Australia Karen Organization – AKO ၏ Sydney women department ဥက္ကဌ နမ့်ဆန်းရှိုင်းအား ကေအိုင်စီ-ကရင်သတင်း ဌာနက ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားခြင်း

Australia Karen Organization – AKO ၏ Sydney women department ဥက္ကဌ နမ့်ဆန်းရှိုင်းအား ကေအိုင်စီ-ကရင်သတင်း ဌာနက ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားခြင်း
by -
ကေအိုင်စီ
“အဲဒီနိုင်ငံမှာက Multi culture ဆိုတော့ အကုန်လုံးကို သူတို့အားပေးတယ်။ ဘယ်လူမျိုးမဆို လွတ်လွတ်လပ်လပ်ရှိတယ်လေ။ နေ့ကြီး၊ ရက်ကြီးတွေ လုပ်တဲ့အခါမှာလည်း ဘယ်လူမျိုးမဆို ထုတ်ဖော်လို့ရတယ်။ အခွင့်အရေးက အရမ်းကောင်းတယ်။”

ဖေဖော်ဝါရီလအတွင်း ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သည့် ကရင်အမျိုးသမီးနှီးနှောဖလှယ်ပွဲ၊ ကရင်အမျိုးသမီးအစည်းအရုံး-ကေဒဗလျူအို၏ သတ္တမအကြိမ်မြောက် ကွန်ဂရက်(ညီလာခံ)သို့ ပါ၀င်တက်ရောက်ခဲ့သည့် သြစတြေးလျားနိုင်ငံ အခြေစိုက် Australia Karen Organization – AKO ၏ Sydney women department ဥက္ကဌ နမ့်ဆန်းရှိုင်းအား ကေအိုင်စီ-ကရင်သတင်း ဌာနက ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

– AKO ကို ဘယ်နေ့တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်ခုနှစ်မှာ စတင်တည်ထောင်ခဲ့သလဲ။ အဲဒါလေး နည်းနည်း အရင် ပြောပြပေးပါလား။
AKO ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားရောက်တဲ့အခါမှာ ကိုယ့်အမျိုးသားအတွက်လည်း အလုပ်လုပ်နိုင်အောင်၊ ပြီးတော့ နိုင်ငံခြားရောက်တဲ့ ကိုယ့်အမျိုးသားတွေကို စည်းရုံးနိုင်အောင်အတွက် AKO ကို ဖွဲ့စည်းလာတာပေါ့နော်။ ကျမတို့ အဲဒီနိုင်ငံမှာ တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင် အဖွဲ့အစည်းရှိမှပဲ လုပ်လို့ရတယ်လေ။ ဒါကြောင့်မို့လို့ လူကြီးတွေက အဲလိုနေလို့မရတော့ဘူး။ အဖွဲ့ အစည်းလုပ်ရတော့မယ်ဆိုပြီး စဖွဲ့တဲ့ခုနှစ်က ၁၉၉၆ခုနှစ်ပေါ့နော်။ ၁၉၉၈မှာ သြစတြေးလျားအစိုးရ အသိအမှတ်ပြုခံရတယ်။

