နိုင်ငံပြုပြင်ပြောင်းလဲမှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍအပေါ် အမြင်သဘောထားများ

နိုင်ငံပြုပြင်ပြောင်းလဲမှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍအပေါ် အမြင်သဘောထားများ
by -
ကေအိုင်စီ
လက်ရှိ နိုင်ငံပြုပြင်ပြောင်းလဲမှုအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍအပေါ် မတ်လ ၈ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တက်ရောက်လာသည့် ကရင်အမျိုးသမီးအချို့၏ အမြင်သဘောထားများကို ကေအိုင်စီက စုစည်းတင်ပြထားသည်။

nang sae aor
နန်းစေအွာ(ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ အမျိုးသမီး တာဝန်ခံ)

နိုင်ငံတစ်နိုင်ငံထဲမှာ ကြည့်ရင် အမျိုးသမီးဦးရေက များတယ်။ ကျမတို့နိုင်ငံက အမျိုးသမီးအများစုဟာ အိမ်မှှု ကိစ္စ ထမင်းချက်၊ အဝတ်လျှော်၊ သားသမီးတွေကိုကြည့်ရတဲ့အလုပ်ဘဲ လုပ်နေကြတယ်။ အဲဒါက အမျိုးသမီး အလုပ် တွေဘဲဖြစ်တယ်။ အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ အမျိုးသမီးတွေဟာ အိမ်မှှုကိစ္စတင်မကဘဲ ဘယ်နေရာဘဲဖြစ်ဖြစ် အမျိုးသားနဲ့တန်းတူ လုပ်ကိုင်နိုင်ပြီး ဆိုတာ ကျမတို့ အားလုံး ကိုယ့်ကို သိရမယ်။ ကျမတို့ အမျိုးသမီးတွေလုပ်သင့်တာကို လုပ်ရဲရမယ်။ ပြောရဲရမယ်။

အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေး မဟုတ်တဲ့ တိုက်ပွဲ ပဋိပက္ခထဲမှာဘဲ ဖြစ်ဖြစ် ငြိမ်းချမ်းလာဖို့ဆိုရင် ခိုင်မြဲဖို့ အတွက် အမျိုးသမီးတွေ လုပ်ပေးမှရမယ်။ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားရေးထဲမှာ အမျိုးသမီးကလည်း အမျိုးသားနဲ့နည်းတူ ၃၀ ရာခိုင်နှှုန်းတော့ လိုအပ်တယ်။ ကျမတို့ အမျိုးသမီးတွေ ကြောက်ရတဲ့ခေတ် ကုန်ပြီး ဆိုတာသိရမယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ စာတန်းတစ်ခုတော့ တွေ့လိုက်တယ် “ ပြောင်းလဲဖို့ ရဲရင့်စို့” ဆိုတာတွေ့ရတယ်။ မှန်ပါတယ်။ ကျမတို့အမျိုးသမီးတွေက ပြောင်းလဲဖို့သင့်ပါပြီး။ ကျမတို့ အမျိုးသမီး အများစုကို တွေ့ရတာက အရှေ့ထွက်မယ်ဆိုရင် မသွားရဲကြဘူး။ စုပြီးခေါ်ရင် မလာရဲကြဘူး အဲဒီလိုမနေရဘူး။ အမျိုးသားတစ်ခု လုပ်နိုင်ရင် အမျိုးသမီးလည်းတစ်ခုလုပ်နိုင်ရမယ်။ စစ်မြေပြင်မှာဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် အမျိုးသမီးအများစုရှိနေပြီး ဒုက္ခရောက်တာလည်း အများဆုံးဖြစ်တယ်။ အဲဒီအတွက် အမျိုးသမီးအရေး လုပ်ပေး နိုင်ဖို့ အခုချိန်မှာ အမျိုးသားတွေထက် နိုင်ငံရေးဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ် အဲဒီနေရာတွေမှာ များများပါဝင်ဖို့ အရေးကြီးတယ်။

naw t t t
နော်သက်သက်ထွန်း (KWEG) ဒါရိုက်တာ

မတ်လ ၈ရက်နေ့ဟာ ကျမတို့မြန်မာနိုင်ငံ အမျိုးသမီးတွေအတွက် အရမ်းအရေးကြီးတဲ့နေ့ ဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုရင် ကျမတို့နိုင်ငံမှာ အမျိုးသမီးတွေဟာ ယဉ်ကျေးမှှု လွှမ်းမိုးခံရခြင်းရသော်လည်းကောင်း၊ အကြောင်း အမျိုးမျိုးကြောင့်သော်လည်းကောင်း၊ အရမ်းကို ဖိနှိပ်ခံရပါတယ်။ နောက်ဆုတ်နေခဲ့ရတဲ့ အချိန်ကာလတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီအချိန်ဟာ အရှေ့ကိုတိုးဖို့အချိန် သင့်ပါပြီး၊ တန်းတူညီမျှမှှုဆိုတဲ့ အရာကိုလည်း တွေးခေါ်သင့်ပါပြီး။

