ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ပရောက်ချင်းလူမျိုးများ၏အသံများ

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ပရောက်ချင်းလူမျိုးများ၏အသံများ
by -
Salai Clian (CW)

ချင်းတိုင်းရင်းသားများသည် စား၀တ်နေရေးအပြင် တခြားအကြောင်းတရားများကြောင့် အိန္ဒိယ၊ စင်ကာပူ၊ တရုတ်၊ မလေးရှားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေရသည်။ ထိုသို့ ပြည်ပ၌ သွားရောက်အလုပ်လုပ်ကိုင်နေရသော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၎င်းတို့ထံခံယူများ ရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့် လာမည့် နို၀င်ဘာ ၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ပြည်ပရောက် ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်များ၏ စိတ်၀င်စားမှု၊ ရွေးကောက်ပွဲအပေါ် ၎င်းတို့၏ မျှော်မှန်းချက်များနှင့်ပတ်သက်၍ နိုင်ငံအသီးသီးတွင် ရောက်ရှိနေသော ချင်းလူမျိုးများ၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။

 

Mai Rebecaa (China)



 

“၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်အမြင်မှာကတော့ ချင်းပါတီကို မကြိုက်လို့တော့မဟုတ်ဘူး။ ဒါပေမယ့် ချင်းတွေကြားထဲ မှာ စည်းလုံးမူမရှိတော့ ဘာပဲပြောပြော NLD နိုင်မယ်လို့ ယုံကြည်တယ်။ နောက်ဆို ကိုယ့်ချင်းပါတီတွေနိုင်ဖို့ ကိုယ့်ချင်းချင်း ယုံကြည်မူတွေ အများကြီးတည်ဆောက်ဖို့ လိုသေးတယ်လို့ပဲမြင်တယ်”

 

Nu Boih (China)



 

“ဘာပဲပြောပြော တပ်မတော်လက်ထဲကနေ လွတ်မြောက်ဖို့ကအဓိကပါ။ ကျွန်တော်တို့ အမျိုးသားရေးနှင့် တပ်မတော်ကနေလွတ်ဖို့ဆိုတာ NLD တစ်ခုပဲရှိတယ်။ ကိုယ့်ချင်းပါတီကို မကြိုက်လို့လဲမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာပြည်တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင်တော့ NLD ကပဲ ဦးဆောင်လုပ်နိုင်တယ်လို့မြင်တယ်”

Salai Van Lal Lian (New Delhi)

 

“ဒီနှစ်ရွေးကောက်ပွဲတော့ ကပ်ရောဂါကြီးနဲ့ ပြန်နိုင်မှာမဟုတ်ဘူး။ မဲလည်းပေးနိုင်မှာမဟုတ်ဘူး။ တစ်ပါတီထဲ အစိုးရဖွဲ့တာမဟုတ်ပဲ ညွန်ပေါင်းအစိုးရ ဖြစ်စေချင်တယ်။ တစ်ပါတီထဲက အစိုးရကို ဦးဆောင်ရင်တော့ မဖြစ်ဘူး။ အဲဒါကြောင့် ကိစ္စအားလုံးကို ညှိညှိနှိုင်းနှိုင်းလုပ်မှသာ ကျွန်တော်တို့ပြည်သူတွေအတွက် အကျိုးရလဒ်ကောင်း အားကိုးရတဲ့ အစိုးရဖြစ်နိုင်မှာဖြစ်တယ်”

 

Salai Van Nei Cem (Aizawl)



 

“ကျွန်တော်တို့အနေနဲ့ ကိုယ့်ရပိုင်ခွင့်တွေ အမှန်တကယ်လုပ်ပေးမဲ့သူက ကိုယ့်ချင်းတိုင်းရင်းသားပါတီတွေဖြစ်တယ်။ တစ်ခြားပါတီတွေကတော့ ချင်းလူမျိုးတွေရဲ့ စည်းလုံးမှုကို လုပ်ပေးမှာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းမှာ မဲမပေးနိုင်ပေမဲ့ ပြည်တွင်းမှာရှိတဲ့ ကိုယ့်လူမျိုးတွေကို မဲပေးအောင် လုပ်ပေးလို့ရတယ်။ ချင်းပြည်နယ်တစ်ခုထဲမဟုတ်ဘူး။ စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်က ချင်းကိုယ်စားလှယ်တွေ ရစေချင်တယ်။ အဲဒါမှာ ကျွန်တော်တို့ရဲ့ စည်းလုံးမူအင်အားကို ပြသနိုင်မယ်"

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...