– အဖွဲ့ရဲ့ ဖွဲ့စည်းပုံက ဘယ်လိုရှိသလဲပေါ့။
ဖွဲ့စည်းပုံက women department ရှိတယ်။ ပြီးတော့ Youth လည်းရှိတယ်။ သြစတြေးလျားနိုင်ငံမှာ AKO ရဲ့ branch တွေ ရှိတယ်။ ကျမတို့ စဖွဲ့တာလာတာက Melbourne မှာ။ စဖွဲ့တုန်းက မယ်လဘန်းနဲ့ ဆစ်ဒနီပဲ ရှိသေးတယ်။ Brisbane တို့ ဘာတို့ တခြားပြည်နယ်တွေကို လူတွေ မရောက်သေးဘူး။ နောက်တော့ AKO က စပွန်ဆာလုပ်ဖို့ အစိုးရကလည်း ကူညီတော့ ဒုက္ခသည်တွေ များလာတယ်။ စပွန်ဆာလုပ်ပြီးတော့ လူတွေ Brisbane မှာ ရောက်လာတဲ့အခါ အချိတ်အဆက်နဲ့ တစ်နေရာ တစ်နေရာမှာ organize လုပ်ရတာပေါ့။ ပြီးတော့ အဖွဲ့အစည်းတွေ တစ်ခုတစ်ခု ဖြစ်လာတာပေါ့။
ဆစ်ဒနီရယ်၊ ကဲန်ဘာရာရယ်၊ Melbourne ရယ်၊ ဘရစ်စဘန်းရယ်၊ ပါ့သ်ရယ်။ နောက်ပိုင်း တခြားပြည်နယ်တွေကို ဖွဲ့စည်း ခဲ့တယ်။ ဖွဲ့လာခဲ့ပြီးတဲ့နောက်မှာ ပြည်နယ်(၅)ခုကို ၂နှစ်တစ်ကြိမ် အစည်းအဝေး လုပ်တယ်။ ခေါင်းဆောင်တွေ ပြန်တင်မြှောက် တယ်။ ဘာဖြစ်လဲဆိုတော့ အဖွဲ့အစည်းမှာ ဥက္ကဌ၊ အတွင်းရေးမှူး အဲဒါတွေ ရှိတယ်။ ဒါတွေကို ၂နှစ်တစ်ခါ National အနေနဲ့ သူတို့ ပြန်လည်ဖွဲ့စည်းတာပေါ့။ ပြည်နယ်အလိုက်က ကိုယ့်ဟာကိုယ်ပေါ့နော်။

– AKO က ဘာအတွက် ရပ်တည်ပေးထားသလဲ။ AKO women department ကရော ဘာအတွက် ရပ်တည်သလဲဆိုတာကို နည်းနည်းပြန်ပြောပေးပါလား။
ကျမတို့ ဘာမဆို လုပ်မယ်ဆိုလို့ရှိရင် ကျမတို့ မိခင်ကေအဲန်ယူက ဘာလိုအပ်လဲ။ ကျမတို့ ဘယ်လောက်ကူညီနိုင်မလဲ ဆိုတာ အမြဲတမ်း ရှိတယ်လေ။ ဆိုလိုချင်တာက ကျမတို့ မိခင်အစည်းအရုံးက ဘာလုပ်ခဲ့လဲဆိုတာ နောက်လာတဲ့ ကျမတို့ သား သမီးတွေ နားလည်အောင်လည်း လုပ်ပါတယ်။ ကရင်တစ်မျိုးသားလုံးအတွက်ပေါ့နော်။ ကျမတို့ women ဘက်မှာ ဆိုင်တဲ့အ တွက် women နဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ဟာ၊ ကျမတို့တတ်နိုင်တဲ့ဟာကို ၀ိုင်းဝန်းပြီးတော့ လုပ်ဆောင်ဖို့ပေါ့နော်။
နေ့ကြီးရက်ကြီးတွေလည်း ကျမတို့ လုပ်တယ်။ ပြီးတော့ ကရင့်ယဉ်ကျေးမှုနဲ့ ပတ်သက်တာ ဖော်ထုတ်တာပေါ့နော်။ ကျမတို့ အစီအစဉ်တခုခု နှစ်သစ်ကူးနေ့၊ အာဇာနည်နေ့၊ တော်လှန်ရေးနေ့တို့တွေလုပ်တဲ့အခါမှာ အဲဒီနယ်မှာရှိတဲ့ လူကြီးတွေ လည်း လာတယ်။ သူတို့တွေလာပြီးတော့ အားပေးတယ်။ AKO ကို နံပါတ်(၁)မှာ ထားတယ်။ သူတို့က ကျမတို့လုပ်တဲ့လုပ်ရပ် တွေ အားလုံးကို အားပေးတယ်။ လူကြီးတွေဆိုတာက ကောင်စီမှာရှိတဲ့ လူကြီးတွေပေါ့နော်။ သံတမန်ရေးရာနဲ့ ပတ်သက်တဲ့လူ တွေပေါ့နော်။ ဖိတ်ခေါ်တဲ့အခါမှာ သူတို့လာတယ်။ Embassy(သံရုံး)ကလူတွေရော။ ဒုက္ခသည်နဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေ ရောပေါ့နော်။

