(တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO) မှ လွေးချိဆငါးနှင့် တွေ့ဆုံမေးမြန်းချက်)
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဆိုလို ပြန်လည်ဖြစ်ပွား နေသောကြောင့် ဒေသခံ လူထု ၃၀၀ ကျော်က ဘေးလွတ်ရာ နီးစပ်ရာ ကျေးရွာများသို့ စစ်ဘေးရှောင် နေကြရသည်။
ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအတွက် အနွေးထည်၊ စောင် နှင့် အစားအသောက် အကူ အညီများ အရေးပေါ် လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးသူများက ပြောသည်။
ထို့အပြင် တိုက်ပွဲ များကြောင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိနေသည့် အတွက် နေအိမ်များ ထိခိုက်ပျက်ဆီးခြင်းနှင့် ဒေသခံများပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုများရှိနေသည် ဟု ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနဲ့ စစ်ဘေးရှောင်များ၏ နောက်ဆုံး အခြေအနေများကို သတင်းနှင့် မီဒီကွန်ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးတွင် အခြေစိုက်သည့် တအာင်း အမျိုးသမီး အဖွဲ့အစည်း TWO ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးကို ဆက်သွယ်မေးမြန်းထားပါသည်။
NMG - ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲကြောင့် ဒေသခံတွေလည်း ထွက်ပြေးလာတာတွေ ရှိတယ်လို့ကြားတယ် အဲဒီအခြေအနေက ဘယ်လိုရှိပါသလဲ။
လွေးချိဆငါး - ပြောရမယ်ဆိုရင်တော့ မနေ့ရယ် ဟိုတနေ့ရယ် တိုက်ပွဲပြင်းထန်တာတစ်ကြောင်းရယ် ပြီးတော့ ဒီလက်နက်ကြီးတွေ အသုံးပြုတာတစ်ကြောင်း ရှိတဲ့အခါကျတော့ ဒီလူထုတွေက လွတ်ရာကို ပြေးတဲ့အပိုင်း တွေတော့ရှိတယ်။ ၃၀၀ ကျော်လောက်တော့ ထွက်ပြေးရတဲ့လူတွေတော့ရှိတယ်။ လက်နက်ကြီး ကျတာကတော့ ဒီ ကျောက်မဲမြို့နယ်ထဲက ခွန်ကော်၊ တော့ဖယ်၊ နားလွေး အဲဒီ အနီးအနားက ရွာတွေပေါ့ သုံးလေးငါးရွာ လောက်ရှိတယ်။ ပြေးတာကတော့ နှစ်နေရာတော့ ရှိတယ် တစ်ချို့ကျတော့ ကျောက်မဲမြို့နယ် မန်ခေါက်ရွာတွေ ပြေးလာကြတယ်။ တစ်ချို့ကျတော့ နမ့်ဆန်မြို့နယ် ပန်နင်းရွာကို သွားကြတယ်။ အဲမှာ သွားကြတယ်။
NMG - သူတို့ရဲ့ စားဝတ်နေရေး အခြေအနေ နေရေးထိုင်ရေး အခြေအနေကကော ဘယ်လိုရှိနေသလဲ။ ဘယ် သူ တွေက တာဝန်ယူထားတာလဲ။
