NLD မဲရုံကိုယ်စားလှယ်တစ်ဦး တားမြစ်ချက်အချို့ကိုကျော်လွန်လုပ်ဆောင်မှု ဖားအံမဲရုံတစ်ခုတွင်ဖြစ်ပွား

NLD မဲရုံကိုယ်စားလှယ်တစ်ဦး တားမြစ်ချက်အချို့ကိုကျော်လွန်လုပ်ဆောင်မှု ဖားအံမဲရုံတစ်ခုတွင်ဖြစ်ပွား
by -
စောထွန်းလင်း (KIC)

NLD မှ မဲရုံကိုယ်စားလှယ်တစ်ဦး မဲရုံအတွင်း တားမြစ်ချက်အချို့ကို ကျော်လွန်လုပ်ဆောင်မှု ကရင်ပြည်နယ် ဖားအံမြို့နယ် ကော့ထော် ကျေးရွာအုပ်စုမဲရုံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမဲရုံတွင် ကြိုတင်မဲလာပေးသူများကို NLD ပါတီ၏ မဲရုံကိုယ်စားလှယ်က မလိုအပ်ဘဲ မဲပေးပုံ လိုက်လံရှင်းပြမှုများပြုလုပ်ခဲ့ပြီး မဲရုံအတွင် ထိုသို့ပြုလုပ်ခြင်းတားမြစ်ထားကြောင်း သိရသည်။

NLD ရင်ထိုးတံဆိပ်တပ်ဆင်ထားသော မဲရုံကိုယ်စားလှယ်တစ်ဦးသည် မဲလာပေးသူများကို မည်ကဲ့သို့ မဲလက်မှတ်များရယူကာ မည်သို့ မဲပေးရသည်ကို မဲရုံအတွင်း လိုက်လံရှင်းပြမှုကို ယနေ့ (အောက်တိုဘာ ၂ ရက်) နံနက်ပိုင်းတွင် တောက်လျှောက်ပြုလုပ်ခဲ့ပြီး ထိုသို့ မပြုလုပ်ရန် ဆိုင်ရာတာဝန်ရှိသူများက ယခင်ကတည်းက အသိပေးထားပြီးဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

“မဲလာပေးသူတွေကို မဲရုံစောင့်ကြည့်တဲ့ ပါတီကိုယ်စားလှယ်တွေက အဲလိုလိုက်ရှင်းပြတာတော့ လုပ်လို့မရဘူး။ အခုဖြစ်စဉ်ကိုတော့ ကျနော် အချိန်ပြည့်မရှိတဲ့အတွက် မသိလိုက်ဘူး” ဟု ကော့ထော်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမြင့်အောင်က ပြောသည်။  

ယခုလို မဲပေးချိန်တွင် မဲရုံအတွင်း မဲပေးမှုပုံစံများရှင်းပြခြင်းကို မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများကသာ လုပ်ဆောင်ခွင့်ရှိပြီး ရွေးကောက်ပွဲဝင် ပါတီများ၏ မဲရုံကိုယ်စားလှယ်များအနေဖြင့် စောင့်ကြည့်ရန်သာ တာဝန်ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ကော့ထော်ကျေးရွာအုပ်စုတွင် မဲရုံသုံးရုံရှိပြီး မဲပေးခွင့်ရှိသူ ၄၀၀၀ နီးပါးရှိပြီး ကြိုတင်မဲများကို အောက်တိုဘာ ၃၀ ရက်တွင် စတင်ကောက်ယူခဲ့ကာ ကြိုတင်မဲပေးရန် စာရင်းပေးထားသူ မဲဆန္ဒရှင် ၁၀၀၀ ခန့်ရှိကြောင်းနှင့် မဲရုံနေရာပေါ်မူတည်ကာ ရက်အလိုက် ကြိုတင်မဲပေးခြင်းကို လုပ်ဆောင်လျက်ရှိပြီး ယခုအခါ မဲရုံတစ်ရုံကို ကြိုတင်မဲပေးရန် ဖွင့်လှစ်ထားကာ တပ်မတော်သားများပါ ကြိုတင်မဲပေးလျက်ရှိကြောင်း ကျေးရွာကော်မရှင်မဖွဲ့ခွဲထံမှ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...