– AKO မှာ Women department ထားရှိရတဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါလား။
မိသားတစ်စုလိုပေါ့နော်။ အဖေရှိတယ်။ အမေရှိတယ်။ သားသမီးရှိတယ်။ ဒီလိုမျိုးပေါ့။ ကျမတို့ ၀ိုင်းဝန်းလုပ်တယ်။ ကျမတို့အမျိုးသမီးကဏ္ဍက မပါဘူးဆိုရင်လည်း မဖြစ်ပါဘူး။ ဖြစ်အောင်လုပ်ရမှာပဲလေ။ အဲဒီသဘောမျိုးတွေလည်း ရှိတာပေါ့ နော်။ သူတို့က ကျမတို့ရဲ့အရှေ့မှာ ဦးဆောင်တယ်။ ကျမတို့က နောက်မှာ တတ်နိုင်သမျှလုပ်တာပေါ့။

– AKO ထဲက Women department က ဒီထက် ဘာတွေများ ထပ်လုပ်ဆောင်တာရှိသေးလဲ။
လုပ်စရာကတော့ အများကြီး ရှိတာပေါ့နော်။ ဒါပေမယ့် အန်တီတို့ အားနည်းတာက ပညာတွေ သိပ်ပြီးတော့ မထွန်း ဘူးပေါ့နော်။ ဒါပေမယ့် နောင်လာမယ့်ကလေးတွေကို သူတို့လည်း ပိုပြီးတော့ လုပ်နိုင်အောင် အားပေးရမှာပေါ့။ လမ်းညွှန်ပြရမှာ ပေါ့။ အဖွဲ့အစည်းမှာ တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင် အန်တီတို့က လိုအပ်တဲ့ဟာတွေ ချက်ရေး၊ပြုတ်ရေးပဲဖြစ်ဖြစ်၊ ဧည့်ခံတာပဲဖြစ် ဖြစ် အန်တီတို့က လုပ်ပေးတာပေါ့နော်။ အဲသလိုမျိုးတွေပေါ့။ women အဖွဲ့အစည်းတွေ အစည်းအဝေးလုပ်တဲ့အခါ ကရင်အ မျိုးသမီးတွေကို ဖိတ်ခေါ်တာလည်း သွားရတာပေါ့။ နောက်ဆိုရင်လည်း လူငယ်လေးတွေ၊ ပညာရှင်တွေထွက်လာတဲ့အခါမှာ သူတို့တွေ ပိုမိုပြီးတော့ လုပ်နိုင်အောင်တော့ အဲဒါကြောင့် ကျမတို့ကလည်း KWO ဖိတ်ခေါ်တဲ့အခါမှာလာပြီးတော့ လေ့လာ တယ်။ နည်းနာယူတာပေါ့နော်။ ဟိုမှာပြန်ပြီးတော့ တတ်နိုင်သရွေ့လုပ်ဖို့ပေါ့။

– ပြည်နယ်(၅)ခုမှာရှိတယ်ဆိုတော့ မျက်နှာစုံညီ(စုဆုံဖို့) ပြည်နယ်တွေဝေးတဲ့အတွက် ဆုံဖို့အတွက် ဘယ်လို organize လုပ်ရ လဲ။
လွန်ခဲ့တဲ့ (၄)နှစ်တုန်းက တစ်ခါ ကျမတို့ Seminar သဘောမျိုး လုပ်တယ်လေ။ တက်လာနိုင်တဲ့လူတွေကလည်း လာ တာပေါ့။ ပြီးတော့ အဲဒီ state မှာ Seminar တစ်နှစ်တစ်ခါလုပ်တယ်။ တခြား state မှာလည်း လုပ်ပါတယ်။ အထူးသဖြင့်က Melbourne မှာလုပ်တာ ပိုများတယ်။ KWO day ဆိုရင် သူတို့ စည်စည်ကားကားပဲလုပ်တာ တွေ့ရတယ်။ သူတို့က လူဦးရေ ကျမတို့ထက် အများကြီးများတယ်လေ။ ကျမတို့လည်း လုပ်ပါတယ်။ ပြီးတော့လည်း လူငယ်တွေ၊ ဘာတွေ တစ်ခုခုလုပ်ခဲ့တာပဲ ဖြစ်ဖြစ် ကျမတို့ အမြဲတမ်းပါ၀င်တယ်။ အမျိုးသမီးကဏ္ဍကလေ။

