သွေး(စစ်ကိုင်း) — မြန်မာနိုင်ငံရဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေထဲမှာ ချင်းပြည်နယ်ဟာသာယာလှပတဲ့ပြည်နယ်တခုဖြစ်ပါတယ်။ ဒါပေမယ့်လမ်းပန်းဆက်သွယ်ရေးခက်ခဲမူကြောင့်ချင်းပြည်နယ် ဟာပြည်နယ်တွေထဲမှာဖွံဖြိုးသင့် သလောက်မဖွံဖြိုးလာခဲ့ပါဘူး။ တိုင်းရင်းသားတန်းတူရေးကိုအစိုးရအနေနဲ့ အမှန်တကယ်အလေးထားမယ်ဆိုရင် ချင်းပြည်နယ်ကိုအဆင်းရဲဆုံးပြည်နယ်ဘဝကလွတ်မြောက်အောင်ကြိုးစားသင့်ပါတယ်။
တဖက်မှာချင်းပြည်နယ်ဟာကမ္ဘာ့ကပ်ရောဂါCovic19 ကိုစတင်ရင်ဆိုင်ရတဲ့ပြည်နယ်တခုဖြစ်လာခဲ့တာပါ။ ကိုဗစ် ၁၉ ကူးစက်ခံရတဲ့ case 001 ဟာချင်းပြည်နယ်ကိုပြန်လာတဲ့အမျိုးသားတစ်ယောက်ဖြစ်ပြီး လက်ရှိအခြေအနေထိ ပိုးတွေ့လူနာ ၁၀ ဦးအထိရှိပြီ။ တီးတိန်ဆေးရုံမှာလိုအပ်ချက်တွေရှိပေမယ့် ဆရာဝန်တွေ၊ သူနာပြုတွေကအတတ်နိုင်ဆုံးကုသပေးနိုင်တာချီးကျူးစရာပါ။ case 001 ကို Apirl ၃၀ ရက်နေ့ကဆေးရုံကဆင်းခွင့်ပြုခဲ့ပါတယ်။ ဟားခါးဆေးရုံမှာတက်ရောက်ကုသနေတဲ့လူနာတွေမှာလည်းသက်သာပျောက်ကင်းလို့ဆေးရုံဆင်းတဲ့လူရှိသလိုလက်ရှိမှာလည်း ကုသခံယူနေတဲ့သူတွေရှိပါတယ်။
မိုးရာသီမှာလမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ တောင်ပေါ်လမ်းမှာမြေပြိုမူတွေဖြစ်နိုင်တာကိုလည်းမေ့မထားသင့်ပါဘူး။ ချင်းပြည်နယ်ထဲက ရွာတွေမှာကလေးငယ်တွေကျောင်းကိုခက်ခက်ခဲခဲသွားရတာတွေရှိပါတယ်။ ဒီနှစ်မိုးရာသီမှာတော့ခရီးသွားပြည်သူတွေအဆင်ပြေဖို့ လမ်းဦးစီးကစက်ယန္တယားတွေစီစဉ်ထားတယ်ဆိုတာသိရလို့ဝမ်းသာပါတယ်။ တဖက်ကလည်းချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ နယ်မြေမတည်ငြိမ်မူနဲ့စစ်ဘေးရှောင်တွေဟာတိုးလာနေပါတယ်။ ပလက်ဝမြို့နယ်ဟာစားနပ်ရိက္ခာအတွက် ရခိုင်ပြည်နယ်ကျောက်တော်မြို့ကိုတင်ပို့နေတာကို အားထားနေရပြီးတိုက်ပွဲကြောင့်ရေလမ်း ခရီးလည်းအဆင်မပြေတော့လို့ဆန်၊ ဆီ၊ ဆားအပါအဝင်အခြေခံစားသောက်ကုန်တွေစျေးနှုန်းမြင့်တက်မူဖြစ်နေရတာပါ။ မိုးရာသီရောက်လာလို့စစ်ဘေးရှောင်တွေကိုလုံခြုံတဲ့အမိုးအောက်ထားနိုင်ဖို့ကလည်းအရေးကြီးပါတယ်။
ပလက်ဝနဲ့ဆမီးမြို့ကစစ်ဘေးရှောင်တွေကိုတန်ဖိုးနည်းအိမ်ရာဆောက်ပေးဖို့စီစဉ်နေတယ်သတင်းကိုကြားသိရပါတယ်။ စစ်ဘေးရှောင်မိသားစုတွေထဲမှာကလေးငယ်တွေပါနေတာ မို့သူတို့ပညာရေးကိုအတွက်လည်း ဆောင်ရွက်ပေးဖို့လိုပါလိမ့်မည်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုဗစ်ဖြစ်ပွားနေမူကြောင့် စာသင်ကျောင်းတွေကို အစိုးရက July ၂၁ရက်မှပြန်လည်ဖွင့်လှစ်နိုင်မယ်လို့ကြေညာထားပါတယ်။ စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေကို ပြည်မကကလေးတွေလို ပညာတန်းတူသင်ကြားခွင့်ရဖို့အတွက်အစိုးရကဦးစားပေးလုပ်ဆောင်ပေးသင့်ပါတယ်။
လျှပ်စစ်မီးရရှိရေးဟာလည်းချင်းပြည်နယ်ဖွံဖြိုးရေးအတွက်အထူးပဲအရေးကြီးပါတယ်။ ထမင်း၊ ဟင်းချက်ပြုတ်ရေးမှာ လျှပ်စစ်မီးရခဲ့ရင်ထင်း၊ မီးသွေးအသုံးပြုမူကိုလျော့ချလို့ရမှာဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့နဲ့ လျှပ်စစ်မီး ချင်းပြည်နယ်ကျေးရွာတိုင်းရရှိရေးကိုမြန်မြန်ထက်ထက်ဆောင်ရွက်နိုင်မယ်ဆိုရင်ကုန်စည်စီးဆင်းမူပါပိုမိုချောမွေ့လာမှာပါ။ တချို့ကျေးရွာတွေမှာရေရှားပါးမူကြုံတွေ့နေရပြီ းအမျိုးအသီးတွေဟာသူတို့ရဲ့အချိန်တွေကိုရေခပ်တာနဲ့ပဲကုန်ဆုံး နေရတာစိတ်မကောင်းစရာပါ။
