ပူတာအိုမြို့နယ် ပြည်ပရောက်မြန်မာများ၏ ကြိုတင်မဲများတွင် ဆန္ဒမဲမပေးထားသည့် မဲအလွတ်များပါရှိလာ

ပူတာအိုမြို့နယ် ပြည်ပရောက်မြန်မာများ၏ ကြိုတင်မဲများတွင် ဆန္ဒမဲမပေးထားသည့် မဲအလွတ်များပါရှိလာ

ပူတာအိုမြို့နယ် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲများတွင် ဆန္ဒမဲမပေးထားသည့် မဲအလွတ် ၁၂ စောင်ပါရှိခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

ပြည်ပမှ ပူတာအိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ရောက်ရှိလာသည့် ကြိုတင်မဲ စုစုပေါင်း ၃၉ မဲရှိပြီး မဲအလွတ်များပါဝင်လာခြင်းသည် ပြည်ပရောက်မြန်မာနိုင်ငံသားတချို့အနေဖြင့် ကိုဗစ်ဖြစ်ပွားမှုများကြောင့် သတ်မှတ်ထားသောအချိန်တွင် သံရုံးများအထိ သွားရောက်ပြီး ဆန္ဒမပြုနိုင်သည့်အတွက် ယခုလို မဲအလွတ်များပါရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ပူတာအိုမြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဖုန်ဝတ်က သုံးသပ်သည်။

“ဆန္ဒမပြုပဲရောက်လာတွေရှိတယ်။ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲလုပ်တဲ့အခါမှာ ပါတီကိုယ်စာလှယ်လောင်းတွေအကုန်လုံးခေါ်ပြီး ချပြပြီးတော့မှပဲ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၂ မဲအလွတ်ရောက်လာတယ်။ ၂၇ မဲက ဆန္ဒပြုထားတယ်ပေါ့လေနော်” ဟု ဦးဖုန်ဝတ်က ပြောသည်။

ပူတာအိုမြို့သို့ ရောက်ရှိလာသည့် မဲအလွတ် ၁၂ မဲကို ပယ်မဲအဖြစ်သတ်မှတ်ခဲ့ကြောင်း ဦးဖုန်ဝတ်က ဆက်လက်ပြောသည်။

မြို့နယ်ကော်မရှင်အဆင့်တွင် ဆောင်ရွက်သည့် ကြိုတင်မဲ သုံးမျိုးရှိပြီး ၎င်းတို့မှာ ပြည်တွင်းမဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲများ၊ ပြည်ပရောက် ကြိုတင်မဲများ၊ တပ် ကြိုတင်မဲများဟူ၍ဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာနိုင်ငံများအနေဖြင့် ကြိုတင်မဲများကို အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အထိ ပေးခဲ့ကြခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...