မြန်မာနိုင်ငံ ပြောင်းလဲဖို့ ဆိုရင် အမျိုးသမီးတွေဟာ ပါဝင်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ နိုင်ငံတော်အဆင့်မှာ လည်း အမျိုးသမီးတွေ ၃၀ ရာခိုင်နှှုန်းပါဝင်ဖို့ ပြောနေကြတယ်။ ဒါပေမဲ့ မဖြစ်လာသေးဘူး။ အမျိုးသမီးတွေ ဟာ မိခင်ဖြစ်တယ်။ ညီမဖြစ်တယ်။ အစ်မဖြစ်တယ်။ အမျိုးမျိုး အဲဒါကို သူတို့တွေဟာ ခံစားချက်ပေါင်းစုံ ဖြစ်တယ်။ သူတို့ အသံ၊ သူတို့ ခံစားချက်၊ သူတို့စာနာစိတ်တွေဟာ နိုင်ငံတော်အဆင့်ကိုရောက်ဖို့လိုတယ်။ နိုင်ငံတော် ဖွံ့ဖြိုးဖို့အတွက် အထောက်အကူအများကြီးဖြစ်တယ် ပံ့ပိုးပေးနိုင်တယ်။

အစိုးရဌာနတွေမှာရော ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့နေရာ တွေမှာရော၊ အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချတဲ့နေရာတွေမှာတော့ အမျိုးသမီးပါဝင်မှှု နည်းနေပါသေးတယ်။ ဒါကို ကျမတို့က အမျိုး သမီး စွမ်းအားမြှင့်တင်ရေးတွေ သူတို့ရဲ့ပညာရေးနဲ့ လုပ်ဆောင်နိုင်မှှုတွေကို အများကြီးစွမ်းဆောင် ကူညီပေးနိုင်ရင် နို်င်ငံတော်အဆင့်ထိ ပံ့ပိုးကူညီနိုင်ရင်တော့ ကျမတို့ အရောက်လှမ်းနိုင်မှာ ဖြစ်တယ်။ ကျေးလက်ဒေသအချို့မှာ သတ်မှတ်ချက်တွေကြောင့် ကျမတို့အများကြီး မတွန်းလှန်နိုင်သေးဘူး။ ဒါပေမဲ့ ဆက်ပြီး ကြိုးစားမှာပါ တန်းတူ ညီတူရှိမှှုကို ကျမတို့အရောက်လှမ်းမှာပါ။ နောက်ဆုံးအနေနဲ့ ကုလသမဂ္ဂ သတ်မှတ်ချက် ဖြစ်တဲ့ ပြောင်းလဲဖို့ ရဲရင့်ရမယ့်အချိန် ရောက်ပါပြီးလို့ ပြောချင်ပါတယ်။

naw t mu
နော်သာမူ (ကြာအင်းဆိပ်ကြီးမြို့နယ်၊ သဝေါဖိုး၊ ဆယ်အိမ်စုကျေးရွာ)

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ပထမဦးဆုံးအကြိမ် ဖားအံမှာတက်ရောက်ခဲ့တယ်။ အခမ်းအနားမှာ အမျိုးသမီးအတွက် တန်းတူညီမျှခွင့်တွေရှိတာ သိလာရတယ်။ အခုအချိန်နဲ့ အရင်ကအချိန် ပြန်နှိှုင်းယှဉ်ကြည့်ရင် အရင်က ကျမတို့ကို သူတွေကနှိမ့်ချတယ်။ အခွင့်အရေးမရဘူး။ လွတ်လွတ်လပ်လပ် မသွားရဘူး။ အခုချိန်မှာဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျမတို့သွားလာခွင့်ရပြီး။ ဒီထက်အခွင့်အရေးရဖို့ ကျမတို့ တတ်နိုင်တဲ့ ဘက်ကကြိုးစားမယ်။

အရင်က ကျမတို့ရွာမှာ စစ်တပ်ဝင်လာပြီးဆိုရင် အမျိုးသားတွေက ပြေးကုန်တယ်။ အိမ်မှာ သားသမီးတွေနဲ့ အမျိုးသမီးတွေဘဲ ကျန်တယ်။ စစ်တပ်က အမျိုးသားတွေကို မတွေ့တော့ ကျန်တဲ့ အမျိုးသမီးတွေကို အနိုင် ကျင့်တယ်၊ နာအောင်ပြောတယ်။ ကျမတို့က သူတို့စိတ်ချမ်းသာဖို့ ကျေနပ်ဖို့ကို သူတို့စားချင်တဲ့ဟာ ပြုစု ချက်ကျွေးတာတွေ လုပ်ပေးရတယ်။ အဲဒီအချိန်တုန်းက သူတို့က အမျိုးသမီး တွေကိုတန်ဖိုးမထား လက်တွေကို ကိုင်ချင်တိုင်းကိုင် ကြတယ်။ အမျိုးသားပြေးတော့ အမျိုးသမီး ပေါ်တာထမ်းရတယ်။ အခုတော့ကျမတို့ အခွင့်အရေး ရှိတယ်။ ဖိနှိပ်ခံပြီး နေစရာမလိုတော့အောင် ကျမတို့ ကြိုးစားရမယ်။

