မင်းခိုက်သူ — အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ မသိမ်းပိုက်မီ ကပင် တိုင်းရင်းသားတို့သည် ခရစ်ယာန်သာသနာပြု များ၏ ပညာရေးလုပ်ငန်းများနှင့် ထိတွေ့ခဲ့ကြပြီးဖြစ် သည်ဟု သမိုင်းပညာရှင်များက ဆိုပါသည်။ ခရစ် ယာန်သာသနာပြုများသည် တောင်တန်းဒေသများ သို့ ဦးစွာ သာသနာပြုရောက်ရှိခဲ့သည်။ ထို့နောက် မြေပြန့်ဒေသဖြစ်သော ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ အစရှိသော မြို့များသို့ ဆက်လက်ပြီး သာသနာပြု ရောက်ရှိလာခဲ့ကြသည်။ သာသာနာပြုများသည် ပညာရေးကို သင်ကြားရာတွင် ဘာသာရေးကို အခြေ ခံ၍ သာသနာပြုကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားခြင်း ဖြစ်သည်။
ထိုသို့သင်ကြားရာတွင် မိမိတို့၏သာသနာပြု လုပ်ငန်းတစ်ခုတည်းကိုသာ ဆောင်ရွက်သည် မ ဟုတ်ပေ။ ပဒေသရာဇ်ခေတ်က အဖိနှိမ့်ခံ ဆင်းရဲလာ ခဲ့သော တိုင်းရင်းသားများကို အသိပညာ အတတ် ပညာ စသော အသက်မွေးဝမ်းကျောင်းပညာတွေ ကိုလည်း သင်ပေးသည်။ တိုင်းရင်းသားတို့၏ တိုး တက်ရာ တိုးတက်ကြောင်းဖြစ်သော လက်မှုပညာ များ၊ ခေတ်ပေါ် လောကဓာတ်ပညာများကို စနစ် တကျ သင်ပေးကြလေသည်။ သာသနာပြုဆရာများ တီထွင်သော စကောကရင်စာပေနှင့် ပိုးကရင်စာပေတို့ ပေါ်ပေါက်လာသည့်အခါ သာသနာပြုလုပ်ငန်းများ သည်ပို၍ မြန်ဆန်အောင်မြင်လာခဲ့သည်။ ဘာသာ ရေးကျမ်းဂန်များကို ကရင်စာပေသို့ပြန်ဆိုရေးသား၍ ဖြန့်ဝေပြီး ကျယ်ပြန့်စွာ သာသနာပြုနိုင်ခဲ့လေ သည်။
၁၈၂၆ ခုနှစ်၊အင်္ဂလိပ်မြန်မာပထမစစ်ပွဲ ပြီး သောအခါ အမေရိကန်နှစ်ခြင်းသာသနာပြုဆရာ ယုဒသန်သည် အင်္ဂလိပ်ပိုင်နက်ဖြစ်သော တနင်္သာရီ၊ သံလွင်ဒေသသို့ ပြောင်းရွှေ့လေသည်။ ထိုစဉ်က တနင်္သာရီဒေသသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ် များ၌ ပါဝင်လေသည်။ ၁၈၂၆ ခုနှစ်တွင် ဆရာ ယုဒသန်၏ ဇနီးက ကျိုက္ခမီတွင် စာသင်ကျောင်း တစ်ကျောင်း စတင်ဖွင့်လှစ် သာသနာပြုသည်။ ကရင်တိုင်းရင်းသားတို့နှင့် စတင်ထိတွေ့သည်။
