၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို No Vote (မဲမပေးရေး) လှုပ်ရှားမှုဖြင့် သပိတ်မှောက်ကြောင်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ရတနာပုံတက္က သိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ထိုသို့ ဗကသ၏ No Vote (မဲမပေးရေး) လှုပ်ရှားမှုအပေါ် တိုင်းရင်းသားပါတီမှ တာဝန်ရှိသူများ၏ အမြင်၊ သဘောထားများကို ဖော်ပြလိုက်ရပါသည်။
“မဲမပေးဘူးဆိုလို့ရှိရင် ဥပဒေအရ စည်းကမ်းအရ တရားစွဲ တာတို့ အရေးယူတာတို့တောင် လုပ်သင့်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်”
မန်းအောင်ပြည်စိုး (ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ)
“ကျွန်တော် တစ်ယောက်တည်းအမြင်ကတော့ No Vote ဆိုတာကတော့ ကျနော်တို့ကတော့ မလုပ်သင့်ဘူးလို့ ထင်တယ်ပေါ့လေ။ တစ်ဖက်က တရားဥပဒေအရ မဲပေးဖို့ လိုတယ်ဆိုတာ ရှိတယ်။ ဒါပေမဲ့ မဲမပေးပဲနဲ့ နေချင်နေနိုင်တယ်ဆိုတဲ့အပိုင်းလည်းရှိတယ်။ သူတို့က သူတို့အမြင်အရ မဲမပေး ပါနဲ့လို့ သူတို့ပြောတာကို ကျနော်တို့ကတော့ ဘာမှ မဝေဖန်လိုဘူး။ သို့သော် မဲပေးသင့် တယ်လို့တော့ ကျွန်တော်ပြောလိုတယ်။ အမှန်က ကျွန်တော် တစ်ဦးတည်း ဆန္ဒ ကျွန်တော် တစ်ဦးတည်း အမြင်ဆိုလို့ရှိရင် မဲမပေးပဲကို မနေရဆိုတာ ဥပဒေနဲ့ကို ထုတ်ပြန်ထားသင့်တယ်။ လူတိုင်း လူတိုင်းအတွက် ၁၈ နှစ်ပြည့်ပြီဆိုရင် မဲမပေးပဲနဲ့ကို မနေရဘူး။ မဲမပေးဘူးဆိုလို့ရှိရင် ဥပဒေအရ စည်းကမ်းအရ တရားစွဲ တာတို့ အရေးယူတာတို့တောင် လုပ်သင့်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ အခုကတော့ မဲမပေးပဲနဲ့ နေနိုင်တယ်ဆိုတဲ့အခါကျတော့ ဥပမာ ကျနော်တို့ တိုင်းရင်းသားတွေက ပိုဆိုးတယ်။ဖာသိဖာသာ နေတတ် တဲ့အကျင့် အေးအေးဆေးဆေး နေတတ်တဲ့အကျင့် ဘယ်သူပဲ အစိုးရတက်တက် ဘယ်သူပဲ ဘာဖြစ်ဖြစ် တို့နဲ့မဆိုင်ဘူလို့ ခံယူချက်တွေအယူအဆတွေများတယ်။ ဒီအနေအထားကြောင့် ပိုပြီးတော့ ကျွန်တော်တို့ကို ထိခိုက်နစ်နာစေတာပေါ့။ အခုအဲဒီအနေအထားက နေပြီး တော့ မင်းတို့ မဲမပေးဆိုပြီး မဲပေးချင်တဲ့ သူတွေကိုတောင် သွားပြီးတော့ တားတယ်ဆိုလို့ရှိရင် ပိုပြီးတော့ ဆိုး တယ်လို့ ကျွန်တော်ကတော့ မြင်တယ်ပေါ့ဗျား”
“မဲနဲ့ ဆုံးဖြတ်မယ့် ကဏ္ဍမှာ ပါဝင်ချင်တဲ့ ပုဂ္ဂိုလ်များကတော့ ဘယ်လိုပဲဖြစ်ဖြစ် မဲထည့်ကြမယ်”
ဦးကွမ်ဂေါင်အောင်ခမ်း (ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ- ၂)
“နှစ်မျိုးရှိပါလိမ့်မယ်။ ဗကသရဲ့ အမြင်ကို လက်ခံတဲ့အပိုင်းတွေရှိသလို လက်မခံတဲ့ အပိုင်းတွေလည်း ရှိပါလိမ့် မယ်။ လက်ခံတဲ့သူတွေကျတော့ No Vote ဖြစ်လိမ့်မယ်။ လက်မခံတဲ့သူတွေကြတော့ မဲနဲ့ ဆုံးဖြတ်မယ့် ကဏ္ဍမှာ ပါဝင်ချင်တဲ့ ပုဂ္ဂိုလ်များကတော့ ဘယ်လိုပဲဖြစ်ဖြစ် မဲထည့်ကြမယ်လို့ မြင်ပါတယ်။ ဒါကြောင့့် တပ်အပ် No Vote ဖြစ်မယ် မဖြစ်ဘူးဆိုတာ အခြေအနေပေါ်မှာတော့ မူတည်ပါလိမ့်မယ်”
“ကိုယ့်သက်ဆိုင်ရာ ပါတီများက ကိုယ့်ကို မဲပေးချင်လာအောင်တော့ လုပ်ပေါ့ဗျာ”
စိုင်းကျော်ညွှန့် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ၁)
