မှတ်ပုံတင်မရှိသော ရခိုင်ဒေသခံများ မဲပေးခွင့်မဆုံးရှုံးစေရေး ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးနေဟု ရွေးကောက်ပွဲကော်မရှင်ပြော

မှတ်ပုံတင်မရှိသော ရခိုင်ဒေသခံများ မဲပေးခွင့်မဆုံးရှုံးစေရေး ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးနေဟု ရွေးကောက်ပွဲကော်မရှင်ပြော
by -
မင်းထွန်း (DMG)

မဲစာရင်းတွင်ပါဝင်သော်လည်း မှတ်ပုံတင်မရှိသဖြင့် မဲပေးခွင့်ဆုံးရှုံးနိုင်ခြေရှိသူများအတွက် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များကို ကျေးရွာများအထိ ကွင်းဆင်းလုပ်ဆောင်ပေးနေကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန (လဝက) က ဦးဆောင်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောသည်။

“မဲစာရင်းမှာပါပြီး မှတ်ပုံတင်မရှိဘူးဆိုလို့ကွင်းဆင်းလုပ်ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ ကော်မရှင်အနေနဲ့တော့ တိုက်ရိုက်လုပ်လို့မရဘူး။ လဝကတို့၊ ထွေအုပ်တို့ အဖွဲ့တွေက ပံ့ပိုးကူညီရတာပေါ့။ အဓိက လဝကကွင်းဆင်းပြီး မှတ်ပုံတင်ရရှိရေးတို့၊ မဲစာရင်းမှာ မှတ်ပုံတင်တွေနံပါတ်မှားနေတာတွေကိုရော တစ်ခါတည်းလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့သို့ ကွင်းဆောင်ရွက်မှုကို ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံမှုရှိသည့်ဒေသများတွင် ဦးစားပေးအဆင့်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး နယ်မြေလုံခြုံမှုရှိသည့်ဒေသများတွင် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ဒေါ်တင်လှိုင်ကပြောသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်) မရှိသူ၊ ပျောက်ဆုံးနေသူအရေအတွက်သည် ကနဦးစာရင်းအရ လေးသိန်းကျော် ရှိပြီး ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မဲပေးခွင့်ရှိသူဦးရေ တစ်ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...