– AKO မှာက သူ့ရဲ့ကဏ္ဍအလိုက်ပဲ လုပ်ကြတာများတာပေါ့။ ဆိုတော့ အမျိုးသမီးအဖွဲ့ဝင် ဘယ်လောက်ရှိလဲ။
ကျမတို့ Women department က Sydney မှာဆိုရင်တော့ (၁၅၀)လောက်ရှိတယ်။ ဒါပေမယ့် women က အများ ကြီး ရှိတယ်။ သူတို့က ဒီလိုပဲလာပြီး join တာပေါ့နော်။ အဖွဲ့ဝင် (member)တော့ မဖြစ်လာဘူး။ AKO women department ထဲမှာပါ၀င်တဲ့အမျိုးသမီးတွေက များသောအားဖြင့် အသက်အရွယ်တွေက အသက်ကြီးပိုင်းမှာ ရှိတယ်။ ၄၀အထက် အဲသလိုမျိုး တွေ ရှိတယ်။ AKO မှာ လူငယ်အဖွဲ့လည်း ရှိတယ်ဆိုတော့ တချို့တလေက အိမ်ထောင်ကျပေမယ့်လို့ အမျိုးသမီးအဖွဲ့ထဲမှာ မဝင်လာဘူး။ လူငယ်အဖွဲ့ထဲမှာပဲ ရှိတယ်။

– AKO က membership သတ်မှတ်ထားတာရှိလား။ membership criteria ရှိသလားပေါ့။ ဒါမှမဟုတ် ပါ၀င်မှု ရိုးရိုးလေးနဲ့ပဲ သွားတာလား။
AKO က အဖွဲ့အစည်းဝင်ငွေတော့ မရှိဘူး။ ဒါပေမယ့် အဖွဲ့ဝင် ၀င်လာတဲ့အခါ တစ်နှစ်မှ နှစ်ဆယ်(ဒေါ်လာ)ပဲ။ ဘာဖြစ် လဲဆိုတော့ ကျမတို့ ကုန်ကျတဲ့ဟာက နေ့ကြီးရက်ကြီးတွေလုပ်တဲ့အခါမှာ ဟောလ်(hall) တို့ဘာတို့ ငှားရတယ်လေ။ ပြီးတော့ လည်း ဟောလ်ငှားတဲ့အခါမှာ insurance တွေ ဘာတွေ လိုတယ်လေ။ တစ်နေ့တစ်နေ့ကို insurance က တစ်ထောင်ကျော် တယ်။ အဲဒီ ဟောလ်ငှားခတွေ၊ insurance တွေ ကြေအောင်ဆိုပြီးတော့ member တွေကို ကောက်တာပေါ့နော်။ ပြီးတော့ ကျမ တို့ fund rising(ရန်ပုံငွေ)တွေ ဘာတွေရှာတယ် အဲသလိုမျိုးလုပ်တယ်။
ကျမတို့ traditional အစားအသောက် အဲဒါမျိုးတွေ ရောင်းချတယ်။ လာတဲ့သူတွေက ၀ယ်စားကြတာပေါ့။ တချို့ ကိုယ့်ဟာကိုယ် မချက်တတ်တဲ့သူတွေလည်း ရှိတယ်လေ။ ဥပမာ-နှစ်သစ်ကူးနေ့ဆိုရင် ၀န်ကြီးတွေ၊ ပရိဿတ်တွေလည်း ပွဲမှာလာတယ်လေ။ Fund Rising ဆိုတာကတော့ ကိုယ့်အမျိုးသမီးတွေ သူတို့လုပ်တတ်တဲ့အရာ၊ လုပ်တတ်တဲ့အစားအစာတွေ သူတို့လာရောင်းတယ်။ ပြီးတော့ ဒုက္ခသည်အတွက်ဆိုပြီးတော့ နယ်စပ်မှာ သူတို့အဆက်နဲ့ အနည်းအကျဉ်း အဲသလိုမျိုး ရည်မှန်းပြီးတော့ လုပ်တယ်ပေါ့။

