“နိုုင်ငံရေးအရ တွေ့ဆုံုဆွေးနွေးအဖြေရှာရေး မြောက်ပိုုင်း မဟာမိတ်တပ်ဖွဲ့များ၏ ဘုံုရပ်တည်ချက်ဟုုဆိုု”

“နိုုင်ငံရေးအရ တွေ့ဆုံုဆွေးနွေးအဖြေရှာရေး မြောက်ပိုုင်း မဟာမိတ်တပ်ဖွဲ့များ၏ ဘုံုရပ်တည်ချက်ဟုုဆိုု”
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံဆွေးနွေးမည့် အခြေအနေနဲ့ ပတ်သက်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ကိုယ်စား ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ရက္ခိုင့်တပ်မတော် (ULA/AA) အဖွဲ့၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်ကို သတင်းနှင့်မီဒီယာ ကွန်ရက်က ဆက်သွယ် မေးမြန်းထားပါ တယ်။

မေး - မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံနိုင်မယ့် အလားအလာကော ဘယ်လိုရှိလဲ ခင်ဗျား။ ဘယ်တော့လောက် တွေ့ဆုံဆွေးနွေး ဖြစ်မလဲ။

ဒေါက်တာညိုထွန်းအောင် - အခုလက်ရှိအနေအထားအရတော့ ကျနော်တို့က ဒီ တွေ့ဆုံမယ့်ကိစ္စကိုတော့ ဒီ ခရစ္စမတ် ကာလပြီးတဲ့အချိန်မှပဲ ဘယ်နေ့လောက်ဖြစ်နိုင်မယ်ဆိုတဲ့ဟာမျိုးကို ပြန်ပြောဖို့ ကျနော်တို့ဖက်က စဉ်းစားထားတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေထဲမှာ ပထမအနေနဲ့က ကျနော်တို့ ၁၉ ရက်လောက်မှာ ကျနော်တို့ ၄ ဖွဲ့ နဲ့ တွေ့ရအောင်ဆိုတဲ့ ပုံစံမျိုးမှာ ကျနော်တို့ဖက်တောင်းဆိုတာကတော့ ဒီ ၄ ဖွဲ့ရဲ့  KIA အပြင် ဒီ “၀”  UWSP ကိုလည်း ကျနော်တို့က ပါ၀င်ဖို့အတွက်ပေါ့နော် အသိသက်သေ အနေနဲ့ရော ပြီးရင် UWSA ရဲ့ ပါ၀င်မှုကို လိုလား တယ်ဆိုပြီး ပြောတော့ သူတို့ဖက်က UWSA မပါပဲနဲ့ မရဘူးလား ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ရဲ့ နောက်ဆုံး အချိန်က အဲဒီအချိန် ခနလေး ရပ်နားထားခဲ့တယ်။ ပြီးတော့ နောက်ပိုင်းမှာက ကျနော်တို့ ဒီ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တရုတ်နိုင်ငံမှာ သွားရောက်တွေ့ဆုံခဲ့တယ်။ တွေ့ဆုံပြီး ပြန်လာတဲ့အချိန်မှာလည်း ကျနော်တို့ရဲ့  Statement ထုတ်ပြန် ထားတာပေါ့နော် ၂ ခုထုတ် တယ်ဆိုတော့ ဒီအထဲမှာလည်း တစ်ချို့ ဟာတွေ သဘောတရားတွေပါပါတယ်။ ဆိုတော့ လောလောဆယ်က ခရစ္စမတ်ကာလ ပြီးတဲ့အချိန်မှပဲ ဘယ်နေ့လောက်တွေ့နိုင်မယ်ပေါ့နော သူတို့ဖက်က စတွေ့ဖို့ အခွင့်သာ တယ်ဆိုသလို အပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ပထမ တစ်ခေါက်မှာဆိုလို့ရှိရင် ကျနော်တို့က ၁၉ ရက်နေ့လောက်မှာ အဆင်ပြေ နိုင်မယ်ဆိုပေမဲ့ အဲဒီ ငြိမ်းချမ်းရေး ကော်မရှင်ဖက် တွေ့မယ့်လူတွေက ၂၃ ရက်နေ့ နောက်ပိုင်းလောက်မှ ပြန်တွေ့ရအောင်ပြောတော့ ကျနော်တို့က ဒီကြားထဲမှာ ၂၃ ရက်နောက်ပိုင်းဆိုတော့ ခရစ္စမတ် ကာလဖြစ်တယ် ကျနော်တို့အတွက်ကျတော့ ဆိုတော့ ဒီ ခရစ္စမတ်ကာလ နောက်ပိုင်းမှာပဲ ပြန်တွေ့ရအောင် ဆိုတဲ့ပုံစံ မျိုးတော့ ကျနော်တို့ သဘောထားရှိတယ်။ သူတို့ဖက် အဲဒီအချိန်မှာ ဘယ်အချိန်လောက်မှာ အားမယ်ဆိုတဲ့ အပေါ်မှာ လည်း အများကြီးမူတည်ပါတယ်။

