ကယားပြည်နယ်တွင် USDP ကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ချခံရ၊ ပြန်လည်တုန့်ပြန်မှုများပြုလုပ်မည်ဟု ပယ်ချခံရသူပြော

ကယားပြည်နယ်တွင် USDP ကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ချခံရ၊ ပြန်လည်တုန့်ပြန်မှုများပြုလုပ်မည်ဟု ပယ်ချခံရသူပြော
by -
နော်ဒွေးအယ်ခူ (KT)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ( USDP)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနှင်းဝေကို ပယ်ချလိုက်ကြောင်း ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက အောက်တိုဘာ ၁၃ရက်တွင် ပြောသည်။

၎င်းသည် ကယားပြည်နယ် မယ်စဲမြို့နယ် အမှတ် ၂ တွင် ပြည်နယ်လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် USDP၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်နယ်လွှတ်တော်ရွှေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈(ခ) ၁၀(င)နဲ့ ငြိတဲ့တယ်လို့ လဝကက ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ကို တင်ပြခဲ့ပါတယ်။ ဒါကြောင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ပြန်လည်စီစစ်တဲ့အ ချိန်မှာ မှန်ကန်တဲ့အတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင် ဗဟိုအဖွဲ့က ကိုယ်စားလှယ်လောင်း အမည်စာရင်းကေန ပယ်ဖျက်ဖို့ဆုံးဖြတ်ခဲ့တယ်” ဟု ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောသည်။

ပြည်နယ်ရွေးကောက်ပွဲဥပဒေပုဒ်မြဖစ်သည့် ပုဒ်မ ၈(ခ)အရ ရွေးကောက်ခံမည့်သူသည် မွေးဖွားစဉ် မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ရမည်ဆိုသည့် အချက်ဖြင့်ပယ်ချခံရခြင်းဖြစ်ပြီး ဦးနှင်းဝေ၏မိဘအရင်းနှစ်ဦးလုံး သည် မြန်မာနိုင်ငံသားဖြစ်သော်လည်း မိခင်၏ဒုတိယအိမ်ထောင်ဆက်ခင်ပွန်းမှာ တရုတ်နိုင်ငံသားဖြစ်သည့်အ တွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခံရသည့် ဦးနှင်းဝေသည် USDPပါတီဝင်အဖြစ် ၂၀၁၀နှင့် ၂၀၁၅ရွေးကောက်ပွဲများ ကိုနှစ်ကြိမ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ၂၀၁၀ရွေးကောက်ပွဲတွင် မယ်စဲ့မြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်၁၂တွင် အနိုင်ရရှိခဲ့ကာ ၂၀၁၅ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့ပေ။

သို့သော်ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ချခံရပြီး ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်မရေသာ်လည်း ပါတီ အောင်နိုင်ရေးအတွက် ဆက်လက် ပံ့ပိုးသွားမည်ဖြစ်ပြီး နိုင်ငံရေးကိုဆက် လက်လုပ်ဆောင်သွားမည်ဟုဦး နှင်းဝေ က ပြောသည်။

 “ ကျနော် ဝင်ပြိုင်ခွင့်မရပေမယ့် ကျနော်ကတော့ အမျိုးသားနိုင်ငံရေးကို ဆက်လုပ်သွားမယ်။ ပြီးရင်ကျွန်တော် တုန့်ပြန်မှု တစ်ခုခုတော့ ကျနော်ဆက်လုပ်သွားမှာပါ။ တုံ့ပြန်မှုတစ်ခုခုဆိုတဲ့ဟာမှာ ကျွန်တော့်ကိုတိုင်ကြား တဲ့အပေါ်မှာ ဘယ်သူဆိုတဲ့ဟာမှာ ကျနော်မကြည့်ပါဘူး ဘယ်သူပဲဖြစ်ဖြစ်ပါ။ အဲ့ဒီအပေါ်မှာ ကျနော်နိုင်ငံ သားအသိစိတ်နဲ့ အမှန်ကိုအမှန်တိုင်းနဲ့ ပြန်ပြီးတော့မှ တုံ့ပြန်သွားမှာပေါ့။ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်နဲ့၊ အသိစိတ်နဲ့၊ လုပ်ပိုင်ခွင့်နဲ့ ကျနော်တို့ ပြန်ပြီးတော့မှ လုပ်သွားမှာပါ” ဟု ဦးနှင်းဝေက ပြောသည်။

၎င်းအနေဖြင့် အမည်စာရင်းမှ ပယ်ချမခံရပါက မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)တွင် NLDပါတီမှ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးအယ်လ်ဖောင်းရှိုအပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ်မှ ဒေါ်ခင်မေဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ ဦးခင်မောင်ဝင်း၊ ပြည်ထာင်စုကောင်းကျိုးဆောင် ပါတီမှ ဦးစောလယ်မူဒို၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဒေါ်တင်တင်နွဲ့နှင့် ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီမှ နော်မြင့်ထူးတို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 ကယားပြည်နယ်တွင် ၂၀၂၀ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ် ၂၇၂ဦးအနက် ဦးနှင်းဝေသည် ပထမဆုံး ပယ်ချခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည်။

ထို့ကြောင့် ကယားပြည်နယ် မယ်စဲ့မြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ တွင် ရှမ်းတိုင်းရင်သားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့ သာယှဉ်ပြိုင်ရတေ့မည်ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...