– AKO အဖွဲ့က ကရင်တွေကို ဦးတည်ပြီးဖွဲ့တယ်ဆိုတော့ သြစတြေးလျားရောက်တဲ့ ကရင်အသိုင်းအဝိုင်းထဲမှာ AKO ရဲ့ လှုပ် ရှားမှုထဲမှာ စိတ်မဝင်စားဘူး။ မပါ၀င်လာဘူး။ မအားလပ်ဘူးဆိုပြီးတော့ အဲလိုမျိုးတွေ ရှိနေသေးလား။ အားလုံး ပါ၀င်လား။
အဲဒါကတော့ အများကြီး ရှိတယ်။ ဘာဖြစ်လဲဆိုတော့ ဟိုမှာရောက်လာတာက သူတို့ဘဝကို ရုန်းကန်လာရတဲ့အခါ လည်း ရှိတယ်။ တချို့လူတွေကလည်း အေးဆေးသွားပြီးဆိုပြီးတော့ မလုပ်ချင်တာလည်း ရှိတယ်လေ။ ပါ၀င်တဲ့သူတွေကလည်း စိတ်ပါသလောက် သူတို့ အားမလျှော့ဘဲနဲ့ လုပ်တာပဲ။ မပါ၀င်တဲ့သူတွေကလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့်လို့ အရေး အကြောင်း ဖြစ်လာတဲ့အခါကျတော့လည်း ထွက်လာတာပဲ။ ဘယ်လိုပြောမလဲ။ မျိုးချစ်စိတ်ဓာတ်ကတော့ ရှိကြတာပဲလေ။

– နိုင်ငံတကာ ကရင်အဖွဲ့အစည်း (International Karen Organization-IKO) ဆိုတာ ရှိတယ်။ IKO မှာ AKO လည်း ပါ၀င် တယ်ဆိုတော့ IKO မှာရှိတဲ့ တခြားအမျိုးသမီးတွေနဲ့ မုဂါး(အဒေါ်)တို့အနေနဲ့ ရံဖန်ရံခါ communication လုပ်တာလေးတွေ ရှိပါ သလား။
ကျမတို့ အဲလိုအဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ချိတ်ဆက်တာတော့ မရှိဘူး။ ဒါပေမယ့် personal အနေနဲ့ ဆွေမျိုး အဲသလို တော့ ရှိတယ်။ organization အနေနဲ့မရှိဘူး။ ဒါပေမယ့် သူတို့မြို့၊ သူတို့နယ်အနေနဲ့ ရှိပါတယ်။ သူတို့ရဲ့အတိုင်းအတာနဲ့မျိုးချစ် စိတ် ရှိပါတယ်။ အဖွဲ့အစည်းအနေနဲ့က မရှိသေးဘူး။ ရှိဖို့တော့ ကောင်းတာပေါ့။
ဒါပေမယ့် ဒီသြစတြေးလျားနိုင်ငံမှာရှိတဲ့ ကရင်မဟုတ်ဘဲနဲ့ တခြားတိုင်းရင်းသားတွေ ကချင်တို့၊ ဗမာတို့ ရှိတယ်။ သူတို့ အဖွဲ့အ စည်းနဲ့ ကျမတို့နဲ့ ပေါင်းပြီးတော့ ကျမတို့က AKO ဆိုပေမယ့်လို့ အဖွဲ့အစည်းတစ်ခု ရှိသေးတယ်။ ကျမတို့ အဖွဲ့ပေါင်းစုံပေါင်းထား တဲ့ဟာ ကရင်ရော၊ ကချင်ရော၊ ချင်းရော၊ မွန်ရောပေါ့နော်။ အဲဒါတွေ ရှိတယ်။ ကျောင်းသားဟောင်းတွေ အဲဒီအဖွဲ့အစည်းတွေ လည်း ရှိတယ်။ NLD(LA) အဖွဲ့အစည်း ပေါင်းပြီးတော့လေ။ အကြောင်းတစ်ခုခု ပေါ်လာခဲ့လို့ရှိရင်လည်း ဆန္ဒပြကြတယ်။ အခွင့် အရေးတောင်းဆိုကြတယ်။ အဲဒါမျိုးတွေ လုပ်တယ်။