မေး - ဟုတ်ကဲ့ ရက်အတိအကျကတော့ မသတ်မှတ်ရသေးဘူး အဲလိုပြောလို့ရလားခင်ဗျား။

ဒေါက်တာညိုထွန်းအောင် - ရတယ်ခင်ဗျ။ ရက်အတိအကျ မသတ်မှတ်ရသေးဘူး။ တကယ်လို့ သူတို့ဖက်က တွေ့ဖို့ အဆင်သင့် ဖြစ်ပြီဆိုရင်တော့ ကျနော်တို့ဖက်ကလည်း တွေ့နိုင်မယ့် အခြေအနေ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒီ ခရစ္စမတ် အလွန်ပေါ့နော ဒီထက်နည်းနည်း ကျော်သွားရင်တော့ New Year ပေါ့ဗျား။ အဲဒီအချိန်လောက် ဖြစ်နိုင် ပါတယ်။

မေး - ဒီဇင်ဘာ ၁ ရက်နေ့ကဆိုရင် ကူမင်းမှာ အလွတ်သဘောအနေနဲ့တွေ့တော့ TNLA၊ AA၊ MNDAA သုံးဖွဲ့နဲ့ပဲ တွေ့မယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်ဖက်ကပြောတယ်ပေါ့နော်။ ကေအိုင်အေ ပါမယ်ဆိုတော့ မတွေ့ဖြစ်ဘူးပေါ့နော။ အခုက ၄ ဖွဲ့စ လုံးပါဖို့ ညှိနှိုင်းလို့ရပြီလား။ အဆင်ပြေပြီလား။ ဘယ်လိုအနေအထား ရှိပြီလဲ။

ဒေါက်တာညိုထွန်းအောင် - အခုအနေအထားမှာတော့ ကျနော်တို့ ဒီ ၄ ဖွဲ့ပေါ့နော်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဆို တာက စပြီးတော့  ကျနော်တို့ ဒီ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲတဲ့အချိန်မှာ ၄ ဖွဲ့ဆိုတော့ ကျနော်တို့က ဒီကိစ္စက ၄ ဖွဲ့နဲ့ သက်ဆိုင် တယ်ဆိုတော့ ၄ ဖွဲ့ အနေနဲ့ ပါ၀င်ဖို့အတွက် ကျနော်တို့ တစ်စိုက်မတ်မတ် တောင်းဆိုတယ်။ ဆိုတော့ အခုကတော့ ၄ ဖွဲ့ အနေနဲ့ကတော့ အဆင်ပြေလောက်တယ်။ ဆိုတော့ ဒီ ၄ ဖွဲ့ အနေနဲ့ တောင်းဆိုတဲ့အပြင် ကျနော်တို့ရဲ့ ရပ်တည်ချက်က တရုတ်နိုင်ငံကို အသိသက်သေအနေနဲ့ရော ပါ၀င်ပြီးတော့ UWSP ရဲ့ ပါ၀င်မှုနဲ့ တွေ့ဆုံသွားမယ်ဆိုတဲ့ဟာမျိုးကို ကျနော် တို့ဖက်က လိုလားတာရှိတယ်။ အဲဒီအနေအထားပေါ် ဒီတိုင်းပဲ ရပ်တည်တယ် ကျနော်တို့က။

မေး - ငြိမ်းချမ်းရေးကော်မရှင်ဖက်ကလည်း တွွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားတာရှိသလို မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့ကလည်း တွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံး စတင်ဖို့ သဘောထားရှိတယ်လို့သိရတယ်။ ဒါပေမဲ့ ဒီကနေ့အချိန်ထိ တွေ့ဆုံဆွေးနွေးမှုက ဖြစ်မလာသေးဘူး။ မတွေ့ဆုံ နိုင်ရတဲ့ အဓိက အကြောင်းအရင်းက ဘာကြောင့်လို့ ပြောလို့ရနိုင် သလဲ ခင်ဗျား။