၁၈၂၇ ခုနှစ်တွင်ယင်းကျောင်းကို မော်လမြိုင်မြို့ သို့ ပြောင်းရွှေ့သည်။ ၁၈၂၉ ခုနှစ်တွင် ထားဝယ်၌ တစ်ကျောင်း၊ ၁၈၄၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ် သံတွဲတွင်တစ်ကျောင်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
ဤကျောင်းများတွင် အရေး၊အဖတ်၊ အတွက်ကို ခရစ်ယာန်ဘာသာနှင့် ရော၍သင်ပေးသည်။ နောင် တွင် ကျောင်းအရေအတွက် တစ်စတစ်စ တိုးလာ သည်။ အထူးသဖြင့် ကရင်ကျေးရွာများ၌ ပို၍ များ ပြားလာသည်။
ထိုအခါမှစ၍ ကရင်တိုင်းရင်းသားတို့၏ ကရင့် ပညာရေးသည် စတင်ခဲ့လေသည်။ အခြေခံမှ အလယ်တန်း၊ အထက်သို့တိုင်အောင် ကရင်တို့သည် ပညာရေးမြင့်မားလာခဲ့သည်။ မြေပြန့်ဒေသမြို့ကြီး များတွင်ရှိသည့် ကျောင်းများအနက် ပုသိမ်မြို့၌ သာသနာပြုဆရာ အက်ဘော့ တည်ထောင်သော ဆရာဖြစ်သင် ‘နော်မံကျောင်း’ မှာ အထူးထင်ရှား သည်။ ၁၈၆၇ ခုနှစ်တွင် ဗြိတိသျှအာဏာပိုင်တို့ ပညာရေးဌာနကို စတင်စီစဉ်ဖွဲ့စည်းသည့်အချိန်၌ အောက်မြန်မာနိုင်ငံတွင် အမေရိကန်သာသနာပြု ကျောင်းများ အတော်များပြားလျက် ရှိနေပြီ ဖြစ်ပေ သည်။
ထိုအခါတိုင်းရင်းသားတို့သည် သာသနာပြုများ ၏ ပံ့ပိုးမှုကို ရရှိလာခဲ့သည်။ ကရင်တိုင်းရင်းသားများ သည် ခရစ်ယာန်ဘာသာကို ယုံကြည်လာကြပြီး မိမိတို့ဘဝ တိုးတက်ရေးအတွက် ပညာရေးကိုလည်း ကြိုးစားလာကြသည်။ အသိပညာ အတတ်ပညာတွေ ကို ဆည်းပူးလာကြသည်။ ပဒေသရာဇ်ခေတ်တွင် ပညာရေးနိမ့်ကျနေလျက်ရှိသော ကရင်တို့သည် ယခုပညာရေးတွင် များစွာတိုးတက်လာခဲ့သည်။ ကျေးရွာနှင့်မြို့ပြနေ ကရင်တို့၏ ဘဝသည် တိုး တက်လာမှုရှိသော်လည်း တောတောင်နေကရင်တို့၏ဘဝမှာ နိမ့်ကျလျက်ပင်ရှိသည်။ တိုင်းရင်းသားများ သည် အမေရိကန်၊ အင်္ဂလိပ်တို့နှင့်ပို၍နီးစပ် လာသည်ဟု ဆိုရပါမည်။
၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲ ပြီးသည့်အခါ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အား ပေးလိုက်ရသည်။ အင်္ဂလိပ်တို့သည် ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း အောင်လံမြို့အထိ ပိုင်ဆိုင်အုပ်ချုပ်ခွင့် ရရှိသွားသည်။ ထိုတိုင်းဒေသ တို့တွင် ကရင်ဦးရေသည် ဒုတိယပင်ရှိနေသည်။ ယင်းဒေသသို့ဆက်လက်ပြီး လွတ်လပ်စွာ သာသနာ ပြုခွင့်ရရှိခဲ့ကြသည်။ ၁၈၅၃ ခုနှစ်တွင် ပဲခူးတိုင်းကို အင်္ဂလိပ်တို့အား လွှဲပြောင်းရာတွင် သာသနာပြု ကျောင်းပေါင်းမှာ ၅၀ ကျော်ပင်ရှိနေပြီဟု ဆိုပါ သည်။ ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာဝင် ကရင် များသည် တိုးတက်မှုနည်းပါးခဲ့ပြီး ခရစ်ယာန် ဘာ သာဝင်ကရင်များက ပိုမိုတိုးတက်လာခဲ့သည်ဟု ဆို နိုင်ပါသည်။ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်ကရင်နှင့် အခြားသော တိုင်းရင်းသားတို့သည် သာသနာပြု ကျောင်းများ၌ ပညာသင်ယူကြခြင်းဖြင့် ပညာရေး တိုးတက်လာခဲ့သည်ဟု ယူဆရပါသည်။
၁၈၆၄ ခုနှစ်တွင် ခရစ်ယာန်သာသနာပြု နော်မံ ကျောင်းနှင့် အလယ်တန်းကျောင်း ၂၂ ကျောင်း၊ အမျိုးသမီးကျောင်း ၁၀ ကျောင်းရှိသည်။ နော်မံ ကျောင်းနှင့် အလယ်တန်းကျောင်းများမှာ ရန်ကုန်၊ ဟင်္သာတနှင့် ပုသိမ်တို့တွင်လည်း ရှိသည်။ ကရင် တိုင်းရင်းသားများ၏ တောင်းဆိုမှုဖြင့် ၁၈၇၂ ခုနှစ် တွင် အလုံရပ်၌ ခရစ်ယာန်ကောလိပ် (ခေါ်) ဘက်ပ တစ်ကောလိပ် ဖွင့်လှစ်ပေါ်ပေါက်လာသည်။ ကူရှင် ကျောင်းဟုလည်းခေါ်သည်။ ပထမနှစ်တွင် ကျောင်း သား ၁၇ ဦးရှိပြီး ဒုတိယနှစ်တွင် ယောကျာ်းလေး ၄၈ ဦးနှင့် မိန်းခလေးသုံးဦးလည်း ကျောင်းတက်လေ သည်။
ထိုစဉ်က ကောလိပ်ဟူ၍ အမည်ယူထားသော် လည်း အလယ်တန်းနှင့် အထက်တန်းကျောင်း သားများကို စုစည်း၍ အနာဂတ်ကောလိပ် ဖွင့် လှစ်ရေးကို ရည်ရွယ်ထားခြင်းဖြစ်သည်။ ထိုမှ ၁၀ နှစ်ကြာ၍ ၁၈၈၂ ခုနှစ်ရောက်လျှင် ယင်းကျောင်းသူ ကျောင်းသားများသည် ကာလကတ္တားတက္ကသိုလ် အသိအမှတ်ပြုသည့် တက္ကသိုလ်ဝင်ခွင့် မက်ထရစ် စာမေးပွဲကို ဖြေဆိုခွင့်ရရှိကြလေသည်။ ယင်းသို့ဖြင့် ၁၈၉၂ ခုနှစ်ရောက်သော် ကောလိပ် (ခေါ်) ဘက် ပတစ်ကျောင်းသည် ကာလကတ္တားတက္ကသိုလ် အသိ အမှတ်ပြုခံရသည်။ ဥပစာကောလိပ်ဖြစ်လာသည်။
အထက်ပါ ထိုထိုကျောင်းများသည် ယေဘုယျ အားဖြင့် ကရင်တိုင်းရင်းသားတို့၏ ဘာသာရေးနှင့် ပညာသင်ကြားရေး ကျောင်းများပင်ဖြစ်ကြသည်။ ကရင့်ပညာရေးသည်လည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ သည်။