“မဲပေးခြင်း မဲမပေးခြင်းဆိုတာ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့်ဗျ။ ပြည်သူရဲ့ လုပ်ပိုင်ခွင့် ကျွန်တော်တို့ ဝင်ရောက်စွတ်ဖက်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ကတော့ ရှင်းတယ်။ ပါတီတွေ ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ကို မဲပေးချင်လာအောင် ပြည်သူလူထုကို စည်းရုံးရမှာ ဖြစ်တယ်။ အဲဒီ No Vote ကာလ မတိုင်ခင်ကတည်းကလည်း ပါတီတွေက ပြည်သူလူထုရဲ့ အကျိုးတွေကို သယ်ပိုးပြီးတော့ ပြည်သူလူထုက ကိုယ့်ကိုရွေးအောင် အစကတည်းက ကြိုးပမ်းလာရမှာ ဖြစ်တယ်။ မဲပေးခြင်း၊မပေးခြင်း၊ ကိုယ့်ပါတီကို ပေးခြင်း ၊အခြားပါတီကို ပေးခြင်းဆိုတာကတော့ ပြည်သူတစ်ဦးက ဘယ်ဘာတီကို မဲပေးမယ်၊ ဘယ်ပါတီကို မဲမပေးဘူး၊ သူပေးချင်လည်း ပေးမယ်၊ မပေးချင်လည်း မပေးဘူး။ ဒါကလူ့အခွင့်အရေးပဲ ဒါပြည်သူ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးပဲ။ အဲဒီအပေါ်မှာ အထွေအထူးကျနော်တို့ ဘာမှ ပြောစရာမရှိဘူး။ ကိုယ့်သက်ဆိုင်ရာ ပါတီများက ကိုယ့်ကို မဲပေးချင်လာအောင်တော့ လုပ်ပေါ့ဗျာ။ မဲဆွယ်စည်းရုံးပေါ့ဗျာ”
“ဒီလို No Vote လုပ်ခြင်းက ဒီမိုကရေစီကို သွယ်ဝိုက်အား ဖြင့်တိုက် ခိုက်ရာရောက်တယ်”
ခွန်းဘီဒူး ကယန်းအမျိုးသားပါတီ KNP ဥက္ကဋ္ဌ
“ဗကသအပြင် တစ်ချို့သော ပုဂ္ဂိုလ်တွေက No vote ပေါ့၊ ဒီအစိုးရတွေရဲ့ လုပ်ဆောင်ရည် စွမ်းဆောင်ရည် ကျဆင်းတဲ့အပေါ်မှာ မူတည်ပြီးမှ မဲထည့်ရင်လည်း မထူးတော့ဘူး၊ မဲမထည့်ပဲနေရအောင်၊ အဲဒါကျမှပဲ ကောင်းတဲ့အစိုးရတွေ အရည်အချင်းရှိတဲ့ အစိုးရတွေ ဖြစ်လာနိုင်ဖို့ ဖိအား ပေးတဲ့ သဘောနဲ့ No Vote လှုပ်ရှားမှုတွေ လုပ်တယ်လို့ ကျနော်တို့ နားလည်ထားတယ်။ အဲဒီလို လှုပ်ရှား ရင်တော့ ကျနော်ကတော့ အကြမ်းအားဖြင့် သဘောတော့ မတွေ့ဘူး။ ဘာဖြစ်လို့လဲဆို တော့ ကျနော်တို့က လူတွေကို ဒီမိုကရေစီ အသီးအပွင့်တွေ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့၊ လူထုအစိုးရတွေကို ကျနော်တို့ ကိုယ်စားပြုနိုင်ဖို့အတွက်ဆိုရင်တော့ လူတွေက မဖြစ်မနေ နိုင်ငံရေးမှာ ပါဝင်ရမှာဖြစ်တယ်။ အခွန်ထမ်းတာတွေကအစ နိုင်ငံရေးဟောပြောပွဲ တွေ ပါဝင်ရမယ်။ အထူးသဖြင့် ဒီရွေးကောက်ပွဲတွေမှာ ကျနော်တို့ မဲပေးတာကို မဖြစ်မ နေပါဝင်ဖို့ လိုအပ်တယ်။ မဲရုံမှာ မဲသွားထည့်ပြီး နိုင်ငံရေးမှာ ပါဝင်ဆွေးနွေးခြင်းအားဖြင့် ကျနော်တို့ ဒီမိုကရေစီက အနှစ်သာရ ရှိတယ်။ ဒီပေါ် မှာ မူတည်ပြီးမှ ကောင်းတဲ့ အစိုးရတွေ ဆိုးတဲ့အစိုးရတွေကို ကျနော်တို့ လူထုတွေက ခံစားရ တာပဲ။ ကျနော်အထင်တော့ ဒီလို No Vote လုပ်ခြင်းက ဒီမိုကရေစီကို သွယ်ဝိုက်အား ဖြင့်တိုက် ခိုက်ရာရောက်တယ်လို့ ကျနော်ယူဆတယ်။ နောက်တစ်ချက်က လက်ရှိ ကျနော်တို့ တိုင်းပြည် အခြေအနေက ဒီမိုကရေစီနဲ့ပတ်သက်ရင် နုနယ်သေးတဲ့ အပေါ်မှာ ဒီလို Campaigns လုပ်ခြင်းကဒီမိုကရေစီကို ပိုပြီးမှ နှောင့်နှေးသွားစေတယ်။ ဒီနေ့ဒီအချိန်မှာလည်း လူတွေအားလုံးဟာ မဲသွားထည့်သင့် တယ်ဆိုတဲ့ အခြေအနေမှာပဲ ရပ်တည်ပါတယ်”