လွေးချိဆငါး - လောလောဆယ်ကတော့ သူတို့ပြေးပြီးတော့ ခိုလှုံနေတဲ့ ရွာတွေကလည်း မြို့နဲ့ဝေး အလှမ်းဝေး တဲ့ ဒေသဖြစ် နေတဲ့ အခါကျတော့ ဒီညနေအထိဆိုရင်တော့ ဘယ်အဖွဲ့အစည်းမှ အဲဒီအထိ သွားရောက်ပြီး ကူညီနိုင်တဲ့ အဖွဲ့အစည်းတွေ မရှိဘူးပေါ့နော။ မရှိတဲ့အခါကျတော့ သူတို့က အစားအသောက် အရေးကြီး လိုအပ်နေတဲ့ အပိုင်းတွေ ရှိသလို ဆောင်းတွင်းဝင်နေပြီဆိုတော့ အနွေးထည်တို့ လိုအပ်တဲ့ဟာ တွေတော့ ရှိတယ်။ လောလောဆယ်ကျတော့ ပြေးလာတဲ့ အဲဒီရွာရဲ့ ဘေးပတ်လည်မှာ ရှိနေတဲ့ တစ်ခြားရွာ တွေ စုပေါင်းပြီးတော့မှ တတ်နိုင်ဖက်ကနေ ကူညီပြီးတော့ အဲလိုမျိုး ရန်ပုံငွေတို့ တတ်နိုင်တဲ့ စားရေးသောက် ရေးတွေ ဝိုင်းဝန်းစီစဉ်ပေးတဲ့ အနေအထားပဲရှိတယ် တစ်ခြား ပြင်ပကနေ လာကူပေးတဲ့ အဖွဲ့ကျတော့ မရှိဘူး။
NMG - ရှမ်းမြောက်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေအပေါ်မှာ ဘာများ ဖြည့်စွတ်ပြောချင်သလဲ။
လွေးချိဆငါး - ဒီအပေါ်မှာက တိုက်တယ် တိုက်ပြီဆိုကတည်းက ဖြစ်နိုင်မယ်ဆိုရင်တော့ အရပ်သား ပြည်သူ တွေ နီးနေတဲ့ နေရာတို့ အဲလိုမျိုး ဦးတည်ပြီးတော့ တိုက်ခိုက်တဲ့ ပုံစံမျိုးတော့ မဖြစ်စေချင်ဘူး။ အဲဒီမျိုးနေရာ တွေကို ရှောင် စေချင်တယ် နောက်တစ်ခုကတော့ တိုက်ပြီဆိုရင်တော့ ဘယ်ဖက်က လက်နက်ဆိုတာကိုတော့ ကျမတို့ လည်း ခွဲခြား မပြောတတ်ဘူး ဒါပေမယ့် လက်နက်ကြီး အသုံးပြုတာက ဆိုးရွားတဲ့ အရာတစ်ခုဖြစ်သလို နောက်တစ် ခုက တပ်မတော်ဖက်က ရဟတ်ယာဉ်တွေ အသုံးပြုတဲ့ အခါကျတော့ လူထုတွေ ရှိတဲ့နေရာလား မရှိတဲ့နေ ရာလား ဆိုတာ မသဲကွဲနိုင်တဲ့ အနေအထားတွေ အဲလိုမျိုး အသုံးပြုမှုတွေက ကျမတို့ အနေနဲ့က ကန့် ကွက် တယ် ရှုတ်ချတာပေါ့နော မဖြစ်စေချင်ဘူး။ နောက်တစ်ခုက အဲလိုမျိုးဖြစ်သွားတဲ့ အနေအထားပေါ်မှာ ခုန ပြောသလိုမျိုး တိုက်လိုက်တိုင်း ထိခိုက်နစ်နာတာကတော့ ကြားခံက ပြည်သူပဲ ဖြစ်နေတဲ့ အခါကျတော့ ဒီအ ပေါ်မှာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ နှစ်ဖက်စလုံးက ဒီလူထုတွေကို အတတ်နိုင်ဆုံး ထိခိုက်တဲ့ လူတွေအ တွက်လည်း ပြန်လည်ပြီးတော့ ကုစားမှုလို့ ပြောလို့ရသလို ပြန်လည်ပြီးတော့ တစ်ခုခု တုန့်ပြန်စေ ချင်တဲ့ အနေ နဲ့ ပြုလုပ်စေချင်သလို နောက်တစ်ခုက တိုက်ပွဲဖြစ်နေတဲ့ ဧရိယာလည်း အတတ်နိုင်ဆုံး လူထုတွေ နီးတဲ့ နေရာ တွေကို ရှောင်စေချင်တယ်။