လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားကိုယ်စားပြုပါတီတွေများ၌ အမျိုးသမီးပါ၀င်မှု အများအပြားရှိလာသော်လည်း လက်ရှိနိုင်ငံရေး ဖြစ်စဉ်များတွင် ရှမ်းနီအမျိုးသမီးတွေပါ၀င်မှု အားနည်းလျက်ရှိသည်။ ၎င်းတို့အနေဖြင့် နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်ရန် မည်သည့်အရာများက တားဆီးနေလဲဆိုသည်များနှင့်ပတ်သက်၍ ရှမ်းနီအမျိုးသမီးများ၏ ရင်ဖွင့်သံများကို ဖော်ပြလိုက်ရပါသည်။
ဒေါ်လှမော်မော် (ရန်ကုန်တက္ကသိုလ် - ကထိက)
“တချို့ နားလည်ရကောင်းမှန်းတောင် မသိပါဘူး။ ခေတ်အဆက်ဆက် ရှေးလူကြီး မိဘတွေရဲ့ ဆုံးမစကားတွေကြောင့်လဲပါမယ်။ သူတို့ကိုယူရင် ရှမ်းနီယောကျာ်းတွေကလုပ်ကျွေးကြတာကိုး။ တို့အမေတွေခေတ်ပေါ့။ခုတော့ မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုလား၊ မိန်းမ ယောက်ကျား အလုပ်လုပ်လာကြတယ်။ ခုခေတ် အမျိုးသမီးတွေကျတော့ အရမ်းရုန်းကန်နေရတယ်။ အလုပ်သိပ်လုပ်စရာမလိုပဲ နေရတဲ့ အမျိုးသမီးတွေ နိုင်ငံရေး စိတ်မဝင်စားတာ တွေ့ရတယ်။ ခုခေတ် ရှမ်းနီ ကျောင်းသူမလေးတွေ ပြောကြည့်တယ်။ တချို့ စိတ်ဝင်စားမှုပြတယ်။ တချို့က စိတ်ဝင်စားတယ်”
ဒေါ်လေးနွယ် (မန္တလာတက္ကသိုလ် - ကထိက)
“အခုရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်လာတာတွေ့ရှိနေရ ပါ တယ်။အမျိုးသမီးကိုယ် စားလှယ်တော့ အတော်နည်းနေသေးတာ တွေ့ရှိနေရပါတယ်။ ထူးချွန်ထက်မြက်တဲ့အ မျိုးသမီး ကိုယ်စားလှယ်တွေ ပါဝင်စေချင်ပါတယ်။ ယဉ်ကျေးမူ ဓလေ့ထုံးစံတွေအရ အမျိုးသားဦးစားပေးတာ၊ အမျိုးသားရှေ့တန်းတင်တာတွေက အမြစ်တွယ်နေတော့ အမျိုးသမီးတွေကို ဦးစားမပေးတာ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း နိုင်ငံရေးဟာမျိုးသမီးနဲ့မဆိုင်ဘူးဆိုတဲ့ အမြင်တွေ နှင့် နိုင်ငံရေးနှင့်ပတ်သက်ပြီးကိုယ့်ကိုယ်အ ကိုယ် ယုံကြည့်မှုအားနည်းနေတာကြောင့် ရှမ်းနီအမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ နည်းနေတယ်လို့ယူဆမိပါ တယ်။ မြန်မာမှာရော ကမ္ဘာမှာပါ အမျိုးသမီးနိုင်ငံသမားတွေ အမျိုးသမီးစွမ်းဆောင်ရှင်တွေ အများကြီးပေါ်ထွက် နေတာကို သတိပြုမိစေချင်ပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးနှင့် အလှမ်းဝေးလို့မရပါဘူး။ အမျိုးသမီးတွေ နိုင်ငံရေး အသိအားနည်းလာရင် သူတို့နဲ့အနီးကပ်နေတဲ့ သူတို့ရဲ့ သားသမီးတွေလည်း အားနည်းလာမှာပဲ။ သူတို့သားသမီးတွေနိုင်ငံရေး အသိတွေအားနည်းလာရင် သူတို့လူမျိုးရဲ့ရပိုင်ခွင့်၊လုပ်ပိုင်ခွင့် တွေ နဲ့ပတ်သက်တဲ့အသိနည်းလာပါတယ်။ နိုင်ငံရေးအသိအားနည်းတဲ့ လူမျိုးတွေဟာတဖြည်းဖြည်းနဲ့ နောက်ကောက်ကျတဲ့ အလွှမ်းမိုးခံ လူမျိုးတွေဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်အမျိုးသမီးတွေ ကိုယ့်လူမျိုး တိုးတက်ဖို့ ကိုယ့်နိုင်ငံတိုးတက်ဖို့မှာ အရေးကြီးတဲ့ ကဏ္ဍအနေနဲ့ ရှိနေတယ်လို့ယူဆမိပါတယ်။အိမ်ထဲမှာ ကလေးထိန်း အိမ်မှုကိစ္စတွေ လုပ်ပြီးဘဝတစ်ခုကို အဆုံးမသတ်စေချင်ပါဘူး။ပုခက်လွှဲတဲ့လက်ကနေ လူမျိုးနှင့်နိုင်ငံ အကျိုးပြုအားထားရသော ကမ္ဘာကို ကိုင်လှုပ်နိုင်သော လက်များဖြစ်အောင်ကြိုးစားစေချင်ပါတယ်။ မိမိရဲ့အစွမ်းအစ မိမိရဲ့ပါရမီကိုသိရှိပြီး ထုတ်ဖေါ်အသုံးပြုနိုင်တဲ့ အမျိုးကောင်းသမီးတွေ ပေါ်ပေါက်လာစေချင်ပါတယ်။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း အားထုတ်ဖို့ လိုအပ်သလို အမျိုးသမီးတွေကို နေရာပေးဖို့ တန်းတူဆက်ဆံဖို့လည်း လိုအပ်ပါတယ်”
နန်းမယ်လေး (အင်းတော်ကြီးဒေသ - မပြင်ကျေးရွာ)
“စိတ်မဝင်စားတာက စိတ်ဝင်စားရကောင်းမှန်းမသိလို့ နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးယူဆကြလို့ ပြီးတော့ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးလုပ်ဖို့ဆိုတာ တော်ရုံအခက်ခဲမဟုတ်ဘူး။ နိုင်ငံရေးဗဟုသုတ စွမ်းရည် ပညာရည်ပြည့်ဝမှု့ ခေါင်းဆောင်နိုင်မှု့ အမျိုးသားတွေနဲ့ တန်းတူစကေးရှိရင်တောင်မှ အမျိုးသားတွေထက် ကျမတို့ အမျိုးတွေတွက်ကပိုခက်ခဲတယ် ကျမတို့ ရှမ်းနီအမျိုးသမီးငယ်တွေ နိုင်ငံရေးစိတ်ဝင်စားလာကြတာ ဒီ 2015 နောက်ပိုင်းမှသာရှိလာကြတာ ကျမအပါဝင်ပေါ့”
နန်းတုံခမ်း (နောင်ပိုအောင်ကျေးရွာ- စစ်ကိုင်းတိုင်းဒေသကြီး)
“အမျိုးသမီး စိတ်ဝင်စားတာတွေ ရှိတော့ရှိတယ် နဲတယ် အမျိုးသားတွေ ပိုများတယ် ပိုအချိန်ပေးနိုင်တယ်၊ နည်းရတဲ့အကြောင်းအရင်းကတော့ စားဝတ်နေရေးကြောင့်ပဲပေါ့။ နေရာဒေသ လမ်းပမ်းဆက်သွယ်ရေးက မြို့ပြနဲ့ဝေးလံနေတာရယ်၊ လမ်းစရိတ်ခတွေ ကြီးတာရယ်စားဝတ်နေရေးအတွက် ကိုယ့်ဒေသနဲ့ကိုယ် ကြိုးစားရှာဖွေနေရတာရယ် အချိန်မပေးနိုင်တာရယ်ပေါ့၊ ပြီးတော့ ရှေးရိုးစွဲ ယောကျာ်း အဖိုးကြီးတွေကတော့ မိန်းမတွေ သူတို့နဲ့ ရင်ဘောင်တန်းတာ မကြိုက်ကြဘူးပေါ့ အမြင်မကျယ်တာလဲ ပါမှာပါ။ နိုင်ငံရေးမှာ ဝင်စွတ်ဖတ်ပြီး လုပ်နိုင်တဲ့သူတွေကတော့ ငွေကြေးရှိတဲ့သူတွေ အချိန်ပေးနိုင်တဲ့ သူတွေပေါ့။ တချို့ ရှမ်းနီအမျိုးသမီးတွေက နိုင်ငံရေးမျိုးချစ်စိတ် ပြင်းထန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ စားဝတ်နေရေးရုန်းကန်မှုနဲ့ အချိန်မရကြရှာဘူး။ အဲ့ဒါတွေကို ထောက်ပံ့ပေးနိုင်ပြီး ဒေသအတွင်း သင်တန်းလာပေးကြရင်တော့ ကောင်းမှာ သူတို့လဲ ရပ်ရွာအကျိုးကို အချိန်ပေးနိုင်တာပေါ့။ တခုခု ထောက်ပံ့ပေးထားရင်၊ မြို့မှာလို သင်တန်း ခဏခဏပေး activity တွေ များများလုပ်ရင် အများကြီးတိုးတက်လာနိုင်တယ်။ ရှမ်းနီအမျိုးသမီးတွေ နိုင်ငံရေးမှာ ရှေ့ထွက်ဖို့ဆို သူတို့အိမ်က ဆန်အိုးလေးတွေ ပြည့်နေမှ အဆင်ပြေမှာပေါ့။ သူတို့အိုး သူတို့အိမ် သူတို့သားသမီးကို ငဲ့ကွပ်ပြီး ရင်ထဲက ဆန္ဒတွေ မျိုသိပ်ထားကြတယ်။ သိရသလောက်တော့ ၁၀၀မှာ ၉၈ ယောက်က မျိုချစ်စိတ်ပြင်းထန်ကြတယ်။ ရှမ်းနီ အမျိုးသမီးတွေက ၁၀၀ မှာ ၆၀ လောက် နိုင်ငံရေးကို စိတ်ဝင်စားကြတယ်”