ကရင်ပြည်သူ့ပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

ကရင်ပြည်သူ့ပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ
by -
စောထွန်းလင်း (KIC)

ကရင်ပြည်သူ့ပါတီ (KPP) သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် ပါဝင်ဆောင်ရွက်သွားရေးကို ပါတီ၏ နိုင်ငံရေးမူဝါဒအဖြစ် ချမှတ်ထားကြောင်း ပါတီဥက္ကဌ စောထွန်းအောင်မြင့်က ပြောသည်။

ကရင်ပြည်သူ့ပါတီအနေဖြင့် ယုံကြည်ချက်နှင့်သဘောထား ရှစ်ချက်ချမှတ်ထားပြီး ယင်းတို့ထဲတွင် မြန်မာနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ကျင့်သုံးနိုင်မှသာလျှင် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးကာ ယုံကြည်မှုရရှိလာပြီး တိုင်းပြည်သာယာမှုကို ရှေ့ရှုနိုင်မည်ဟု ဖောပြထားသည်။

“မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ လူနည်းစုများရဲ့ အခွင့်အရေးကို အာမခံကာကွယ်ပေးနိုင်တဲ့ စနစ်ကို ချမှတ် အကောင်အထည်ဖော်နိုင်မှသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်” ဟု ပါတီဥက္ကဌ စောထွန်းအောင်မြင့်က ပြောသည်။

ထို့အပြင့် ကမ္ဘာ့နိုင်ငံရေး၊ လူမှုရေး အခင်းအကျင်းသည် ရွှေ့လားနေမည်ဖြစ်ပြီး ပါတီ၏ အမျိုးသားရေးခံယူချက်မှာ ပြောင်းလဲနေသည့် အခြေအနေတွင် တိုင်းပြည်နှင့် အမျိုးသားရေး ထိခိုက်မှုမရှိစေရေးအတွက် အကောင်းဆုံး ဟန်ချက်ညီစွာ ဆောင်ရွက်သွားရန် သဘောထားချမှတ်ထားသည်။

ကရင်လူများ၏ မျိုးနွယ်စု ဘာသာရေး၊ ကိုးကွယ်ယုံကြည်မှုအစွဲ၊ ဒေသစွဲ အစရှိသည့် မတူညီမှုများအပေါ် အစွဲများမထားပဲ ကရင်လူမျိုးဟူ၍သာ ချစ်ခင်စွာရှုမြင်ရန် သဘောထားချမှတ်ထားသလို မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံး စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ အပြန်အလှန် နားလည်တန်ဖိုးထား လေးစားခြင်းဖြင့် ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်သွားမည်ဟု ပါတီက ယုံကြည်ထားသည်။

KPP အနေဖြင့် ရည်ရွယ်ချက်သုံးချက်ချမှတ်ထားပြီး ယင်းတို့မှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရန်၊ အခြေခံလူတန်းစားများ၏ လူမှုဘဝနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ မိမိတို့နှင့် ယှဉ်တွဲနေထိုင်သည့် အခြားတိုင်းရင်းသားများအားလုံး တရားမျှတသော အခွင့်အရေးများရရှိရန် စသည့်တို့ဖြစ်သည်။

ပါတီအနေဖြင့် လုပ်ငန်းစဉ် ၁၂ ချက် ချမှတ်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် လက်ရှိ အခြေခံဥပဒေကို ပြောင်းလဲလာသော အခြေအနေများနှင့်အညီ ပြင်ဆင်ချက်များကို တိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းညှိနှိုင်း ပြင်ဆင်သွားရန် လုပ်ငန်းစဉ်ချမှတ်ထားသည်။

ထို့အပြင် ကရင်ပြည်နယ်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်များရရှိသည့်နည်းတူ ကရင်ပြည်နယ်ပြင်ပရှိ ကရင်လူမျိုးများအတွက်လည်း လူနည်းစု တိုင်းရင်းသားအခွင့်အရေး အပြည့်အဝရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကာ ကရင်တို့၏ သမိုင်းတွင်တင်ရှိသည့် လေးစားတန်ဖိုးထားအပ်သည့် နေ့ထူးနေ့မြတ်များ၊ ဝိသေသလက္ခဏာများကို မှတ်တမ်းပြုစုပြီး အခမ်းအနားများ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည် ပါတီတာဝန်ရှိသူများက ပြောသည်။

ကရင်ပြည်သူ့ပါတီကို ၂၀၁၀ မေလတွင် တရားဝင်တည်ထောင်ခဲ့ပြီး ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၄၀ ကျော်ဝင်ပြိုင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး နှစ်နေရာ၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် လေးနေရာ စုစုပေါင်း ခြောက်နေရာ အနိုင်ရခဲ့သည်။

အလားတူ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၀၀ ဦးကျော် ဝင်ပြိုင်ခဲ့သော်လည်း ကရင်ပြည်နယ် သံတောင်ကြီး၊ ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) တစ်နေရာသာ အနိုင်ရခဲ့သည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီအနေဖြင့် ကရင်ရေးရာဝန်ကြီး ငါးနေရာအပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၇၄ ဦး ဝင်ပြိုင်သွား ည်ဖြစ်ကြောင်း ပါတီက သတင်းထုတ်ပြန်ထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...