အောက်မြန်မာနိုင်ငံတွင် ဗြိတိသျှတို့၏ အုပ်ချုပ် ရေး အခြေခိုင်လာသည့်တိုင် အစိုးရက ပညာရေးကို လုံးဝတာဝန်မယူခဲ့ပေ။ လျစ်လျူရှုထားခဲ့သည်။ သာ သနာပြုကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အိမ်ကျောင်းများကသာ ပညာရေးတာဝန်ကို ယူခဲ့ ကြသည်။ မြန်မာ့ပညာရေးကို ၁၀ နှစ်ကျော်မျှ လျစ်လျူရှုထားခဲ့ပြီး ၁၈၆၇ ခုနှစ်သို့ ရောက်မှသာ ပညာရေးဌာနကို ဖွင့်လှစ်ခဲ့သည်။ ၁၈၆၇ ခုနှစ် မတိုင်မီ ပညာရေးသည် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်နေခဲ့သည်။
ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းပြီး နောက် အစိုးရကျောင်းတစ်ကျောင်းကို ရန်ကုန်တွင် ၁၈၇၂-၇၃ ခုနှစ်၌ စတင်တည်ထောင်ပြီး ၁၉၇၆ ခုနှစ်တွင် ယင်းကျောင်း၌ အထက်တန်းများကို စတင်ဖွင့်လှစ်သည်။ ထိုမှစ၍ အစိုးရစာသင်ကျောင်း များ ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ၁၉၂၀ ပြည့် တွင် ကျောင်းသားသပိတ်ပေါ်ပေါက်လာပြီး အမျိုး သားကျောင်းလည်း များစွာပေါ်ပေါက်လာသည်။
အမျိုးသားကျောင်းနှင့် တက္ကသိုလ်ကျောင်း မပေါ်ပေါက်ခင် ကောလိပ်ကျောင်းပေါ်ပေါက်သည်။ ကောလိပ်ကျောင်း ပေါ်ပေါက်လာမှုသည် ကရင်တိုင်း ရင်းသားတို့နှင့် ဆက်စပ်လို့နေခဲ့သည်ကို တွေ့ရလေ သည်။ ကရင်တို့၏ပညာရေးတိုးတက်ဖွံ့ဖြိုးလာမှုကို အခြေခံ၍ ကောလိပ်ကျောင်း ပေါ်ပေါက်လာခဲ့သည်။ ကရင်တိုင်းရင်းသားတို့သည် သာသနာပြုများ၏ ပံ့ပိုးမှုကို ရရှိကြသဖြင့် ကရင့်ပညာရေးမှာ လျင်မြန် စွာ တိုးတက်လာခဲ့သည်ဟု ဆိုရပါမည်။
၁၈၇၀ ပြည့်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ကရင် လူမျိုးများဆိုင်ရာ သာသနာပြုများသည် တွေ့ဆုံ စည်းဝေးကြပြီး မြန်မာနိုင်ငံရှိ ကရင်လူမျိုးများ အတွက် အထက်တန်းပညာသင်ကျောင်း တည် ထောင်ရေး အကြံပြုချက်များကို ရေးသားထုတ်ဝေခဲ့ ကြသည်။ ယင်းအကြံပြုချက် ၅ ချက်ထဲတွင် (၁)အချက်၌- ကရင်လူမျိုးအတွက် အထွေထွေ ပညာ သင်ကြားပေးမည့် ကျောင်းမျိုး