ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) အနေဖြင့် ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်းများကို နိုဝင်ဘာ ၁၅ ရက်တွင် အပြီးသတ်ကြေညာနိုင်ခဲ့ပြီး NLD ပါတီက လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မြေများတွင် စုစုပေါင်း ၉၂၀ ဦးဖြင့် အများဆုံးအနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ UEC ၏ကြေညာချက်အရ လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် မြေများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉၂၀ ဦး၊ ပြည်ထောင်စုနှင့်ကြ့ခိုင်ရေးပါတီက ၇၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄၂ဦး၊ ရခိုင်အမျိုးသားပါတီက ၁၅ ဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီက ၁၂ ဦး၊ မွန်ညီညွတ်ရေးပါတီက ၁၂ ဦး၊ ပအိုဝ်းအမျိုးသား ဒီမိုကရေစီအဖွဲချုပ်ပါတီက ၁၁ ဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ရှစ်ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက လေးဦး၊ ရခိုင့်ဦးဆောင်ပါတီက သုံးဦး၊ ‘ဝ’ အမျိုးသားပါတီက သုံးဦး၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီက နှစ်ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နှစ်ဦး၊ လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီက နှစ်ဦး၊ ဒီမိုကရေစီပါတီသစ် (ကချင်) က နှစ်ဦး၊ ကယန်းအမျိုးသားပါတီက တစ်ဦး၊ ကရင်ပြည်သူ့ပါတီက တစ်ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက တစ်ဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်ဦးနှင့် တ်စသီးပုဂ္ဂလ နှစ်ဦးတို့ဖြစ်ကြောင်းသိရသည်။
လွှတ်တော်အလိုက် ရွေးကောက်ခံရမှုအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော် တွင် ၁၅၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၃၈ ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်တွင် ၅၀၁ ဦး၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒ နယ်တွင် ၂၃ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော်တွင် ၂၆ ဦး၊ အမျိုးသားလွှတ်တော်တွင် ခုနစ်ဦး၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်တွင်၊ ၃၈ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၁၃ ဦး၊ အမျိုးသားလွှတ်တော်တွင် နှစ်ဦး၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်တွင် ၂၇ ဦး၊ ရခိုင်အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော်တွင် လေးဦး၊ အမျိုးသားလွှတ်တော်တွင် လေးဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်တွင် ခုနစ်ဦး၊ တအောင်း (ပလောင်) အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော်တွင် သုံးဦး၊ အမျိုးသားလွှတ်တော်တွင် နှစ်ဦး၊ တိုင်းနှင့်ပြည်နယ်တော်တွင် ခုနစ်ဦး၊ မွန်ညီညွတ်ရေးပါတီသည် ပြည်သူ့လွှတ်တော်တင် နှစ်ဦး၊ အမျိုးသားလွှတ်တော်တွင် သုံးဦး၊ တိုင်းနှင့်ပြည်နယ်တွင် ခြောက်ဦး၊ တိုင်းရင်းသားမဲဆန္ဒနယ်တွင် တစ်ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ပြည်သူ့လွှတ်တော်တွင် သုံးဦး၊ အမျိုးသားလွှတ်တော်တွင် တစ်ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်တွင် ခုနစ်ဦးတို့ဖြစ်သည်။
ထို့ပြင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသည် ပြည်သူ့လွှတ်တော်တွင် နှစ်ဦး၊ အမျိုးသားလွှတ်တော်တွင် သုံးဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်တွင် သုံးဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ပြည်သူ့လွှတ်တော်တွင်တစ်ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်တွင် လေးဦး၊ရခိုင့်ဦးဆောင်ပါတီသည် ပြည်သူ့လွှတ်တော်တွင် တစ်ဦး၊ တိုင်းနှင့်ပြည်နယ်တွင် နှစ်ဦး၊ ‘ဝ’ အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော်တွင် တစ်ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်တွင် နှစ်ဦးတို့ရွေးကောက်ခံခဲ့ရကြောင်း သိရသည်။
ဆက်လက်၍ လားဟူးအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် တိုင်းနှင့်ပြည်နယ်လွှတ်တော်တွင် တစ်ဦး၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် တစ်ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့လွှတ်တော်တွင် တစ်ဦး၊တိုင်းနှင့်ပြည်နယ် လွှတ်တော်တွင် တစ်ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် တိုင်းနှင့်ပြည်နယ်လွှတ်တော်တွင် တစ်ဦး၊ တိုင်းရင်းသားမဲ ဆန္ဒနယ်တွင် တစ်ဦး၊ ဒီမိုကရေစီပါတီသစ်(ကချင်)သည် အမျိုးသားလွှတ်တော်တွင် တစ်ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်တွင် တစ်ဦး၊ ကယန်းအမျိုးသားပါတီသည် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် တစ်ဦး၊ ကရင်ပြည်သူ့ပါတီသည် တိုင်းနှင့်ပြည်နယ် လွှတ်တော်တွင်တစ်ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီသည် တိုင်းနှင့်ပြည်နယ် လွှတ်တော်တွင် တစ်ဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တိုင်းနှင့်ပြည် နယ်လွှတ်တော်တွင် တစ်ဦး၊နှင့် တစ်သီးပုဂ္ဂလအနေဖြင့် တိုငးနှင့်ပြည်နယ်လွှတ်တော်တွင် နှစ်ဦး၊ တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်တွင် နှစ်ဦး အသီးသီးရွေးကောက်ခံရကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၁၅ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၁ နယ်၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၁၂ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၁၁၁၇ နယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
NLD ပါတီသည် ယခုနှစ်ရွေးကောက်ပွဲတွင် ၂၀၁၅ ခုနှစ်ကထက် ၃၄ နေရာပိုမိုအနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် ခြောက်နေရာ၊ တိုင်းနှင့်ပြည်နယ်များတွင် ၂၆ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များတွင် နှစ်နေရာ ပိုမိုအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
USDP ပါတီသည် ယခုနှစ်ရွေးကောက်ပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲကထက် ၄၆ နေရာ လျော့နည်းသွားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် ရှစ်နေရာ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်တွင် ၃၆ နေရာ၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် နှစ်နေရာ လျော့နည်းခဲ့ခြင်းဖြစ်သည်။