အပြည်ပြည်ဆိုင်ရာအခွင့်အရေးနေ့မှာ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး ဟောပြောတာကိုကြားရလို့ ့ ဒီနေ့ ကစပြီး မကြောက်တော့ဘူး ပြောချင်တယ်။ ကျမကတော့ အများကြီး မသိဘူး၊ ဆိုတော့ ဘယ်နေရာဘဲဖြစ်ဖြစ် အမျိုးသမီးဘဲ ဦးဆောင်ရမယ်၊ အမျိုးသားဘဲ ဦးဆောင်ရမယ်၊ ဆိုတာကို မပြောချင်ပါဘူး။ ဒါပေမဲ့ ကျမတို့ အမျိုးသမီးတွေကို အသိအမှတ်ပြု တန်းတူ ပါဝင်ဆုံးဖြတ်ခွင့် ရရင် ကျေနပ်ပြီး။

naw tu tu
နော်ထူးထူး (Karen Human Rights) ဒါရိုက်တာ

ကျမတို့နိုင်ငံ ပြောင်းလဲဖို့၊ ငြိမ်းချမ်းဖို့ဆိုရင် ကျမတို့အမျိုးသမီး အရေအတွက် ၃၀ ရာခိုင်နှှုန်း ပါဝင်စေချင် ပါတယ်။ အခုချိန်မှာ လက်တွေ့ဖြစ်မလာသေးဘူး၊ မရှိသေးဘူး။ ကျမတို့တွေ အခုကြိုးစားနေတုန်းဘဲ။ ငြိမ်းချမ်း ရေးဖြစ်စဉ်မှာဘဲဖြစ်ဖြစ် အမျိုးသမီးတွေပါဝင်ရင် ငြိမ်းချမ်းရေးက ခိုင်မြဲမယ်။ ဘာဖြစ်လို့လဲဆိုရင် အမျိုးသမီး တွေက သူတို့အမြင် သူတို့ အတွေ့အကြံုတွေကို ချန်ထားလို့မရဘူး။ တိုက်ပွဲထဲမှာဆိုရင်လည်း အမျိုးသမီးတွေ ပါတယ်။ သူတို့လုပ်ဆောင်ချက်တွေကို ကျမတို့ အသိမှတ်ပြုရမယ်။ သူတို့တွေမှာလည်း အတွေ့အကြံုရှိတော့ ဆွေးနွေးတဲ့နေရာမှာညှိနှိှုင်းတဲ့ နေရာတွေမှာရောက်ဖို့ ဆွဲခေါ်ဖို့ အရေးကြီးတယ်လို့ ကျမမြင်တယ်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ အမျိုးသမီးအခွင့်အရေးအမျိုးသမီးနေ့နဲ့ ပတ်သက်ပြီး တိတိကျကျသတ်မှတ်ထား တာကို မတွေ့ရသေးဘူး။ ဒါပေမဲ့ မြို့ထဲမှာဆိုရင် ကြိုးစားပြီးလုပ်တော့ အနည်းငယ် သိလာကြတယ်။ ကျေးလက် တိုင်းရင်းသားဒေသ တွေမှာဆိုရင် အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး အမျိုသမီးတွေကိုယ်တိုင် မသိသေး ဘူး။ ကျမတို့ လေ့လာပြုစုထားချက် တွေမှာဆိုရင်အမျိုးသမီးအခွင့် အရေးနဲ့ပတ်သက်ပြီး အသိအမှတ် မပြုတာ တွေ အမျိုးကြီးရှိသေးတာကို တွေ့နေရသေးတယ်။

ကျမပြောချင်တာတစ်ခုက မြန်မာနိုင်ငံ အစိုးရမှာဆိုရင် CEDAW (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှှု ပပျောက်ရေး နိုင်ငံတကာစာချုပ်) လက်မှတ်လည်း ထိုးထားတယ်။ အခု လက်ရှိအချိန်ထိ စာချုပ်အရ အပြည့်အဝဘာမှ လုပ်ပေးနိုင်တာ မရှိသေးဘူး။ ပညာရေးဖြစ်ဖြစ် ကျန်းမာရေးဖြစ်ဖြစ် ကျမတို့ တိုင်းရင်းသား တွေမှာ အပြည့်အဝလုပ်ပိုင်ခွင့် ခံစားခွင့်မရသေးဘူး။ အဲဒါကို ကောင်းကောင်းမွန်မွန်သွားနိုင်ဖို့ အစိုးရနဲ့ အရပ် ဖက် အဖွဲ့အစည်းတွေပူးတွဲဆောင်ရွက်မှ ပန်းတိုင်အရောက်လှမ်းနိုင်မယ်လို့ ကျမမြင်ပါတယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...