ဒေါက်တာညိုထွန်းအောင် - လောလောဆယ် ပြောလို့ရတဲ့အချက်ကတော့ တွေ့ဆုံခြင်း မဖြစ်တာကတော့ ပထမတော့ ဒီ တွေ့ဆုံတဲ့အချိန်မှာ ဘယ်အဖွဲ့တွေ ပါမယ်ဆိုတဲ့ဟာမျိုး ပထမ ညှိနှိုင်းနေတယ်ဆိုတော့ ဒီဟာကနည်းနည်းလေး အတိုင်း အတာတစ်ခုထိ အဆင်ပြေလောက်တယ်လို့တော့ ပြောလို့ရတယ် ဆိုတော့ နောက်တစ်ချက်တော့ အချိန် ပေါ့နော အချိန် ကာလကတော့ ပထမ သူတို့နဲ့ ကျနော်တို့ တွေ့မယ့် အချိန်ကာလကို သူတို့ပြောလာတဲ့အချိန်မှာ ကျနော်တို့ အဖွဲ့က အဆင်သင့်ရှိခဲ့တယ်။ ဆိုတော့ အခုအနေအထားမှာကျတော့ တကယ်လို့ ဒီ ၂၃ ရက်နောက် လောက်မှကျတော့ အခုအချိန်ထိတော့ မပြောလာသေးဘူး ဆိုတော့ ခရစ္စမတ်အလွန်မှာ အချိန်ကာလ တစ်ခုကို ညှိနှိုင်းနေစဲပေါ့။ အဲဒါ လည်း အဆင်ပြေပြီးသွားပြီဆိုရင်တော့ တကယ်လို့ သူတို့ဖက်က လိုလိုလားလားနဲ့ အခုလို ပေါ့နော အရင် လွန်ခဲ့တဲ့ ရက်သတ္တပတ်လို ပုံစံမျိုးပဲ တွေ့ဆုံချင်တယ် ဆန္ဒရှိတယ်ဆိုရင်တော့ တွေ့ဖြစ်မှာပါ။ ကျနော်တို့ ဖက်ကတော့့ ညှိနှိုင်း တွေ့ဆုံဆွေးနွေး အဖြေရှာမှ ဖြေမယ်ဆိုတဲ့ဟာမျိုးကတော့ ကျနော်တို့ တစ်စိုက်မတ်မတ် ဒီအတိုင်းပဲ ရပ်တည်ခဲ့တယ်။ ကျနော်တို့ဖက်တော့ တွေ့မယ်လို့ဆိုရင်တော့ တွေ့ဖို့ကတော့ အချိန်တစ်ခုနဲ့ နေရာတစ်ခု ညှိနှိုင်းလို့ အဆင်ပြေရင်တော့ ကျနော်တို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့ကတော့ အဆင်ပြေပါတယ်။

မေး - မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံဖြစ်လို့ရှိရင် ဘယ်လို အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးမှာလဲခင်ဗျား။

ဒေါက်တာညိုထွန်းအောင် - ဒီဟာကျတော့ အသေးစိတ်တော့ ပြောလို့မရပေမယ့် ကျနော်တို့ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှာကတော့ တစ်ဖွဲ့ချင်းဆိုပေမယ့် ဒီနောက်ပိုင်းမှာတော့ ဘုံသဘောရပ်တည်ချက် ဆိုတာလည်းရှိတယ်ပေါ့နော။ အဓိ ကကတော့ အဲဒီ ဘုံရပ်တည်ချက် သဘောထားရယ် ပြီးရင် နိုင်ငံရေးအရ ဖြစ်ပေါ်လာတဲ့ ပြသာနာ အပေါ်မှာ အခြေခံပြီး တော့ တွေ့ဆုံဆွေးနွေးကြမယ်လို့တော့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။

မေး - မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ ဘုံသဘောရပ်တည်ချက်တွေက ဘာတွေလို့ ပြောလို့ရနိုင်သလဲခင်ဗျား။