– သြစတြေးလျားအစိုးရရဲ့ အသိအမှတ်ပြုမှုတွေ ၁၉၉၄ခုနှစ်ကတည်းက ရှိခဲ့တယ်ဆိုတော့ နှစ်ပေါင်း (၁၀)ကျော်အချိန်တွင်းမှာ AKO အတွက် ဘယ်လောက်အထိ အခွင့်အလမ်းတွေ ရှိခဲ့သလဲ။ မုဂါးတို့အနေအထားက ဘယ်လိုအခက်အခဲတွေ ကြံုတွေ့ရ တာရှိလဲ။
အခွင့်အလမ်းတွေကတော့ အများကြီး ရှိပါတယ်။ ကျမတို့လုပ်နိုင်သလောက်လည်း အဲဒီနိုင်ငံမှာက Multi culture ဆိုတော့ အကုန်လုံးကို သူတို့အားပေးတယ်။ ဘယ်လူမျိုးမဆို လွတ်လွတ်လပ်လပ်ရှိတယ်လေး။ နေ့ကြီး၊ ရက်ကြီးတွေ လုပ်တဲ့ အခါမှာလည်း ဘယ်လူမျိုးမဆို ထုတ်ဖော်လို့ရတယ်။ အခွင့်အရေးက အရမ်းကောင်းတယ်။ ပညာရေးဘက်ကလည်း ကောင်း တယ်။ ဘာပဲလုပ်လုပ် သူတို့ အခွင့်အရေးပေးတယ်။ share လုပ်ရတယ်။ ငါဟာ ဘာယဉ်ကျေးမှုရှိတယ်။ ငါတို့လူမျိုးတွေက ဘာလဲ။ စသဖြင့် ဒါကို ပေါင်းစည်းပြီးတော့ လိုအပ်တာတွေ ရှိခဲ့လို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် ကူညီဝိုင်းဝန်းကြတယ်။ ဒါပေမယ့် အခက်အခဲကတော့ ရောက်လာတဲ့လူတွေက အများအားဖြင့် မလုပ်ချင်ကြတော့ဘူးလေ။

