နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ချင်းပြည်နယ် ထန်တလန်မြို့က ဒေသခံပြည်သူများအနေဖြင့် မည်သို့သောလွှတ်တော်ကိုယ်စားလှယ်မျိူးရွေးချယ်ကြမည်လဲ၊ အသစ်တက်လာမည့် အစိုးရကို မည်သည်တို့ကိုဦးစားပေးလုပ်စေချင်သလဲစသည်ကိစ္စရပ်များနှင့် ပတ်သက်၍ ထန်တလန်မြို့က ဒေသခံပြည်သူများ၏ သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ပါတယ်။
Anna Par Dawh Chin (Civil Engineer)
“ကျွန်မအမြင်ကတော့ လာမယ့်ရွေးကောက်ပွဲမှာ ရွေးချယ်ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကတော့ ရွေးကောက်ပွဲပြီးရင်လည်း ပြည်သူနဲ့မကင်းကွာအောင် အမြဲတမ်းအဆက်အသွယ်ရှိပြီးတော့ ပြည်သူ့အသံကိုနားထောင်တဲ့သူကို ရွေးချယ်ချင်တယ်၊ ကျမအနေနဲ့ကတော့ လူငယ်တွေကို ဉီးစားပေးပြီးတော့ လူငယ်တွေရဲ့အခွင့်အရေးကို စဉ်းစားပေးတဲ့ အစိုးရ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးနိုင်တဲ့အစိုးရ ပြည်သူတွေတိုးတက်ဖို့အတွက် ဦးစားပေးတဲ့အစိုးရကို လိုချင်ပါတယ်”
Salai Henry Van Tha Peng (Thantlang Youth Association)
“ကျွန်တော်တို့ လူမျိုးကိုကိုယ်စားပြုနိုင်ပြီးေတာ့ လူမျိုးချစ်စိတ်ရှိတဲ့သူကို ရစေချင်တယ်။ အခုတက်လာမယ့် အစိုးရသစ်အနေနဲ့ ကျွန်တော်တို့ ချင်းလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားတွေကို ဦးစားပေးပြီး လုပ်စေချင်တယ်။ ပြီးတော့ ပညာရေးပိုင်းက အရေးကြီးဆုံးဖြစ်တဲ့အတွက် ပညာရေးပိုင်းကိုလည်း ဉီးစားပေးစေချင်တယ်”
Dawt Tial (အလှပြင်လုပ်ငန်းလုပ်ကိုင်သူ)
“ကျွန်မအနေနဲ့ ပြင်ဆင်ထားတာကတော့ ချင်းပါတီ၊ဗမာပါတီ အဲလိုမဟုတ်ဘဲနဲ့ အလုပ်ပိုလုပ်နိုင်တဲ့ လူပုဂ္ဂိုလ်အနေနဲ့ဘဲ ကြည့်ပြီးမဲပေးမယ်လို့ပြင်ထားပါတယ်။ ခုတက်လာမယ့်အစိုးရအနေနဲ့ ဆယ်တန်းအောင်တွေကိုလည်း အလုပ်ရနိုင်အောင် ဆောင်ရွက်ပေးစေချင်တယ်။ ဆယ်တန်းအောင်ပြီး အလုပ်မရတဲ့သူတွေအရမ်းများနေတယ်။ အဲဒါကြောင့် ဆယ်တန်းအောင်ဖြစ်ဖြစ် မအောင်ရင်ဘဲဖြစ်ဖြစ် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးစေချင်ပါတယ်”
Jenny Dawt Chin Tial (ကုန်စုံဆိုင်ဖွင့်လှစ်ထားသူ)
“အရေးကြီးဆုံးအနေနဲ့ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့သူ၊ ပြီးတော့ ပြည်သူတွေနဲ့ အမြဲထိတွေ့ပြီးတော့ ပြည်သူတွေကို ကိုယ်စားပြုနိုင်မဲ့ ကိုယ်စားလှယ်မျိုးကို လိုချင်ပါတယ်။ ထန်တလန်အနေနဲ့ ဆေးရုံပိုင်းမှာ မပြည့်စုံဘူးလို့ ကျမထင်တယ်။ ဖျားတာတို့နာတာတို့ဆိုရင် ဟားခါးတို့ ဖလမ်းတို့ကိုဘဲ သွားနေရတဲ့အတွက် ထန်တလန်အနေနဲ့ ဆေးရုံပိုင်းမှာ ပြည့်ပြည့်စုံစုံလေးဖြစ်စေချင်တယ်”