တဖက်ကကြည့်မယ်ဆိုရင် ရေပေးဝေရေးလုပ်ငန်းတွေလုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တောင် လျှပ်စစ်မီးရမှရေပေးဝေနိုင်မယ့်အနေအထားဖြစ်ပါတယ်။ ချင်းပြည်နယ်မြို့တော်ဟားခါးမြို့မှာလည်းရေလှောင်ကန် အသစ်ဘတ်ဂျက်ကို ချင်းပြည်နယ်လွှတ်တော်ကအတည်ပြုပြီးပါပြီ။ ဒါပေမယ့်ရေပေးဝေရေးဟာအမှန်တကယ်လိုအပ်တဲ့ကျေးရွာတွေဆီရောက်ဖို့တော့လိုအပ်ပါတယ်။ တံတားတွေ၊ လေယာဉ်ကွင်းဆောက်နေ တာကြိုဆိုရမှာပါ။ ဥပမာ မတူပီခရိုင် လိုင်လင်းပီမြို့နားမှာတည်ဆောက်နေတဲ့လေယာဉ်ကွင်းဟာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပါပြီ။
ချင်းပြည်နယ်ဟာသဘာဝအခြေခံခရီးသွားလုပ်ငန်းတွေအတွက်အလားအလာကောင်းတွေရှိနေတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။
ချင်းတိုင်းရင်းသားတွေရဲ့ရိုးရာတွေကိုလေ့လာနိုင်မှာမို့လို့ခရီးသွားလုပ်ငန်းပိုမိုဖွံဖြိုးအောင်လုပ်ဆောင်ပေးရင် ပိုအဆင်ပြေလာမှာဖြစ်ပါတယ်။ ရှားပါးလာပြီဖြစ်တဲ့တောင်ဇလပ်ပန်းတွေ ကိုထိန်းသိမ်းဖို့လည်းပညာ ပေးမူတွေကိုပြုလုပ်ရမှာပါ။ နတ်မတောင်အမျိူးသားဥယျာဉ်ဟာသဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ်သတ်မှတ်ထားပါတယ်။ ရှားပါးမျိုးစိတ်တွေသာမကကုန်းနေရေနေတွားသွားသတ္တဝါတွေပါမှီတင်းနေထိုင်နေတာပါ။ သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေတိုးတက်လာရင်သဘာဝပတ်ဝန်းကျင်ကိုပါထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ပါတယ်။
ရင်းနှီးမြုပ်နှံမူနဲ့ပတ်သက်ရင်လည်းပွင့်လင်းမြင်သာမူရှိဖို့လိုအပ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက တရုတ်company တခုဖြစ်တဲ့NorthMiningStarCompanyက ချင်းပြည်နယ်ကမြွေတောင်ဖားတောင်ကြေး နီစီမံကိန်းအတွက်ကြိုးစားဖူးပါတယ်။ ဒီလိုစီမံကိန်းတွေကဒေသခံတွေအတွက်အကျိုးအမြတ်ဘာမှမရှိတာကြောင့်ဒေသခံတွေဖက်ကလက်မခံကြပါဘူး။ နောက်ပိုင်းမှာစီမံကိန်းမလုပ်ဖြစ်ပေမယ့်မြွေတောင် ဖားတောင်မှာတရားမဝင်အသေးစားသတ္တုတူးဖော်မူတွေရှိနေလို့သက်ဆိုင်ရာတွေဖက်ကတားမြစ်ဖို့ဒေသခံတွေကဆန္ဒရှိနေကြပါတယ်။
အရေးကြီးတာကစီမံကိန်းတခုကိုအကောင်အထည်ဖော်မယ်ဆို့ရင်အကျိုးနဲ့အပြစ်ကိုသေချာချိန်ဆဖို့ပါပဲ။ အစိုးရဖက်ကသေချာလုပ်ဆောင်ပေးရင် ချင်းပြည်နယ်ဟာဖွံဖြိုးတိုးတက်ဖို့အလှမ်းမဝေးပါဘူး။ အထူးသဖြင့်တော့သဘာဝပတ်ဝန်းကျင်မထိခိုက်စေပဲသဘာဝအခြေခံခရီးသွားလုပ်ငန်းတွေကနေဒေသခံတွေဝင်ငွေရအောင်ကူညီသင့်တယ်။ ၁၂လရာသီသွားလာလို့ရမယ့်လမ်းတွေဖောက်လုပ်နိုင်မယ်။ ကျေးရွာတွေအထိလျှပ်စစ်မီးနဲ့ရေရအောင်လုပ်ပေးနိုင်မယ်စာသင်ကျောင်းတွေကိုအဆင့်မြင့်တင်ပေးမယ်၊ပြည်နယ်အတွင်းအလုပ်အကိုင်အခွင့်အလှမ်းတွေဖန်တီးပေးမယ်၊ စစ်ဘေးရှောင်တွေဘဝပြန်လည်ထူထောင်ရေး အတွက်ကူညီပေးမယ်ဆိုရင်ချင်းပြည်နယ် ဖွံဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း။