– သြစတြေးလျားရောက်သွားတဲ့ မိသားစုအပေါ်မှာ အစိုးရက ပံ့ပိုးမှု ဘယ်လိုရှိလဲ။
ပံ့ပိုးမှုကတော့ ပြောဆိုစရာမရှိဘူး။ လုပ်ပေးတယ်။ အလုပ်မရမချင်း ကိုယ့်ဟာကိုယ် မရပ်တည်နို်င်သရွေ့တော့ သူတို့ လုပ်ပေးရှာတယ်။ ဟိုမှာရောက်လာတဲ့အခါမှာ တချို့တွေကလည်း စကားမပြောတတ်လို့ အားငယ်တဲ့သူလည်း ရှိတယ်။ တချို့ အခွင့်အရေးယူတဲ့သူလည်း ရှိတာပဲ။ ပြီးတော့ သူက တအား အခွင့်အရေးပေးလွန်းတော့လေ ကလေးတွေကို မရိုက်ရဘူး။ မသွန်သင်ရဘူး ဆိုတာလိုမျိုးတွေပေါ့နော်။ အဲဒါတွေ ပြဿနာအများကြီး ရှိလာတယ်။ ကိုယ့်သားသမီး ကိုယ် မဆုံးမရဘူး ဆိုတာတွေကို နားလည်မှုမှားတာ ရှိတယ်။ တချို့မိဘတွေက သားသမီးကို ဆုံးမတာ လွန်တယ်ဆိုပြီးတော့ သူတို့(အစိုးရ)တွေ က သားသမီးကိုခေါ်ပြီးတော့ ပြန်မတွေ့တာတွေလည်း ရှိတယ်လေ။ အမှန်မှန်ဆို ကျမတို့ရဲ့ ယဉ်ကျေးမှုကို သူတို့လည်း မသိ သေးဘူးလေ။ ကိုယ့်ရဲ့သားသမီးဆိုတာ ကိုယ်ကောင်းတာ လုပ်ပေးချင်တာပေါ့နော်။ အဲဒါမျိုးတွေ အခက်အခဲ ရှိတယ်။ ဟိုမှာ ရောက်တော့ ငါတို့တွေ လွတ်လပ်ပြီးဆိုပြီးတော့ ဘယ်သူမှ နားမထောင်တော့ဘူး။ ကိုယ့်လူမျိုးလည်း ကိုယ်နားမထောင်ချင် ဘူး။ ကိုယ့်ဘာသာစကားလည်း ကိုယ်မပြောချင်ဘူး။ ကလေးတွေက ကျောင်းတောင် မသွားသေးဘူး။ အိမ်မှာနေတာ အမြဲ တမ်းတီဗွီတွေ ကြည့်နေတဲ့အခါ အင်္ဂလိပ်လိုပဲ ပြောချင်တယ်။ အဲဒါကျတော့ အန်တီတို့က တာဝန်ရှိတယ်လေ။ တဖြည်းဖြည်း ပြန်လုပ်ဖို့ အရမ်း လိုအပ်လာတယ်။

– ကရင်လူငယ်တွေ၊ ခလေးငယ်တွေမှာ ကိုယ့်စကားမပြောချင်တော့တာတွေ၊ ကိုယ့်စာကို မသင်ချင်တော့တာတွေ ရာခိုင်နှုန်းနဲ့ ဆို ဘယ်လောက်အတိုင်းအတာ ရှိမလဲပေါ့။
သိသလောက်ကတော့ တစ်ဝက်လောက် ရှိတယ်။ အဲဒါကလည်း မိဘမှာလည်း လိုတယ်လေ။ တချို့မိဘတွေက ကိုယ့်အသိုင်းအဝိုင်းနဲ့ မနေချင်တဲ့သူတွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် လွတ်လပ်တဲ့အခွင့်အရေး၊ ပညာရေးအခွင့်အလမ်းတွေ အများကြီးရှိတော့ မုဂါးတို့ AKO women department အနေနဲ့ ကလေးသူငယ်အတွက် ထူးထူးခြားခြား လုပ်ဆောင်ပေးစရာ မလိုအပ်ဘူး။ ဒါပေမယ့် ထိန်းတော့ ထိန်းရမှာပဲလေ။ ပြီးတော့ ကိုယ့်ရဲ့ယဉ်ကျေးမှုတွေ၊ ကိုယ့်ရဲ့လူမျိုး မပပျောက်ဖို့ကတော့ တာဝန်တော့ ရှိတာပေါ့။ သိသလောက်တော့မိခင်တွေက တော်တော်များများတော့ လုပ်ပါတယ်။ ကလေးတွေကသာလျှင် အပေါင်းအသင်းတွေကများတော့ အိုး… ဒီနိုင်ငံရောက်ပြီ။ ကိုယ့်လူမျိုးဘာသာစကား ပြောဆိုစရာမလိုတော့ဘူး။ အဲဒါမျိုးတွေ ဖြစ်လာတယ်။ အဲဒါမိဘတွေ တော်တော်များများက ရင်ဆိုင်ရတယ်လေး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖွဲ့အစည်းအနေနဲ့ ပြန်စည်းရုံးပြီး အသိတရားပြန်သွင်းရမှာပဲ။ အခုလည်း လူငယ်အဖွဲ့တွေ ရှိတယ်ဆိုတော့ သူတို့တွေ strong ဖြစ်ပါတယ်။