ဒေါက်တာညိုထွန်းအောင် - ကျနော်တို့ အနေနဲ့ကတော့ ဘုံသဘောရပ်တည်ချက်ကတော့ ဒီလက်ရှိ နိုင်ငံရေး စစ်ရေးပြဿနာတွေကတော့ အဓိကက ဒီနိုင်ငံရေးအရ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေ ရှာမှ ရမယ်ဆိုတဲ့အချက်က ဒါက မြောက်ပိုင်း မဟာမိတ်အဖွဲ့အတွက်လည်း မဟုတ်ပါဘူး။ တစ်ခြား တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း ဒီသဘောထားရှိတယ်။ ဆိုတော့ ဘုံသဘောရပ်တည်ချက် ကတော့ ကျနော်တို့ အကြမ်းအားဖြင့်တော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်တဲ့ အပစ်အခတ်ရပ်စဲ ရေးကို အစိုးရ ဖက်က ပြုလုပ်ပေးမယ်ဆိုတဲ့ဟာရယ်၊ ပြီးရယ် မြန်မာနိုင်ငံရဲ့ ဒီတိုင်းရင်းသားဒေသ အသီးသီးမှာ အစိုးရစစ်တပ်ဖက်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ဟာတွေကို ဆုတ်ခွာသွားမယ်ဆိုတဲ့ဟာရယ်၊ နောက်တစ်ခုက လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့အတွက်ပေါ့နော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းကို အမြန်ဆုံးစတင်ဖို့ရယ်၊ နောက်တစ်ခုက အခု ဒီမြောက်ပိုင်းမှာကျတော့ အဓိကက ဒီတရုတ်နယ်စပ်မှာ ဖြစ်နေ တယ်ဆိုတော့ တိုက်ပွဲအများစုက တရုတ်ဒေသမှာ ဖြစ်ပြီးတော့ အဲဒီဒေသရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက် ပြီးတော့ နယ်စပ်နဲ့ ကပ်နေတဲ့ တရုတ် နိုင်ငံ အနေနဲ့ ကြားဝင် စေ့စပ်ပေးဖို့ ဆိုတဲ့ဟာမျိုးရယ်၊ ပြီးရင် စစ်မှန်တဲ့ မျှတတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ တစ်ခု ပေါ်ပေါက် လာဖို့အတွက် တကယ်လို့ အဲလိုမျိုးပေါ်ပေါက်လာဖို့အတွက် အစိုးရဖက် ကရော၊ စစ်တပ်ဖက်ကရော၊ ကျနော်တို့ ဒီတိုင်း ရင်းသား လက်နက်ကိုင်တွေဖက်ကတော့ အဆင်သင့်ရှိပြီး အနေ အထားမှာဆိုရင် ကျနော်တို့ မြောက်ပိုင်း မဟာမိတ်တွေ ကလည်း အဲဒီ တိုက်ပွဲတွေနဲ့ စစ်ပွဲတွေကို ရပ်စဲဖို့ အဆင်သင့် ရှိတယ်ဆိုတဲ့ သဘောထားတွေ ရှိတယ်။ ဒီသဘောထား အချက် ၅ ချက်ကလည်း ကျနော်တို့ ဒီဇင်ဘာလ ၄ ရက်နေ့ မှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့က ထုတ်ခဲ့တဲ့့ အချက်အလက် တွေပဲ ဖြစ်တယ် ခုနဟာတွေက အများအားဖြင့်တော့ ဆိုတော့ ကျန်တဲ့ဟာတွေကျတော့ ဒီတွေ့ဆုံဆွေးနွေးတဲ့ အချိန်မှာ တော့ ဒီငြိမ်းချမ်းရေး ကော်မရှင်ဖက်ကပဲဖြစ်ဖြစ် အစိုးရဖက်ကလူတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ သူတို့ဖက်က ဘယ်လို ပြောလာမလဲဆိုတဲ့ အချက်အလက်အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။

မေး - မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံမယ်ဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုလည်း အသိသက်သေအနေနဲ့ တောင်းဆိုထားတာရှိသလို “၀“ ပြည်သွေးစည်းညီညွှတ်ရေးပါတီကိုလည်း ပါ၀င်စေချင်တယ်ပေါ့ နော။ ဘာကြောင့် “၀” ပြည်သွေးစည်းညွှတ်ရေးပါတီကို ဒီတွေ့ဆုံ ဆွေးနွေးပွဲမှာ အသိသက်သေအနေနဲ့ ပါ၀င်စေချင်တာ လဲခင်ဗျား။