အနည်းဆုံးတစ် ကျောင်းကို မြန်မာနိုင်ငံတွင် တည်ထောင်ပေးသင့် သည်။ ဤကျောင်းကို တည်ထောင်ရာတွင် ကျောင်း လုပ်ငန်းပမာဏအားဖြင့် မည်မျှသေးငယ်၍ သင် ကြားမှုအဆင့်အားဖြင့် မည်မျှပင် နိမ့်ကျစေကာမူ ဖြစ်နိုင်သည့်အခြေ၊ အဆင့်ကအစပြုပြီး တနှစ်၊ နောက်တနှစ် အဆင့်ဆင့်တိုးချဲ့ မြှင့်တင်ကာ မြန်မာ နိုင်ငံတွင် ကရင်လူမျိုးတို့အတွက် ပညာရေးကို တိုးတက်ဖွံ့ဖြိုးသော အဆင့်သို့ ပီပြင်စွာရောက်ရှိ သည့်တိုင်အောင် ဆောင်ရွက်သင့်သည်ဟုပါရှိသည် ကို တွေ့ရပါသည်။
စင်စစ် ကရင်တိုင်းရင်းသားများသည် မိမိတို့ လူမျိုးပညာရေးကို တိုးတက်မြင့်မားလာစေရန် ပထ မဦးဆုံး အနေဖြင့် စတင်အကြံပြု တောင်းဆိုလိုက် ခြင်းဖြစ်သည်။
တစ်ဖန် ၁၈၇၁ ခုနှစ်တွင် ချီကာဂိုမြို့တွင် ကျင်းပသော သာသနာပြုအဖွဲ့ချုပ်၏ ၅၇ ကြိမ် မြောက် နှစ်ပတ်လည် အစီရင်ခံစာ မှတ်တမ်းတွင် လည်း အောက်ပါအတိုင်း ရေးထားသည်ကို တွေ့ရ ပါသည်။
“ကရင်လူမျိုးများအတွက် အထက်တန်းပညာ ရပ်များ သင်ကြားပေးမည့် ကျောင်းတစ်ကျောင်း တည်ထောင်ရန် သာသနာပြုအဖွဲ့ချုပ်က သဘောတူ ကြောင်း၊ အဆိုပါကျောင်း တည်ထောင်ရေးအတွက် ယခုနှစ်အတွင်း အထူးအလှူငွေများအဖြစ် ဒေါ်လာ တစ်သိန်း ကောက်ခံစုဆောင်းရန် စီစဉ်ဆောင်ရွက် ပါမည့်အကြောင်းဖြင့် အမှုဆောင်အဖွဲ့အား ညွှန်ကြား ပေးပါရန် ဘုတ်အဖွဲ့အား မေတ္တာရပ်ခံမည် ဖြစ် ကြောင်း၊ အဆိုပါ စုဆောင်းရရှိငွေမှ ထက်ဝက်ထက် မပိုသော ငွေကိုအဆောက်အဦးနှင့် ကိရိယာ ပစ္စည်း များအတွက် အသုံးပြုမည်ဖြစ်ကြောင်း၊ ကျောင်း၏ အမြဲတန်းရံပုံငွေအဖြစ် ရရှိငွေမှာ ကျောင်း၏သာမန် အသုံးစရိတ်အတွက် မလုံလောက်လျှင် လိုသမျှ သာ မန် အသုံးစရိတ်ငွေကို နှစ်စဉ် သတ်မှတ်ပေးမည် ဖြစ်ကြောင်း” ပါရှိလေသည်။
သာသနာပြုအဖွဲ့ချုပ်သည် ကရင်တိုင်းရင်းသား တို့၏ တောင်းဆိုမှုကို အလေးထားလျက် အဆိုပါ အစီအရင်ခံစာကို လက်ခံအတည်ပြုခဲ့ပြီး ဆုံးဖြတ် ချက်ကိုလည်း အတည်ပြုခဲ့ပါသည်။ ကရင်တိုင်းရင်း သား ခရစ်ယာန်တို့၏ မေတ္တာရပ်ခံ လျှောက်ထားချက် ကို အမှုဆောင်အဖွဲ့သို့ ဆက်လက်တင်ပြခဲ့ရာ ‘ကော လိပ်ကျောင်း’ တည်ဆောက်ရေး ကိစ္စကို အထူးစိစစ် ရေးကော်မတီ တစ်ရပ်သို့ လွှဲအပ်ခဲ့သည်။ နောက် တစ်ကြိမ် ကျင်းပသော အစည်းအဝေးတွင် ဆိုခဲ့သည့် အထူးစိစစ်ရေးကော်မတီက တင်ပြလာသော အစီရင် ခံစာ ၄ ချက်ကိုလည်း လက်ခံအတည်ပြုလေသည်။ ထို့ပြင် သာသနာပြုအဖွဲ့ချုပ်၏ အစီရင်ခံစာကို ၎င်း၏မှတ်တမ်း၌ အောက်ပါအတိုင်း ရေးထား သည်။
“သာသနာပြုအဖွဲ့ချုပ်၏ ၁၈၇၂ ခုနှစ်၊ ၅၈ ကြိမ်မြောက် အစီရင်ခံစာတွင် ဆရာကြီးဝေဂျ၊ဂျီ၊ ဘင်နေ (ဒီ၊ဒီ)ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ရန် ကု “ကရင်ကောလိပ်” နှင့်စပ်လျဉ်း၍ ဤသို့ မှတ်တမ်းတင်ထားပါသည်။ ကော်မတီသည် မစ္စတာ ဘင်းနစ်၏ ခြံမြေနှင့် ယင်းမြေပေါ်ရှိ အဆောက်အဦး များကို ကောလိပ်ကျောင်းနေရာအဖြစ် အသုံးပြုရန် ဝယ်ယူပြီးဖြစ်ပါသည်။ … များမကြာမီ ကာလ အတွင်းတွင် ကရင်လူငယ်တို့မှာ ဤကျောင်းအား ဖြင့် မြန်မာနိုင်ငံတွင် လက်ရှိသင်ကြား ဆည်းပူး နိုင်သော ပညာထက်ပိုမို အဆင့်မြင့်၍ ပီပြင်သော ပညာရပ်များ ဆည်းပူးရန် အခွင့်အလမ်းများ ရရှိ တော့မည်ဖြစ်သည်” ဟုပါရှိလေသည်။
တစ်ခါ ၁၈၇၂ ခုနှစ်၊ စက်တင်ဘာလထုတ် သာသနာပြု မဂ္ဂဇင်းစာစောင်တွင် ရန်ကုန်မြို့ “ကော လိပ်ကျောင်း” ကို ရှေ့အလားအလာရှိသော ကျောင်း သား ၁၇ ဦးနှင့် မေလ ၂၈ ရက်နေ့က ဖွင့်လှစ်လိုက် သည်ဟူ၍ ရေးသားဖော်ပြထားသည်။ ကောလိပ် ကျောင်း၏ ဥက္ကဋ္ဌအဖြစ် ပထမဆုံး ဆောင်ရွက်သူမှာ ဒေါက်တာဂျေ၊ဂျီ၊ဘင်နေ ပင်ဖြစ်ပါသည်။
ထို့အပြင် ဆရာကာပင်တာသည် ရန်ကုန်မြို့၌ ၁၈၇၄ ခုနှစ်တွင် “ကရင်ကောလိပ်” အမည်ခံ “ယု ဒဿန်ကောလိပ်” ကို စတင်ဖွင့်လှစ် တည်ထောင်ခဲ့ပြီး ယင်းရာထူးမှ နှုတ်ထွက်ကာ ပုသိမ်မြို့သို့ ပြန်လည် ရောက်ရှိလာသည်ဟု စာရေးဆရာ မောင်စင်ကြယ်၏ “ယုဒဿန်နှင့် မြန်မာရွှေပြည်” စာအုပ်၌ တွေ့ရပါ သည်။
အထက်ပါ ကောလိပ်စတင် ဖြစ်ပေါ်လာပုံ အကြောင်းကို တင်ပြရေးသားကြရာ၌ “ကရင် ကော လိပ်” အဖြစ် ဝိသေသပြုလျက် သုံးနှုန်းထားသည်ကို တွေ့ရပါသည်။
