မဲဆွယ်စည်းရုံးခွင့် ရပ်နားခိုင်းရန်အစီအစဉ်မရှိဟု ဟုမ္မလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ပြော

မဲဆွယ်စည်းရုံးခွင့် ရပ်နားခိုင်းရန်အစီအစဉ်မရှိဟု ဟုမ္မလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ပြော

ဟုမ္မလင်းမြို့တွင် ကိုဗစ်အတည်ပြုလူနာ တစ်ဦးတွေ့ရှိခဲ့သော်လည်း နိုင်ငံရေးပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးခွင့်ကို ရပ်နားရန်မရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

"ကျွန်တော်တို့ဆီမှာတော့ စည်းရုံးရေးဆင်းမယ့်စာတွေကတော့ တင်ထားကြတာပဲဗျ။ အကုန်လုံး ဘယ်ရွာ ဘယ်ရွာဆိုပြီးတော့ပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ ပိတ်စရာအစီအစဉ်တော့မရှိသေးဘူးဗျ။ အစီအစဉ်ကတော့ ခရိုင်ကညွန်ကြားလာရင်တော့ မပြောတက်ဘူးဗျ။ ဒီမှာတော့ ဘာမှအစီအအစဉ်မရှိသေးဘူး။ လူများလာတာဆိုရင်တော့ ကျွန်တော့တို့ လုပ်ရမယ့်သဘောတော့ရှိတယ်ဗျ" ဟု ဟုမ္မလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးထွန်းရွေကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာကို စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရှိခဲ့ပြီးနောက်ပိုင်း နိင်ငံရေးပါတီများကို မဲဆွယ်စည်းရုံးခွင့်ကို ကောလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ ရပ်နားထားဖို့ ညွန်ကြားထားပြီး စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျမ်းမာရေးစံချိန်စံညွန်များနှင့်အညီ ပြန်လည်မဲဆွယ်စည်းရုံးခွင့်ပြုခဲ့ကြောင်း ကောလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

"ကျွန်တော်တို့ကတော့ မဲဆွယ်စည်းရုံးတာတွေ ရပ်နားထားပါတယ်ဗျ၊ ဖြစ်ရင်ကိုယ်ဒေသကခံရမှာ ကိုးဗျ" ဟု ရှမ်းနီ (တိုင်းလျှန်) သွေးစည်းညီညွတ်ရေးပါတီမှ အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းနိုင်နိုင်ကျော်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမြိုနယ်မှ ဟုမ္မလင်းမြို့သို့ ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီးတစ်ဦးထံမှ ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်းကို ကျမ်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ စက်တင်ဘာ ၁၉ ရက်ထုတ်ပြန်ချက်များအရသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...