ဒေါကတာညိုထွန်းအောင် - ဒီဟာကတော့ ကျနော်တို့ မြောက်ပိုင်း မဟာမိတ်ရဲ့ တိုက်ပွဲစတဲ့ဟာပေါ့နော နိုဝင်ဘာလ ၂၀ မှာတော့ ကျနော်တို့က တိုက်ပွဲစတယ်လို့ ပြောလို့ရတယ်။ အဲဒီ နိုဝင်ဘာ တိုက်ပွဲစပြီးတော့ ၈ ရက်လောက် အကြာမှာပဲ UWSP ဖက် ထုတ်ပြန် ကြေငြာချက် တစ်ခုထွက်တယ်။ အဲဒီမှာတော့ ဒီ နှစ်ဖက်ပေါ့နော ကျနော်တို့ မြောက်ပိုင်း မဟာ မိတ်အဖွဲ့ရယ်၊ အစိုးရစစ်တပ်နဲ့ အဖွဲ့တွေရဲ့  ပြန်လည်သင့်မြတ်ဖို့ ကိစ္စကို သူတို့အနေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့အတွက် လိုအပ် တဲ့အကူအညီကို ဆောင်ရွက်ပေးဖို့ ဒီ UWSA အဖွဲ့အနေနဲ့ အမြဲတမ်း အချိန်ပြည့် အဆင် သင့် ရှိတယ်ဆိုပြီးတော့ သူတို့ က ထုတ်ပြန်ကြေငြာတယ်။ ဆိုတော့ ဒီ အပေါ်မှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ အစိုးရ ကြားထဲမှာ ပြဿနာကို ဖြေရှင်းဖို့ အတွက် သူတို့မှာ ဆန္ဒရှိတယ်ဆိုတဲ့ဟာကို ထုတ်ပြန်ထားတယ်။ ဆိုတော့ ကျနော် တို့က အဲဒီအတွက်လည်း UWSP အဖွဲ့ကို အသိသက်သေအနေနဲ့ သူတို့ကြားဝင် စေ့စပ်ပေးဖို့ကို လိုလားတယ်ဆိုတဲ့ ပုံစံမျိုးကြောင့် တကယ်လို့ ဒီ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်လာပြီဆိုရင် “၀” အဖွဲ့အစည်းကိုလည်း ပါ၀င်ဖို့အတွက် တောင်းဆို တာဖြစ်တယ်။ ပြီးတော့ နောက်ထပ် လည်း ဒီကြားထဲမှာပေါ့နော လက်ရှိအဖွဲ့နဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာလည်း ဥပမာ ကျနော်တို့ မြောက်ပိုင်းအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ သတ်မှတ်တာနဲ့ ပတ်သက်ပြီးတော့ သူတို့ အပြင်း အထန် ကန့်ကွက်ရှုတ်ချထားတဲ့ ထုတ်ပြန် ကြေငြာချက်ရှိတယ်ဆိုတော့ “၀” အဖွဲ့အစည်းအနေနဲ့ ကျနော်တို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့အတူ တစ်သားတည်း ရပ်တည်တယ်။ ကျနော်တို့ ပေါ်မှာ စာနာ နားလည်ပေးတယ်ဆိုတဲ့ အပေါ်မှာ အခြေခံပြီးတော့ ပြီးရင် သူတို့ကိုယ်တိုင် လည်း လိုလိုလားလား အမြဲတမ်း အဆင်သင့်ရှိတယ် ကြားဝင်စေ့စပ် ပေးဖို့အတွက်လည်း လိုအပ်ရင် သူတို့ကို အမြဲတမ်း ဖိတ်ခေါ်ပါဆိုတဲ့ ပါ၀င်လို့ရတယ်လို့ ထုတ်ပြန်ကြေငြာထားတဲ့ အတွက်ကြောင့် ကျနော်တို့က “၀” ကို ဒီအစိုးရနဲ့ ကျနော် တို့ တွေ့တဲ့အချိန်မှာ ပါ၀င်ဖို့အတွက် ဖိတ်ခေါ်ရခြင်းဖြစ် တယ်။

မေး - မြောက်ပိုင်း မဟာမိတ်အဖွဲ့က ဒီ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံဖြစ်မယ်ဆိုရင် ဘယ်သူကဦးဆောင်ပြီး ဆွေးနွေးမှာလဲ။ အဲဒီအဖွဲ့မှာ ဘယ်သူတွေပါ၀င်ဖို့ ရှိသလဲခင်ဗျား။

ဒေါက်တာညိုထွန်းအောင် - ကျနော်တို့ မြောက်ပိုင်း မဟာမိတ်ရဲ့ စုဖွဲ့မှုမှာတော့ ဒီခေါင်းဆောင်ဆိုတဲ့ ဟာမျိုး လည်းပေါ့နော၊ ဥပမာ တစ်ဖွဲ့ချင်းအနေနဲ့ တစ်ကယ့်ကို ဆွေးနွေးလို့ရတဲ့ ခေါင်းဆောင်တွေ တက်ဖို့ အစီအစဉ် ရှိပါတယ်။ လောလောဆယ်တော့ ဘယ်သူက ဆွေးနွေးပြီးတော့ ဘယ်သူက လုပ်မယ်ဆိုတဲ့ဟာမျိုးတော့ သတ်သတ်မှတ်မှတ်တော့ မရှိဘူး။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ကတော့ စုစည်းညီမျှစွာနဲ့ပဲ ဘုံရပ်တည်ချက် သဘောထားက သိပြီးသားဆိုတော့ ဒီဟာက ဘယ်သူပဲဆွေးနွေးဆွေးနွေး ဘယ်သူပဲ သွားသွားပေါ့နော ဘုံရပ်တည်ချက် ရှိပြီဆိုရင်တော့ အဆင်ပြေပါတယ်။ ဆွေးနွေးတာကတော့။