– မုဂါးတစ်ယောက်အနေနဲ့ နယ်စပ်မှာ ဒုတိယအကြိမ် အမျိုးသမီး Seminar ပါ၀င်တက်ရောက်ခဲ့တာ ဘာတွေများ လေ့လာသိရှိ ရသလဲ။
လေ့လာတာကတော့ အများကြီးပေါ့နော်။ ဟိုတုန်းက ဘာလုပ်ရမလဲမသိဘူး။ သူများဘာလုပ်နေလဲ မသိဘူးပေါ့နော်။ သူတို့တွေပြောတဲ့ အားသာချက်တွေ၊ အားနည်းချက်တွေပေါ့နော်။ ကြားရတာလည်း ကောင်းတယ်လေ။ မုဂါးတို့ ခွန်အားရလာ တာပေါ့နော်။ အဲဒါတွေကို ပြန်ပြီးတော့ ပြောပြရမယ်။ ပြီးတော့ စည်းရုံးရမယ်။ ဒီက လိုအပ်တဲ့ဟာတွေကို အပြင်ကနေ ပြောဖို့ ပေါ့နော်။ ပြီးတော့ လိုအပ်တဲ့ အကူအညီလေး၊ အထောက်အကူလေး နည်းနည်းပါးပါးပေါ့နော်။ ဟိုမှာက လွတ်လပ်နေပြီးဆို တော့့ အကြီးအကျယ် ရုန်းကန်ဖို့ မလိုအပ်တော့ဘူးလေ။ စိုးရိမ်စရာမရှိဘူးပေါ့နော်။

– နယ်စပ်မှာ ပြန်လာလေ့လာခဲ့ပြီးတဲ့နောက်ပိုင်း AKO women department နဲ့ KWO နဲ့ ဆက်စပ်လုပ်ဆောင်ဖို့ ဆွေးနွေးဖြစ်ခဲ့ သလား။
အကြီးအကျယ် ဆွေးနွေးတာတော့ မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိမယ်လို့ ထင်တယ်လေ။ ဘာဖြစ် လဲဆိုတော့ သိတာလည်း ကြာပြီလေ။ ပြန်ရင် ဒါလုပ်မယ်ဆိုတာ ကတိတော့ မပေးထားခဲ့ဘူး။ ဒါပေမယ့် စိတ်ထဲမှာ ဘာလုပ်ရမ လဲဆိုတာ ခေါင်းထဲမှာတော့ ရှိတာပေါ့နော်။ အခုကတော့ အကောင်အထည်မဖော်သေးတော့လည်း ပြောလို့မရသေးဘူး။

သြစတြေးလျားနိုင်ငံတွင် ပြည်နယ် (၆)ခုနှင့် အထူးပြည်နယ် (၂)ခုရှိသည့်အနက် အေကေအိုအနေဖြင့် ပြည်နယ်(၇)ခုတွင် အဖွဲ့ ခွဲများထားရှိကာ သြစတြေးလျားတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဥက္ကဌအပြင် သက်ဆိုင်ရာ ပြည်နယ်အလိုက် ဥက္ကဌများ ဖွဲ့စည်း ထားရှိသည်။ ထိုပြည်နယ်များမှာ AKO Branches: Western Australia (WA), Victoria(VIC), Australia Capital Territory (ACT), New South Wales (NSW), Tasminia (TAS), Queensland (Qld) and Northern Territory (NT)တို့ ဖြစ်သည်။
အလားတူ အေကေအိုတွင် အမျိုးသမီးဌာန၊ လူငယ်ဌာနများ ပါ၀င်ပြီး သြစတြေးလျားနိုင်ငံရောက် ကရင်လူငယ်များ နှီးနှော ဖလှယ်ပွဲကိုလည်း ၂နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိသည်။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...