြစ်ထားတာ ဆိုလို့ တောင်သူတွေပေါ့နော်။သူတို့ကုန်ကျစရိတ်သက်သာအောင် မိမိတို့ရဲ့ထွက်ကုန်တွေကိုဖြစ်ရေး ကျွန်တော်တို့ ပါတီက မူဝါဒပေးထားရှိပါတယ်။ နောက်ပြီးတော့ လယ်သမားတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ပါတီသာ အစိုးရ ဖွဲ့နိုင်ခဲ့မယ်ဆိုရင် တောင်သူလယ်သမားဝန်ကြီးဌာနတစ်ခုကိုတိုးချဲ့ပြီးဖွဲ့စည်းဖို့ အစီအစဉ်ရှိတယ်။ အဲဒါတွေ ဖွဲ့စည်းနိုင်မယ်ဆိုလို့ရှိရင်တော့ တောင်သူတွေအတွက် တစ်စိုက်မတ်မတ်ဆောင်ရွက်နိုင်တဲ့ ဝန်ကြီးဌာနတစ်ခုပေါ် လာမယ်။ အဲလိုဆိုရင် ကျတော်တို့ဒေသမှာရှိတဲ့တောင်သူတွေ၊ လယ်သမားတွေ၊ ယာသမားတွေအတွက် ကြီးမား တဲ့မျှော်လင့်ချက်တစ်ခုဖော်ဆောင်ပေးနိုင်မယ်လို့ယုံကြည်ပါတယ်။ အဲဒီအတိုင်းလည်း ကျွန်တော်တို့ဒေသနဲ့ကိုက် ညီတဲ့ ထွက်ကုန်တွေကို ဈေးအမှန်အကန်ရအောင်ပေါ့နော ဦးစားပေးဆောင်ရွက်ဖို့ ပြည်ထောင်စုကိုယ်စားလှယ် ဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုကိုတိုက်တွန်းဖို့ အကြံပေးဖို့ ရှိပါတယ်”

ဒေါ်အယ်ဗလင်း (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် - KySDP)

“ပညာရေးကအဓိကဖြစ်နေတယ်။ ပြည်သူလူထုတွေ ပညာတတ်မှုကိုမြှင့်တင်ရလိမ့်မယ်ပေါ့နော်။ ဒါမှပဲသူများ လာဦးဆောင်တာထက် ကိုယ့်ရဲ့ဒေသမှာကိုယ်ကိုယ်တိုင်ဦးဆောင်နိုင်မယ့်အရည်အချင်း ဒီနေရာမှာပေါ်ထွက်လာ မှာဖြစ်တယ်။ ဒါကြောင့်မလို့ ပညာရေးကိုတော့ ရေရှည်မှာ တစ်စိုက်မတ်မတ်မြှင့်တင်လာအောင်၊ မြို့ပေါ်ပညာရေးပဲမဟုတ်ဘဲ ကျေးလက်ဒေသထိပါ အကျုံးဝင်တဲ့၊ကျေးလက်ဒေသကိုဦးစားပေးနိုင်တဲ့ ပညာရေး ကို ပုံဖော်ရမှာဖြစ်တယ်”

ဦးဒီးဒီ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် - KySDP)

“ဖရူဆိုမြို့နယ်ကတော့ ရေရှိရေးကိုကြိုးစားသွားမယ်။ ဒုတိယကတော့ ဖွံ့ဖြိုးရေးပြောရမှာပေါ့နော်။ အသိအမြင်ကျယ်ပြန့်ရေးပေါ့။ ပညာရေးကိစ္စတွေရအောင်လုပ်မယ်။ နောက်တစ်ခုက ဘတ်ဂျက်ပေါ့။ များများ ရဖို့ပေါ့။ ကျတော်တို့ဖရူဆိုက နည်းနည်းလျစ်လျူရှုခံရတဲ့အနေအထားရှိတယ်။ ဆိုတော့ ဘတ်ဂျက်ဘယ်လောက် ရလဲပေါ့နော်။ ဘယ်ကဏ္ဍမှာဘယ်လိုသုံးလဲ။ ပြီးခဲ့တဲ့နှစ်အစဉ်အဆက်ပေါ့။ ဘယ်လောက်ရလဲ အခြားမြိူ့နယ်နဲ့ ယှဉ်ရင် နည်းလား၊များလား။ ဘတ်ဂျက်နဲ့ပတ်သက်ရင်တော့ ပြည်သူတွေသိအောင်ပေါ့နော်၊ မြို့နယ်လည်း ရသင့်ရထိုက်တာတွေ ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်”

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...