မေး - မြောက်ပိုင်း မဟာမိတ်အဖွဲ့က ဒီ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံဖြစ်မယ်ဆိုရင် ဘယ်နှစ်ယောက် လောက်ပါ၀င်ဖို့ ရှိသလဲခင်ဗျား။

ဒေါက်တာညိုထွန်းအောင် - ဒီဟာကတော့ အများအားဖြင့် ကျနော်တို့ ဒီတလောမှာ သိရတာကတော့ တစ်ဖွဲ့ဆိုရင်တော့ အနည်းဆုံး ၂ ယောက် ပြီးတော့ plus ပေါ့နော အဲဒီ ပုံစံမျိုး ရှိတယ်ဆိုတော့ အဲဒီ ထိပ် ပိုင်းခေါင်းဆောင်တွေ ပါ၀င်မှာပါ။ ခေါင်းဆောင်တွေအနေနဲ့ကတော့ ဥပမာ အဖွဲ့အစည်း မြောက်ပိုင်း မဟာ မိတ်ထဲမှာ ပါ၀င်တဲ့အဖွဲ့တွေရဲ့ အဲဒီ ခေါင်းဆောင်ပိုင်းတွေက ဘယ်သူက အဲဒီအချိန်မှာ သင့်တော်မလဲဆိုတဲ့ ဟာမျိုးပေါ့နော။ အဲဒါလည်း မူတည်တယ်။ ပြီးတော့ ဒီငြိမ်းချမ်းရေးကော်မရှင်ဖက်က သူတို့အနေနဲ့ ဘယ်သူ တွေ ပါလာမယ်ဆိုတဲ့ အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။

မေး - အတိအကျပြောလို့ရလားခင်ဗျား။ ဘယ်သူတွေပါမယ် ဘယ်သူတွေ တက်ရောက်မယ်ဆိုတာကို မြောက် ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့က။

ဖြေ - လောလောဆယ်က ပြောလို့မရသေးဘူး ခင်ဗျား။ ဒါပေမဲ့ ကျနော်တို့ ရက္ခိုင့်တပ်မတော် အနေနဲ့ကတော့ ကျနော်ပါလောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ဒီ မြောက်ပိုင်း မဟာမိတ်တပ်မှာ ရက္ခိုင့်တပ်မ တော်က ကိုယ်စားလှယ် အနေနဲ့ရော ကျနော်တို့ ပါ၀င်ပြီးတော့ အလုပ်လုပ်နေဆိုတော့ ကျနော်တော့ ပါလောက်ပါတယ်။

မေး - ဟုတ်ကဲ့ ငြိမ်းချမ်းရေး ကော်မရှင်ဖက်က ဘယ်သူက ဦးဆောင်ပြီးတော့ ဘယ်သူတွေပါ၀င်လာ မယ်လို့ သိထား သလဲခင်ဗျား။

ဒေါက်တာညိုထွန်းအောင် - သူတို့ကတော့ လက်ရှိဖြစ်စဉ်မှာတော့ ကျနော်တို့ဖက်ကို ကမ်းလှမ်းတာကတော့ ငြိမ်းချမ်း ရေး ကော်မရှင်ရဲ့ ကိုယ်စားလှယ် ဦးလှမောင်ရွှေရယ် ဒေါက်တာ မင်းဇော်ဦးရယ်ပေါ့နော။ သူတို့ပါလောက်တယ်။ ဒီထက်နည်း နည်း ပိုပြီး အဆင့်မြင့်ဆိုတော့ ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်ရဲ့ သူတို့အဖွဲ့ ခေါင်းဆောင် ဒေါက်တာ တင်မျိုးဝင်းတို့ ပါလာနို်င်တယ်။ ကျနော်တို့ အနေနဲ့လည်း ကျနော်တို့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနဲ့ တွေ့တဲ့အချိန်မှာ လည်း ဒေါက်တာ တင်မျိုးဝင်းတို့ လိုမျိုးပေါ့နော ပါလာနိုင်ရင်တော့ တွေ့ဆုံဆွေးနွေးပွဲဟာ ပိုပြီးတော့ ပိုလို့ကောင်းလာနိုင် တယ်ဆိုတဲ့ ပုံစံမျိုး ကိုတော့ တင်ပြဆွေးနွေးခဲ့တာ ရှိတယ်။

မေး - တစ်ဖက်ကလည်း တွေ့ဆုံနွေးဆွေးဖို့ အနေအထားရှိတယ်ပေါ့နော။ နောက်တစ်ဖက်ကလည်း တိုက်ပွဲတွေ ဖော်ဆောင်နေတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်လို့ရနို်သလဲ။