ထို့ကြောင့် အပေါ်၌ တင်ပြခဲ့သော ၁၈၇၂ ခုနှစ်၊ စက်တင်ဘာလထုတ် သာသနာပြုစာစောင်တွင် ‘ကရင်ကောလိပ်ကျောင်း’ ကို ကျောင်းသား ၁၇ ဦးနှင့် ၂၈ ရက်နေ့တွင် ဖွင့်လှစ်လိုက်သည် ဟူသော အချက်ပါအရလည်းကောင်း၊ ဆရာကာပင်တာသည် ၁၈၇၄ ခုနှစ်တွင် ‘ကရင်ကောလိပ်’ အမည်ခံ ယုဒ သန်ကောလိပ်ကိုစတင်ဖွင့်လှစ် တည်ထောင်ခဲ့ပြီး ဟူသောအချက်ပါအရလည်းကောင်း ဤနှစ်ချက်ပါ ရေးသားမှုကို ကြည့်ခြင်းဖြင့် ပထမဦးစွာ ၁၈၇၂ ခုနှစ်တွင် ကရင်ကောလိပ်ကျောင်း (သို့မဟုတ်) ကောလိပ်ကျောင်းအဖြစ် ဖွင့်လှစ်ခေါ်ဆိုလာခဲ့ရာမှ ၁၈၇၄ ခုနှစ် ရောက်သည့်အခါ ယုဒသန်ကောလိပ်(ဂုဏ်ပြုသောအားဖြင့်) အမည်သို့ပြောင်းလဲခေါ်ဆို လာခဲ့သည်ကို တွေ့ရပါသည်။
၎င်းပြင် အဆိုတစ်ခုတွင် ၁၉၁၉ ခုနှစ် ရောက် လာသည့်အခါ ဤသာသနာကောလိပ် အမည်ကို ရန်ကုန်နှစ်ခြင်း ကောလိပ်ဟူ၍ ခေါ်ဆိုလာခဲ့ရာမှ ယုဒသန်(ဂျပ်ဆင်)ကောလိပ်ဟူသော အမည်သို့ ပြောင်းလဲခဲ့သည်ဟု ရေးထားသည်ကို တွေ့ရပြန် ပါသည်။
မည်သို့ပင်ဖြစ်စေ အထက်ပါတွေ့ရှိချက်များကို လေ့လာကြည့်သည့်အခါ အင်္ဂလိပ်ခေတ်တွင် ကော လိပ်ကျောင်း စတင်ပေါ်ပေါက်ရန်မှာ ကရင် တိုင်း ရင်းသားတို့နှင့် ဆက်စပ်လို့နေပါသည်။ ကရင် တိုင်းရင်းသားတို့၏ ပညာလိုလားမှုကို အခြေခံ၍ တဆင့်ပြီးတဆင့် တိုးမြှင့်တောင်းဆိုမှုတို့ကြောင့် ကောလိပ်ကျောင်းသည် ပေါ်ပေါက်လာခဲ့ရလေ သည်။ ထို့ကြောင့် “ကောလိပ်ကျောင်းအစ ကရင်က” ဟုပြောဆိုနိုင်သလို “တက္ကသိုလ်ပညာရေး နိုးကြား မှုအစ ကရင်တိုင်းရင်းသားက” ဟုပင် ဂုဏ်ပြုမှတ် တမ်းတင်လျက် ပြောဆိုရမည်။
အင်္ဂလိပ်ခေတ် ကောလိပ်ကျောင်းမှာ ၁၈၇၈ ခုနှစ်တွင် ရန်ကုန် အစိုးရအထက်တန်းကျောင်း၌ ‘ကောလိပ်ပညာရေး’ စတင်ခဲ့သည်။ ဤနှစ်တွင်ပင် ကာလကတ္တားတက္ကသိုလ်က ကျင်းပမည့် ဥပစာ တန်း စာမေးပွဲကိုဝင်မည့် ကျောင်းသားများအား သင်ကြားပေးရန် ဆရာများ စတင်ခန့်ထားသည်။ ဤသည်မှာ ရန်ကုန်ကောလိပ်၏ အစပင်ဖြစ်သည်။ ၁၈၈၃ ခုနှစ်တွင် ဤကောလိပ်ကို ၁၈၅၇ ခုနှစ်၊ အက်ဥပဒေအမှတ်(၂) အရ ကာလကတ္တား တက္က သိုလ်အောက်၌ ဆက်သွယ်ထားရှိခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို မြန်မာနိုင်ငံ ပညာ ရေး ဆင်ဒီကိတ်၏ ကြီးကြပ်ကွပ်ကဲမှု အောက်၌ ထားရှိသည်။