ဒေါက်တာညိုထွန်းအောင် - ဒီဟာနဲ့ ပတ်သက်ပြီးတော့ ခုနတုန်းက ဘုံသဘောရပ်တည်ချက်ထဲမှာလည်း ပါတယ်။ ကျနော်တို့အဖွဲ့တွေနဲ့ အမြဲတမ်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေတဲ့ အချက်ထဲမှာပေါ့နော တစ်နိုင်ငံ လုံး အတိုင်းအတာအားဖြင့် မြန်မာအစိုးရ စစ်တပ်ရဲ့ လက်ရှိ ထိုးစစ်ဆင်နေတဲ့ ဒေသတွေထဲမှာ အစိုးရရဲ့ စစ်တပ်တွေကို သူတို့ရဲ့နေရပ်ကို ပြန်ပြီးတော့ တပ်ဆုတ်သွားမယ် ဆိုလို့ရှိရင် တိုက်ပွဲအရှိန်ရော လက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တွေကတော့ လျှော့သွားနိုင်ဖွယ်ရှိတယ်။ အခု မြန်မာနိုင်ငံရဲ့ တိုက်ပွဲ တိုင်းရင်းသားတွေရဲ့ တိုက်ပွဲကို ကြည့်လိုက်မယ် ဆိုရင် တိုက်ပွဲအများစုက ကျနော်တို့ တိုင်းရင်းသားဒေသတွေထဲမှာ ဖြစ်တယ်။ ဖြစ်တယ်ဆိုရင်လည်း ဘယ်အချိန်မှာ ဖြစ်ဆိုရင် အဲဒီ အစိုးရစစ်တပ်ဖက်က တအားကြီး အဲလိုမျိုး အင်အား အလုံးအရင်းတို့ လက်နက်ကြီး တွေနဲ့ ပစ်ခတ်ပြီး တော့ ထိုးစစ်ဆင် တိုက်ခိုက်တဲ့အချိန်မှာပဲ ဖြစ်တယ်။ ကျန်တဲ့အချိန်မှာတော့ မဖြစ်ဘူး။ ဆိုတော့ ဒီအပေါ်မှာ သူတို့ ဒီ ဖက်နှစ်ဖက်ရှိတယ် ဆိုပေမယ့် အစိုးရဖက်က သူတို့အများကြီး သူတို့ရဲ့  အပြုအမှု သူတို့ရဲ့ ထိုးစစ်ဆင်မှု အချိန်ကနေ ပြီးတော့ ဘယ်လောက်ထိ အတိုင်းအတာအထိ လုပ်နေတဲ့အပေါ်မှာ အများကြီးမူတည်ပြီး တော့ တိုက်ပွဲတွေရဲ့ အချိန် ငြိမ်းချမ်းရေးနဲ့ပြောပြောပေါ့နော အမျိုးသားရင်ကြားစေ့ရေးနဲ့ ပတ်သက်လို့ကတော့ အဲဒီ အစိုးရစစ်တပ်ရဲ့ လုပ်ဆောင်မှု အပေါ်မှာ အများကြီး မူတည်ပါတယ်

မေး - မြန်မာ့တပ်မတော်အနေနဲ့က ဒီမြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့ကို အကြမ်းဖက် သောင်းကျန်းသူအနေနဲ့ သုံးနှုန်းလာတယ်ပေါ့နော။ အဲဒီအပေါ်မှာ ဘယ်လိုပြောချင်ပါသလဲခင်ဗျား။

ဒေါက်တာညိုထွန်းအောင် - ဒီကိစ္စကတော့ သူတို့အနေနဲ့ကတော့ လိုတစ်မျိုးမလိုတစ်မျိုးပေါ့နော။ ဒီအကြမ်းဖက် သောင်းကျန်းသူဆိုတဲ့ဟာက အခုမှပဲပေါ်လာတာ မဟုတ်ပါဘူး။ သူတို့နဲ့ အဆင်မပြေ အခန့်မသင့်တဲ့အခါမှာ ဆိုလို့ရှိ ရင် ဒီ အသုံးအနှုန်းက ပုတ်သင်ညို အရောင်ပြောင်းသလိုပဲပေါ့နော။ Colour တွေက အများကြီး Change တယ်။ သတင်းစာ ထဲမှာကြည့်ရင် ပိုသိသာနိုင်တယ်။ အဆင်ပြေတဲ့ အချိန်ဆိုရင် အသုံးအနှုန်းတစ်မျိုး အဆင်မပြေ တဲ့အချိန် အသုံးအနှုန်း တစ်မျိုး နောက်တစ်ခုက ဒီလိုမျိုး သောင်းကျန်းသူအနေနဲ့ သတ်မှတ်တာက သူတို့အနေနဲ့က စစ်ပွဲကိုပေါ့ နော။ ပိုပြီးတော့ သက်ဆိုးပိုရှည်အောင်အတွက် ပြုလုပ်သလား ဆိုတဲ့ပုံစံမျိုးကိုလည်း ကျနော်တို့ သုံးသပ်မိတယ်။ ပြီးရင် နောက်တစ်ခုက ဒီလိုမျိုး သတ်မှတ်လိုက်ခြင်းအားဖြင့်လည်း ပြသာနာတစ်ခုကို ဖြေရှင်းရာ မရောက်ပဲနဲ့ ပိုမို ရှုတ်ထွေးသွားအောင် ပြီးရင် ဒီကြားထဲမှာ ပိုလို့ပေါ့နော။ ဒီထက်ဒီထက် ပိုလို့ဆိုးတဲ့ပုံစံမျိုး ဖြစ်ပေါ်လာအောင်အတွက် လုပ်တယ်ဆိုတဲ့ပုံစံမျိုးလည်း ကျနော်တို့ ပြောလို့ရပါတယ်။

မေး - နောက်ဆုံးအနေနဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တစ်ခြားဘာများပြောစရာ ရှိသေးသလဲခင်ဗျား။

ဒေါက်တာညိုထွန်းအောင် - တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးကတော့ ဒီနိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး အဖြေရှာမယ့် နည်းလမ်းကို တစ်စိုက်မတ်မတ် စွဲကိုင်ထားတယ်။ ဒီပြသာနာတွေကလည်း တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှပဲ အဖြေ ရှင်းနိုင်မယ့် ပုံစံမျိုးကို ကျနော်တို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ အနေနဲ့ကတော့ အဲလိုမျိုး ဘုံရပ်တည်ချက်နဲ့ နားလည်တယ်ဆိုတော့ ဒီတွေ့ဆုံဆွေးနွေးပွဲကို ဘာပဲဖြစ်ဖြစ် အကောင်းဖက်ကတော့ မျှော်လင့်တယ်။ အခြားတစ်ဖက် မှာလည်း ဒီလိုတွေ့ဆုံ ဆွေးနွေးပွဲပြောရင်းနဲ့ပဲ ထိုးစစ်တွေက တောက်ရှောက်ပေါ့နော ကျနော်တို့ အခုဆို ကချင်ဒေသ မှာ ဆိုလို့ရှိရင် ထိုးစစ်ဆင်တယ်။ နေ့တိုင်း လေယာဉ်နဲ့ပဲ စစ်ဖြစ်နေတယ်။ အရင်တုန်းကဆို လေယာဉ် နှစ်စင်း သုံးစင်း ပဲသုံးတယ်။ အချို့ဆိုရင် တစ်ချို့ရက်တွေမှာဆိုရင် ခြောက်စီး ရှစ်စီး အစရှိသဖြင့် တစ်ပြိုင်နက်တည်း ထိုးတယ်ဆိုတော့ ဒါကလည်း ထိုးစစ်အရှိန်ကလည်း ပိုပြီး မြင့်မားနေတဲ့ အနေအထားရှိတယ်။ ဒါပေမယ့် ဘယ်လိုပဲ ပုံစံမျိုးအနေနဲ့ပဲ ထိုးစစ်ရှိနေပေမယ့် ကျနော်တို့ တစ်ဖက်မှာကတော့ ဒါက ဒီပြဿနာတွေကတော့ ဒီတိုင်း ဖြေရှင်းလို့မရဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ တွေ့ဆုံဆွေးနွေး အဖြေရှာမှပဲ ရမယ်ဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ နားလည် တယ်။ အစိုးရဖက် ကလည်း ဒီသဘောရှိပါတယ်။ သူတို့လည်း ကျနော်တို့နဲ့ စကားပြောဖြစ်တဲ့အချိန်မှာ မတွေ့ဖြစ်ရင် အလုပ်မဖြစ်ဘူး။  တွေ့မှပဲ ပြဿနာတစ်ခုကို ဖြေရှင်းလို့ရနိုင်မယ်ဆိုတဲ့ သဘောထားမျိုးကို သူတို့ဖက်မှာလည်း ရှိတယ် ဆိုတော့ ဒီတွေ့ဆုံ ဆွေးနွေးပြီးမှ အဖြေရှာမယ့် အဖြေရှာမှပဲ ဒီပြဿနာတွေ ပြေလည်မယ်ဆိုတဲ့ဟာမျိုးက နှစ်ဖက် စလုံးမှာ ရှိပါတယ်။

မေး - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျား။

ဒေါက်တာညိုထွန်းအောင် - ဟုတ်ကဲ့ပါ။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...