ထို့ကြောင့် ခေတ်သစ်ကျောင်းစနစ်ကို ကျင့်သုံး လာသည့် တက္ကသိုလ်ပညာရေးမှာ ၁၈၇၈ ခုနှစ် လောက်တွင် စတင်ခဲ့သည်။ ထိုစဉ်က ရန်ကုန်ရှိ အစိုးရ အထက်တန်းကျောင်းမှာ ကာလကတ္တား တက္ကသိုလ်၏ ဥပစာတန်းစာမေးပွဲ ဖြေဆိုရန် စတင် သင်ကြားပေးသည်။ ရန်ကုန်ကောလိပ် အဆောက် အဦးများကို ၁၉၀ဝ ပြည့်နှစ်တွင် စတင်ဆောက်လုပ် ပြီး ၁၉၂၀ ပြည့်တွင် ရန်ကုန်တက္ကသိုလ် ကျောင်း တိုက်ကြီး ဖြစ်လာသည်။
တချို့က ကောလိပ်ကျောင်း စတင်ဖွင့်လှစ်ရာတွင် ကရင်တိုင်းရင်းသား အများဆုံးတက်ရောက် ပညာ သင်ယူကြခြင်းကြောင့် ‘ကရင်ကောလိပ်’s ဟု လည်း ကောင်း၊ ဆရာကိုအစွဲပြု၍ ကူရှင်ကျောင်း၊ နှစ်ခြင်း ခရစ်ယာန်ကဖွင့်လှစ်၍ ဘက်ပတစ်ကျောင်းဟု လည်းကောင်း အသီးအသီး ခေါ်ဆိုကြောင်းလည်း သိရပါသည်။ ယနေ့တွေ့မြင်ရသော အစိုးရ အထက် တန်းကျောင်း(အထက)များသည် အင်္ဂလိပ်ခေတ် သာသနာပြုကျောင်းကနေ စတင်လာခဲ့သည်။ ကော လိပ်ကျောင်း၊ တက္ကသိုလ်ကျောင်းများသည်လည်း အင်္ဂလိပ်ခေတ်၌ပင် စတင်ခဲ့သည်။ ထိုပညာရေး ကျောင်းများ မပေါ်ပေါက်ခင် ရှေးခေတ်က (ပဒေ သရာဇ်ခေတ်) ပညာရေးစနစ်မှာ ဘုန်းတော်ကြီးသင် (ဘက) ကျောင်း ပညာရေးစနစ်ကို ကျင့်သုံးခဲ့ကြ သည်။ အဋ္ဌာရသပညာ ၁၈ ရပ်ကို အခြေပြု၍ ဓမ္မ နှင့် အကျင့်စာရိတ္တ မြင့်မားရန် သင်ပြပေးသည်။
ထို့ကြောင့် အင်္ဂလိပ်ခေတ်တွင် ကရင်တိုင်းရင်း သားတို့သည် ပညာရေးအပါအဝင် ခေတ်မီလျက်ရှိ သော အသိပညာဗဟုသုတများစွာ တိုးတက်မြင့်မား လာခဲ့လေသည်။ ပညာရေးနိမ့်ကျနေသော ပဒေသ ရာဇ်ခေတ်နှင့် လုံးဝကွာခြားသွားပြီ ဖြစ်သည်။
S. မင်းခိုက်သူ (P.T.N)
ကျမ်းညွှန်း-
၁။ သက်စွန့်မေတ္တာ (၁၇၅)နှစ်မြောက် ယုဘိလ အမှတ်တရ။ (ဆရာကြီးယုဒသန်၏ အတ္ထု ပ္ပတ္တိ အကျဉ်းဘာသာပြန်)
၂။ အမျိုးသားနေ့နှင့် အမျိုးသားပညာရေး လှုပ် ရှားမှုသမိုင်းအကျဉ်း။ (အမျိုးသားနေ့ရွှေရတု သဘင်အထူးထုတ်။)
၃။ ယုဒသန်ဗိမာန်တော်။ ရွှေရတုစာစောင်။ ၁၉၃၂/၁၉၈၂။ ဂျပ်ဆင်ကောလိပ်သမိုင်းမှတ် တမ်းကဏ္ဍ။ ၁၉၈၃ ခု၊ မတ်လ။